Headlines News :
Home » » ဖုန်းသုံးစွဲသူများ အကြိုက် ကျပ်တစ်သောင်းအောက် ငွေဖြည့်ကတ် ထုတ်မည်

ဖုန်းသုံးစွဲသူများ အကြိုက် ကျပ်တစ်သောင်းအောက် ငွေဖြည့်ကတ် ထုတ်မည်

Written By လွင့်မောင်မောင် on Wednesday, September 5, 2012 | 6:59 PM

(ရန်ကုန်၊ စက်တင်ဘာ ၄)
ကျပ်တစ်သောင်းအောက် ကြိုတင်ငွေဖြည့်ကတ်များ ထုတ်လုပ်ပေးရန် စီစဉ်နေကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။
”လက်ရှိရောင်းပေးနေတဲ့ ငွေ ဖြည့်ကတ်နှုန်းထားထက် လျော့နည်းမှာပါ။ ကျပ်ငါးထောင်တန်ကတ် ဖြစ်နိုင်သလို ကျပ်သုံးထောင် တန်ကတ်လည်း ဖြစ်နိုင် ပါတယ်။ ငွေဖြည့်ကတ် တန်ဖိုး အတိအကျ သတ်မှတ်ပြီးရင်တော့ ထုတ်ပြန် ကြေညာပေးသွားမှာပါ”ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာချုပ် တစ်ဦး က ပြောသည်။
အဆိုပါ ငွေဖြည့်ကတ်များ ထုတ်လုပ်ခြင်းကို ယခုနှစ် အတွင်း အကောင်အထည်ဖော် ဆောင်ရွက် ပေးမည်ဖြစ်သော်လည်း ရောင်းချ ပေးနိုင်၊ မပေးနိုင်ကို အတိအကျ မသိရှိသေးကြောင်း၊ လာမည့်နှစ် တန်ဖိုးနည်း ဖုန်းများ ရောင်းချသည့် ကာလတွင် ယင်းကတ်များ ရောင်း ချခြင်းကို အမှန်တကယ် ပြုလုပ်ပေး နိုင်မည်ဖြစ်ကြောင်း ၄င်း က ဆက် လက်ပြောသည်။
”အခုရောင်းပေးနေတဲ့ ငွေ ဖြည့်ကတ်တွေ ဈေးနှုန်းမြင့်မားနေ တယ်ဆိုတာ သိပါတယ်။ သုံးစွဲသူ တွေ အခက်အခဲ ရှိနေတယ်ဆိုတာ မှန်ပါတယ်။ အခြေအနေ တစ်ရပ် ကြောင့်သာ အခုလိုဖြစ်နေတာပါ။ အခု ဆက်သွယ်ရေး ကဏ္ဍ ပြုပြင် ပြောင်းလဲရေးတွေ လုပ်နေပြီ ဖြစ်တဲ့ အတွက် နောက်ပိုင်း နိုင်ငံတကာ ပုံစံ အတိုင်း ဖြစ် လာတော့မှာပါ။ ဒါ ကြောင့် အခုလို တန်ဖိုးနည်း ငွေဖြည့် ကတ်တွေ စီစဉ်နေခြင်းဖြစ်ပါတယ်”ဟု ၄င်းက ဆက်ပြောသည်။
လက်ရှိတွင် ထုတ်လုပ်ရောင်း ချပေးနေသည့် ကြိုတင်ငွေဖြည့်ကတ် ကျပ်သုံးသောင်းတန်နှင့် ကျပ် တစ်သောင်းတန် တို့ထဲတွင် ကျပ် တစ်သောင်းတန် ကတ်ကိုသာ ဝယ် ယူသုံးစွဲမှု ပိုများကြောင်း သိရသည်။
”ဖုန်းတစ်လုံး ဝယ်ဖို့တောင် အနိုင်နိုင် ကြိုးစားခဲ့ရတယ်။ ငွေ တစ်ခါဖြည့်ဖို့ ကျပ်တစ်သောင်း လောက်ထပ် ကုန်ရတယ်။ ငွေကုန် မှာကြောက်လို့ ဖုန်းမပြောဘဲ ထား ရင်လည်း သတ်မှတ်ထားတဲ့ အချိန်ကုန်ရင် ပြောလို့မရပြန်ဘူး။ တစ်လ တစ်လကို ဒီပြဿနာနဲ့ပဲ ကြုံနေရတယ်။ ထောင်ဂဏန်း ငွေဖြည့်ကတ် ဆိုရင်တော့ ဒီပြဿ နာတွေ ကင်း ဝေးနိုင်ပါတယ်”ဟု ပုဇွန်တောင် မြို့နယ်မှ ဖုန်းသုံးစွဲသူ တစ်ဦးက ပြောသည်။
ယင်းအပြင် မိုဘိုင်းဖုန်းကျွမ်း ကျင်ပညာရှင် တစ်ဦးကလည်း နိုင်ငံတကာတွင် ဖုန်းငွေဖြည့်သည့် စနစ်မှာ အလွန် လွယ်ကူသော စနစ် တစ်ခုဖြစ်ကြောင်း၊ မိမိထည့် သွင်း လိုသလောက် ငွေဖြည့်သွင်းနိုင်သည့် စနစ်ကို အသုံးပြုနေသည်မှာ အချိန် ကြာမြင့်နေပြီ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် ယင်းစနစ်ကဲ့ သို့ ဖော်ဆောင်ပေး သင့်ကြောင်း ၄င်း၏ အမြင်ကို ပြောသည်။
မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ လက်ရှိတွင် ငွေဖြည့်ကတ် စတင် အသုံးပြုသည့် အချိန်မှစ၍ ငွေဖြည့်ကတ်နှုန်းများ လျှော့ချ ရောင်းချခြင်း မရှိသော်လည်း ဖုန်း ဆင်းကတ် တန်ဖိုးနှုန်းထားများကို အဆင့်ဆင့် လျှော့ချပေးခဲ့ကြောင်း သိရသည်။
http://popularmyanmar.com

Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template