Headlines News :
Home » » မဟာဂီတမှသည် ဟစ်ဟော့ပ်အထိ ဂီတပညာရှင် လွှတ်တော်အမတ်များ

မဟာဂီတမှသည် ဟစ်ဟော့ပ်အထိ ဂီတပညာရှင် လွှတ်တော်အမတ်များ

Written By လွင့်မောင်မောင် on Monday, July 9, 2012 | 5:02 PM

ဇေယျာသော် (ဓာတ်ပုံ - ဖေ့စ်ဘွတ်ခ်)


မြန်မာနိုင်ငံ လွတ်လပ်ရေးအကြို ကာလကနေ ဒီကနေ့ ပါတီစုံ ဒီမိုကရေစီ လွှတ်တော်အထိ ဂီတနယ်က အနုပညာရှင် လွှတ်တော်အမတ်တွေအဖြစ် အာဇာနည် ဒီးဒုတ် ဦးဘချိုကနေ ဒီကနေ့ အဆိုတော် ဇေယျာသော်အထိ လတ်တလောစာရေးသူ သတိပြုလိုက်မိသမျှကတော့ အာဇာနည်ဒီးဒုတ်ဦးဘချို၊ ပြည်လှဖေနဲ့ ဇေယျာသော် တို့ဖြစ်ပါတယ်။

အာဇာနည်ဒီးဒုတ်ဦးဘချို
ဂီတပညာရှင်၊ လွှတ်တော်အမတ်အာဇာနည် ဒီးဒုတ်ဦးဘချိုကို ၁၈၉၃ခုနှစ် ဧပြီလ ၂၃ ရက်မှာ ဦးဖိုးစာနဲ့ ဒေါ်မြစ်တို့က မြောင်းမြမြို့မှာ မွေးဖွားခဲ့ပြီး မွေး ချင်း လေးယောက်မှာ အငယ်ဆုံးဖြစ်ပါတယ်။
ငယ်စဉ်က မြောင်းမြမြို့မှာ ပညာသင်ကြားခဲ့ပြီး သတ္တမတန်းနဲ့၊ ဒသမတန်း စကောလားရှစ်အောင်ပါတယ်။ ဘီအေ အထက်တန်းမှာ စာသင်နေဆဲ မျက်စိရော ဂါကြောင့် ကျောင်းထွက်ခဲ့ရပါတယ်။ ၁၉၂ဝ ကျောင်းသားသပိတ်မှာပါဝင်ခဲ့ပြီး ၁၉၂၅မှာ ဒီးဒုတ် ဂျာနယ်ကို ထုတ်ဝေခဲ့ပါတယ်။ ၁၉၃၅မှာ မြန်မာ့ဂီတလောကရဲ့ မှီငြမ်းပြုစာအုပ်ကြီးဖြစ်တဲ့ ဂီတဝိသောဓနိကျမ်းကြီးကို တည်းဖြတ်ခဲ့ ပါတယ်။ ၁၉၄၃မှာ ဗမာနိုင်ငံတော် အတိုင်ပင်ခံလွှတ်တော်ဖြစ်ခဲ့ပါတယ်။ ၁၉၄၇ခုနှစ်၊ ဖဆပလ အစိုးရအဖွဲ့မှာ သတင်းနှင့်ပြန်ကြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး တိုင်းပြုပြည်ပြုလွှတ်တော်မှာ မြန်မာစိုက်အဖွဲ့အစည်း အုပ်ချုပ်ပုံ အခြေခံဥပဒေရေး ဆွဲ ရေး ကော်မတီအဖွဲ့ဝင်လည်း ဖြစ်ပါတယ်။

