Headlines News :
Home » » ပထမအကြိမ် အမျိုးသားလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးများ စက်တင်ဘာလ ၆ ရက်နေ့တွင် ရပ်နား

ပထမအကြိမ် အမျိုးသားလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးများ စက်တင်ဘာလ ၆ ရက်နေ့တွင် ရပ်နား

Written By လွင့်မောင်မောင် on Friday, September 7, 2012 | 8:24 AM

ထမအကြိမ် အမျိုသား လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေးများကို စက်တင်ဘာလ ၆ ရက်နေ့တွင် ရပ်နားခဲ့ပြီး သာမန်အားဖြင့် အောက်တိုဘာ ၁၅ ရက်နေ့ မတိုင်မီအထိ ခေါ်ယူကျင်းပရန် အစီအစဉ် မရှိသေးပါကြောင်း အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်က စက်တင်ဘာလ ၆ ရက်နေ့တွင် ပြုလုပ်ခဲ့သော ၄၀ ရက်မြောက်နေ့ အမျိုးသား လွှတ်တော် အစည်းအဝေးအပြီးတွင် ကြေညာခဲ့သည်။
ယခုကျင်းပပြီးခဲ့သော ပထမအကြိမ် အမျိုးသားလွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း ၁၇၃ ခု မေးမြန်းခဲ့ပြီး ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ဖြေကြားခဲ့ပြီး ဖြစ်ကြောင်း၊ အဆိုပါ ကြယ်ပွင့်ပြ မေးခွန်းများကို ဒေသအလိုက် ခွဲခြမ်းကြည့်ပါက ကချင်ပြည်နယ်က ၁၄ခု ၊ ကယားပြည်နယ်က ၁ ခု၊ ကရင်ပြည်နယ်က ၁ ခု၊ ချင်းပြည်နယ်က ၁၀ ခု၊ စစ်ကိုင်းတိုင်း ဒေသကြီး ၈ ခု၊ တနင်္သာရီတိုင်း ဒေသကြီး ၁၂ ခု၊ ပဲခူးတိုင်း ဒေသကြီး ၁၅ ခု၊ မကွေးတိုင်း ဒေသကြီး ၁၈ ခု၊ မန္တလေးတိုင်း ဒေသကြီးက ၁၇ ခု ၊ မွန်ပြည်နယ်က ၉ ခု ၊ ရခိုင်ပြည်နယ်က ၁၅ ခု၊ ရန်ကုန်တိုင်း ဒေသကြီးက ၃၁ခု၊ ရှမ်းပြည်နယ်က ၈ ခု၊ ဧရာဝတီတိုင်း ဒေသကြီးက ၁၄ ခု ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ဥက္ကဌက ကြေညာခဲ့သည်။
အဆိုများနှင့် ပတ်သက်၍ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက တင်သွင်းသည့်အဆို ၂၉ ခုရှိပြီး ဆက်လက်ဆွေးနွေးရန် အဆို ၆ ခု ကျန်ရှိကြောင်း၊ ဆွေးနွေးပြီးအဆို ၂၃ ခုအနက် အဆို ၁၂ ခု အတည်ဖြစ်ပြီး စက်တင်ဘာလ ၆ ရက်နေ့တွင် တင်သွင်းခဲ့သော ဦးမြင့်ထွန်း၏ အဆိုမှာ ဆက်လက် ဆောင်ရွက်ရန် ကျန်ရှိကြောင်း၊ ယင်းအဆိုများကို ခွဲခြားကြည့်ပါက ချင်းပြည်နယ်က အဆို ၂ ခု၊ စစ်ကိုင်းတိုင်း ဒေသကြီးက အဆို ၁ ခု၊ တနင်္သာရီတိုင်း ဒေသကြီးက အဆို ၁ ခု၊ မန္တလေးတိုင်း ဒေသကြီးက အဆို ၁ ခု၊ ရန်ကုန်တိုင်း ဒေသကြီးက ၃ ခု၊ အရေးကြီးအဆို ၁ ခု၊ အမျိုးသား စီမံကိန်းရေးရာ ကော်မတီက အဆို ၁ ခု၊ ပြည်သူတို့၏ တိုင်ကြားစာနှင့် အသနားခံစာဆိုင်ရာ ကော်မတီက အဆို ၁ ခု၊ သတ္ထုနှင့် သယံဇာတ ရေးရာ ကော်မတီက အဆို ၁ ခု ဖြစ်ကြောင်း သိရသည်။
ဥပဒေကြမ်းနှင့် စပ်လျဉ်းပြီး ပြည်ထောင်စု လွှတ်တော်က အမျိုးသားလွှတ်တော်သို့ စတင်ဆွေးနွေးနိုင်ရန် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းက ပေးပို့သော ဥပဒေကြမ်း ၁၃ ခုနှင့် ဘဏ္ဍာရေးနှင့် ဥပဒေရေးရာ ကော်မရှင်က ပေးပို့သော ဥပဒေကြမ်းတစ်ခု စုစုပေါင်း ၁၄ ခု ဖြစ်ကြောင်း ဦးခင်အောင်မြင့်က ပြောကြားခဲ့သည်။
