Headlines News :
Home » » သမ္မတဦးသိန်းစိန်က ဧရာဝတီတိုင်း ပျက်စီးလယ်များအတွက် မျိုးစပါး ကူညီ

သမ္မတဦးသိန်းစိန်က ဧရာဝတီတိုင်း ပျက်စီးလယ်များအတွက် မျိုးစပါး ကူညီ

Written By လွင့်မောင်မောင် on Monday, August 27, 2012 | 11:46 AM


သန့်စင်ငြိမ်းချမ်း ~

ပြည်ထောင်စုအစိုးရက ဧရာဝတီတိုင်းအတွင်းရှိ ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးသွားသည့်စပါးခင်း များ ပြန်စိုက်နိုင်ဖို့ မျိုးစပါး တင်း ၈ သောင်းကျော်ကို တိုင်းအစိုးရအဖွဲ့ထံ ထောက်ပံ့ပေးအပ်ခဲ့တာပါ။

ဧရာဝတီတိုင်း ကျောင်းကုန်းမြို့သို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်လာရောက်ပြီး မျိုးစပါး ၈၀,၉၈၅ တင်းအတွက် ထောက်ပံ့ငွေ ၄,၀၄၇.၉ သိန်းကျပ်ကို တိုင်းအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးသိန်းအောင် ထံ ပေးအပ်ခဲ့ပါ
တယ်တဲ့။

“ရေမြုပ်ပျက်စီးတဲ့လယ်တွေ အချိန်အားဖြင့် မှီတယ်ဆိုရင် ပြန်ပြီးတော့ စိုက်ရမှာပါ။ ပြန်စိုက်ဖို့ အတွက်လည်း မြို့နယ်တိုင်းမှာမျိုးတွေက ရှိပြီးသားဖြစ်ပါတယ်။ ဒီမျိုးအတွက် တိုင်းဝန်ကြီးချုပ်က ခင်ဗျားတို့ကို အလကား ပေး မှာ မဟုတ်ပါဘူး။ ဒီမျိုးဝယ်ဖို့အတွက် ကျနော်တို့တွက်ချက်ပြီးတော့ တိုင်းကနေတင်ပြတဲ့ ငွေကြေး အပေါ် မှာ နိုင်ငံတော်က တတ်နိုင်တဲ့အပိုင်းကနေ ထောက်ပံ့ပေးခြင်း ဖြစ်ပါတယ်”ဟု သမ္မတ ဦးသိန်းစိန် ကပြောခဲ့ တာပါ။
သမ္မတ ဦးသိန်းစိန် ရဲ့ မျိုးစပါး ကူညီထောက်ပံ့ခဲ့တဲ့ သတင်းအပြည့်အစုံကို ဧရာဝတီ မြန်မာပိုင်းစာမျက်နှာက သန့်စင်ငြိမ်းချမ်း ရေးသားပေးပို့တဲ့ ဧရာဝတီတိုင်း ပျက်စီးလယ်ယာများအတွက် မျိုးစပါးများ အစိုးရ ထောက်ပံ့ ဆိုတဲ့ သတင်းအပြည့်အစုံကို ဖတ်နိုင်ပါတယ်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template