လွှတ်တော်အမတ် အဆိုတော်ပြည်လှဖေ
ပြည်လှဖေကို ၁၉၁၂ခုနှစ်၊ အောက်တိုဘာလ ၂၃ရက်နေ့မှာ ပြည်သားဦးဘိုးကူနဲ့ ဗန်းမော်သူဒေါ်ကျင်စီတို့က ဗန်းမော်မှာ မွေးဖွားခဲ့ပါတယ်။ မွေးချင်း ခြောက်ယောက် အနက် တတိယမြောက် သားဖြစ်ပါတယ်။
ငယ်စဉ်က ဖခင်ဖြစ်သူ အခွန်ဝန်ဦးဘိုး ကူ ဗန်းမော်မြို့မှာ တာဝန်ကျစဉ် အသက် ၅နှစ်အထိ နေထိုင်ခဲ့ပြီး ကသာမြို့ကို ပြောင်းရွှေ့ခဲ့ပါတယ်။ ကသာမြို့ အထက်တန်းကျောင်း၊ ညောင်လေးပင် ခရစ်ယာန်စာသင်ကျောင်း၊ မုံ ရွာဗုဒ္ဓဘာသာကျောင်း၊ ပြည်မြို့အထက် တန်းကျောင်းတို့မှာ ပညာသင်ကြားခဲ့ပြီး ရန်ကုန်မြို့မှာ ၁ဝတန်းအောင်ခဲ့ပါတယ်။ ၁၉၃၂ ခုနှစ် အသက် ၂ဝအရွယ်မှာ ဂီတကို အထူး ဝါသနာပါတဲ့အတွက် အိုလံပီယာဓာတ်ပြား ကုမ္ပဏီမှာ အသံသွင်းခဲ့ပါတယ်။
၁၉၃၃-၃၆ခုနှစ်များမှာ အိန္ဒိယကာလ ကတ္တားက အင်ဂျင်နီယာဒီပလိုမာရရှိခဲ့ပြီး မြန်မာပြည်ကိုပြန်ရောက်တော့ အေဝမ်းကုမ္ပဏီမှာ တယောဆရာ အဖြစ်အလုပ်ဝင်ခဲ့ သလို သီချင်းများလည်းသီဆိုခဲ့ပါတယ်။
ပြည်လှဖေဟာ လမ်းစဉ်ပါတီခေတ်မှာ မြောက်ဥက္ကလာပမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)ကနေ လွှတ်တော်ကိုယ်စားလှယ်အမတ် ဖြစ်ခဲ့ပြီး ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဖြစ်လာပါတယ်။၁၉၉ဝပြည့်နှစ်၊မတ်လ၁၃ ရက် နေ့မှာ ဗြိတိန်နိုင်ငံ နော့သ်ပတန်ဆေးရုံမှာသွားရောက်ဆေးကုသမှုခံယူစဉ်ကွယ်လွန်ခဲ့ပါတယ်။

ပြည်သူ့လွှတ်တော်အမတ် ဇေယျာသော်
၂ဝ၁၂ခုနှစ်၊ ဧပြီလ ၁ရက်နေ့က ပြုလုပ် ခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ နေပြည်တော်ပုဗ္ဗသီရိမြို့နယ်မဲဆန္ဒနယ်က ဝင်ရောက် အရွေးချယ်ခံခဲ့ပြီး ပြည်သူ့လွှတ်တော် အမတ်ဖြစ်လာခဲ့သူက ကိုဇေယျာသော်ဖြစ်ပါတယ်။ သူဟာ၂ဝဝဝပြည့်နှစ်များဆီက ဟစ်ဟော့ပ်ဂီတအမျိုးအစား အယ်ဘမ်တစ်ခု ဖြစ်တဲ့’စတင်ခြင်း’ အမည်ရှိသီချင်း အယ်ဘမ်တစ်ခု မှာ’အက်စစ်’အဖွဲ့နဲ့အတူ ပါဝင်ဖြစ်ခဲ့ပါတယ်။ လွှတ်တ်ာအမတ် ဇေယျာသော်ကို၁၉၈၁ခုနှစ်၊ မတ်လ၂၆ရက်နေ့က ရန်ကုန်မြို့မှာ မွေးဖွားခဲ့ ပြီး အ.ထ.က (၆) ဗိုလ်တထောင်မှာ ပညာသင်ယူခဲ့ပါတယ်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဝင်ရောက်ခဲ့ပြီး ၂ဝ၁၂ကြားဖြတ်ရွေး ကောက်ပွဲမှာတော့ ယခင်ဒုတိယသမ္မတ ဦးတင်အောင်မြင့်ဦးရဲ့ မဲဆန္ဒနယ်မြေကနေ ဝင်ရောက် အရွေးခံခဲ့သူလည်းဖြစ်ပါတယ်။
သူဟာ အသက်၃၁နှစ်သာရှိသေးတဲ့ အနုပညာရှင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးလည်း ဖြစ်တာမို့ ကျွန်တော်တို့စောင့်ကြည့်ရမယ့် ဂီတပညာရှင်တစ်ဦးလည်း ဖြစ်ပါ တယ်။
သိန်းအေး

ပေါ်ပြူလာဂျာနယ်© www.popularmyanmar.com
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template