ယင်းဥပဒေကြမ်းများမှာ ၁၉၆၄ ခုနှစ် မြန်မာနိုင်ငံ ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်း ကော်ပိုရေးရှင်း ဥပဒေရုပ်သိမ်းသော ဥပဒေကြမ်း၊ တိုင်းရင်းဆေး ကောင်စီဥပဒေကို ပြင်ဆင်သော ဥပဒေကြမ်း၊ နိုင်ငံတော် ကောက်ပဲသီးနှံ ရောင်းဝယ်ရေးအဖွဲ့ကို ရုပ်သိမ်းသော ဥပဒေကြမ်း၊ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေကြမ်း၊ အလုပ်အကိုင်နှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေကြမ်း၊ ကာလစည်းကမ်း သတ် အက်ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်း၊ တရားရုံးများ မထီမဲ့မြင်ပြုမှု ဥပဒေကြမ်း၊ ရာဇ၀တ်ကျင့်ထုံး ဥပဒေကို ပြင်ဆင်သော ဥပဒေကျမ်း၊ ပြည်သူ့အကျိုးပြု ၀န်ဆောင်မှု လုပ်ငန်းများ ကာကွယ်ရေး အက်ဥပဒေကို ရုပ်သိမ်းသော ဥပဒေကြမ်း၊ နိုင်ငံတော်တာဝန်ကို တည်ငြိမ်အေးချမ်းစွာ စနစ်တကျ လွှဲပြောင်းပေးရေးနှင့် အမျိုးသား ညီလာခံလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်ပေးရေး တို့ကို နှောက်ယှက်ဆန့်ကျင်ခြင်းမှ ကာကွယ်သော ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်း၊ နိုင်ငံ့ဝန်ထမ်းဆိုင်ရာ ဥပဒေကြမ်း၊ ငွေချေးသက်သေခံ လက်မှတ်များ လဲလှယ် ရောင်းဝယ်ရေး ဥပဒေကြမ်း၊ မြေသိမ်း (သတ္ထုတွင်းများ) အက်ဥပဒေကို ရုပ်သိမ်းသော ဥပဒေကြမ်း၊ လာဘ်ပေး လာဘ်ယူမှု ပပျောက်ရေး ဥပဒေကြမ်းတို့ ဖြစ်ကြောင်း သိရသည်။
အမျိုးသားလွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေးတွင် ဆက်လက်ဆွေးနွေးရန် ပြည်သူ့လွှတ်တော်က ပြန်လည်ပေးပို့ခဲ့သော ဥပဒေကြမ်း သုံးခုရှိကြောင်း၊ ယင်းတို့မှာ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ဥပဒေကြမ်း၊ လူမှုဖူလုံရေး ဥပဒေကြမ်း၊ ၁၉၅၅ ခုနှစ် အစိုးရအိမ် ဥပစာနှင်ထုတ်ခြင်း အက်ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းတို့ ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ဥက္ကဌက ရှင်းလင်း ပြောကြားခဲ့သည်။
အမျိုးသားလွှတ်တော်က၇.၁.၂၀၁၂ရက်နေ့တွင် ပြည်သူ့လွှတ်တော်ကို ပေးပို့ခဲ့သော
 နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ၂၀.၈.၂၀၁၂ ရက်နေ့မှာ ပြင်ဆင်ချက်များနှင့် ပြန်လည် ပေးပို့လာကြာင်း၊ အမျိုးသားလွှတ်တော်တွင် ၅.၉.၂၀၁၂ ရက်နေ့တွင် ပြန်လည်ဆွေးနွေးကြရာ၌ ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက်များအား လွှတ်တော်က သဘောမတူကြောင်း ဆုံးဖြတ်သည့်အတွက် ပြည်ထောင်စု လွှတ်တော်မှာ ဆွေးနွေးရန် ဆုံးဖြတ်ခဲ့ကြောင်း၊ လူမှုဖူလုံရေး ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်တွင် ၅.၇.၂၀၁၂ ရက်နေ့က ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက်များကို သဘောတူ အတည်ပြုခဲ့ပြီး အမျိုးသားလွှတ်တော် နည်းဥပဒေ ၁၆၃ (က) အရ ၆.၇.၂၀၁၂ ရက်နေ့တွင် သဘောတူကြောင်း ပြည်သူ့လွှတ်တော်သို့ ပြန်ကြားခဲ့ကြောင်း၊ ၁၉၅၅ ခုနှစ် အစိုးရအိမ်ဥပစာ နှင်ထုတ်ခြင်း အက်ဥပဒေကို ပြင်ဆင်သော ဥပဒေကြမ်းကို အမျိုးသား လွှတ်တော်တွင် ၅.၇.၂၀၁၂ ရက်နေ့၌ ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက်များကို အတည်ပြုခဲ့ပြီး အမျိုးသား လွှတ်တော် နည်းဥပဒေ ၁၆၃ (က) အရ ၆.၇.၂၀၁၂ ရက်နေ့မှာ သဘောတူကြောင်း ပြည်သူ့လွှတ်တော်သို့ ပြန်ကြားခဲ့ပါကြောင်း အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်က ယခုပြီးစီးခဲ့သော အမျိုးသားလွှတ်တော်အစည်းအဝေးတွင် ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် ပြောကြားခဲ့ပါသည်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template