on July 9, 2012
ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်(အငြိမ်းစား) ဒုတိယ
ဗိုလ်ချူပ်မှူးကြီးဟောင်း မောင်အေးသည် ယနေ့(July 9) စင်္ကာပူနိုင်ငံသို့ သွားရောက်၍
ဆေးကုသမည်ဖြစ်ကြောင်း သတင်းရသည်။ ၎င်းသည် ဇူလိုင် ၈ ရက်နေ့ ညနေပိုင်းက
ရုတ်တရက် နာမကျန်းဖြစ်ပြီး တပ်မတော် စစ်ဆေးရုံတွင် အရေးပေါ်လူနာအဖြစ်
ဆေးကုသမှုခံယူနေခဲ့ရကြောင်း အစိုးရနှင့်နီးစပ်သည့် နေပြည်တော် အသိုင်း
အ၀ိုင်းမှ သိရသည်။ ဒုတိယ ဗိုလ်ချူပ်မှူးကြီး မောင်အေးသည် စစ်တက္ကသိုလ်(DSA)
အပတ်စဉ် ၁ ဆင်းဖြစ်ပြီး အသက် ၇၄ နှစ် ခန့်ရှိပြီဖြစ်သည်။ ရန်ကုန်မြို့ရှိ
၎င်း၏ နေအိမ်တွင် စစ်တက္ကသိုလ် အပတ်စဉ် ၁ အထိမ်းအမှတ် အခမ်းအနားကို ပြီးခဲ့သည်
ဇွန်လ ၁ ရက် နေ့ က ကျင်းပခဲ့သေးသည်။
၂၀၁၁ ခုနှစ် မတ်လ တွင် နိုင်ငံတော် အေးချမ်းသာယာရေး နှင့် ဖွံ့ ဖြိုးရေးကောင်စီ ဒုတိယ ဥက္ကဌ
နှင့် ဒုတပ်မတော် ကာကွယ်ရေး ဦးစီး ချုပ် အဖြစ်မှ အနားယူ ခဲ့ ဒု- ဗိုလ်ချုပ် မှုးကြီး မောင်အေး
သည် ဇူလိုင် လ ၈ ရက်နေ့  ညပိုင်း က ရုတ်တရက် ကျန်းမာ ရေး ချို့ ယွင်းလာ သဖြင့် တပ်မ
တော် စစ်ဆေး ရုံ ကြီး တွင် အရေး ပေါ် ဆေး ကုသ မှု ခံယူ နေရ သည် ဟု FNG မှ သတင်း ရရှိသည်။
အမှတ် ၁ မင်္ဂလာဒုံ တပ်မတော် ဆေးရုံ ကြီး တွင် ဆေးကုသ မှု ခံယူနေ သည့် ဒု ဗိုလ်ချုပ်မှုးကြီး
မောင်အေး အား စင်္ကာပူ နိုင်ငံ ရှိ ဆေးရုံ သို့  ဆက်လက် တင် ပို့  မည် ဟု သတင်း များ ထွက် ပေါ်
နေ ပြီး အမှတ် ၁ စစ်ဆေးရုံ တွင် လည်း လုံခြုံရေး ထူထပ် စွာ ချထား သည်။
ဦးမောင်အေး သည် နာမကျန်း မဖြစ် ခင် တစ်ရက် အလို အထိ နိုင်ငံခြားရေး ၀န်ကြီး ဦး ၀ဏ္ဏ
မောင်လွင် အမေရိကန် ပြည် ထောင် စု မှ အပြန် တွင် မြန်မာသံရုံး မိသားစု (၀ါရှင်တန်) မှ လက်
ဆောင် ထည့် ပေး လိုက်သည့် အမေရိကန် လုပ် KNOB အမှတ်တံဆိပ် ၀ီစကီ ကို သောက်သုံး
ခဲ့ သေး သည် ဟု သူ ၏ မိသားစု နှင့် နီးစပ် သူ တစ်ဦး က FNG ကို ပြောသည်။
မြန်မာ နိုင်ငံ ရဲ့ ဒုတိယ စစ်ခေါင်းဆောင် အဖြစ် တာဝန် ယူ ခဲ့တဲ့ ဗိုလ်ချုပ်မှုးကြီး
အခုထိလူငယ်လေးတစ်ယောက်ပါ ချစ်သူ
-
အခုထိလူငယ်လေးတစ်ယောက်ပါ ချစ်သူ
❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿
လွန်ခဲ့တဲ့နှစ်များဆီသို့ပြန်တမ်းတတိုင်း
မျက်ဝန်းထဲမှာ သခင့်ရုပ်လွှာ သက...
8 years ago