Headlines News :
Home » , » ပဲခူး၌ ရုပ်ရှင်မြို့တော် တည်ဆောက်ရန် စီစဉ်နေ

ပဲခူး၌ ရုပ်ရှင်မြို့တော် တည်ဆောက်ရန် စီစဉ်နေ

Written By လွင့်မောင်မောင် on Wednesday, September 5, 2012 | 3:55 PM


ရန်ကုန်၊ စက်တင်ဘာ ၃
ရုပ်ရှင်မြို့တော်ပြုလုပ်ရန် စက်မှုဝန်ကြီးဌာနမှ ရုပ်ရှင်အစည်းအရုံးအား ပဲခူး၌ မြေဧက ၁ဝဝ ရောင်းချပေးကြောင်း ဥက္ကဋ္ဌဦးဇင်ဝိုင်းထံမှ သိရသည်။
စက်မှုဝန်ကြီးဌာနပိုင် အဆိုပါ ဧက ၁ဝဝ သည် ပဲခူးတိုင်းဒေသကြီး တွင်ရှိပြီး ပဲခူးတိုင်းဒေသကြီးဝန်ကြီး ချုပ်နှင့် စက်မှုဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးတို့မှ ညှိနှိုင်းပေး အပ်ခြင်းဖြစ်ကြောင်း သိရသည်။”မူအရပဲရထားတယ်။ ပဲခူး ဟံသာဝတီလေယာဉ် ကွင်းအနီးမှာ၊ တစ်ဧကကို ဘယ်လောက်ဆိုပြီး ဈေးနှုန်း မသတ်မှတ်ရသေးဘူး။ အ လွန်သက်သာတဲ့ နှုန်းတစ်ခုနဲ့ပဲ ဖြစ်မှာပါ”ဟု ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ပြောသည်။ အဆိုပါ မြေနေရာတွင် ရုပ်ရှင် မြို့တော်တစ်ခုပုံစံ တည်ဆောက်၍ စတူဒီယိုကြီးများ ဖန်တီး ရမည်ဖြစ် ကြောင်း ၄င်းက ပြောသည်။ ရုပ်ရှင်အစည်းအရုံးမှာNGO တစ်ခုဖြစ်သောကြောင့် တည် ဆောက်မှုများအတွက် ငွေကြေး မတတ်နိုင်သေးကြောင်း၊ တည် ဆော က်ရေးအပိုင်းများကို သွား ရောက်နိုင်ရန်အတွက် ငွေကြေးပံ့ပိုး ပေးနိုင်သူများနှင့် ချိတ်ဆက်လုပ် ကိုင်သွားရမည်ဖြစ်ကြောင်း ၄င်းထံမှ သိရသည်။ ”လောလောဆယ်မှာေ တာ့ အဲ့ဒီ ဧက ၁ဝဝ ကို ခြံစည်းရိုးခတ် ဖို့တောင် ငွေဘယ်လောက်ကုန်မလဲ စဉ်းစားနေရတယ်”ဟု ၄င်းက ပြောသည်။ ရုပ်ရှင်ရုံများ ဆောက်လုပ် နိုင်ရေးအတွ က် မှော်ဘီ၊   ပြင်ဦးလွင် အစရှိသောနေရာများတွင်လည်း ဧက ၂ဝ ခန့် မြေနေရာများအား နှစ်ရှည်ငှားရမ်းပေးရန် စက်တင်ဘာ ၂ ရက်နေ့က ပြန်ကြားရေးဝန်ကြီး နှင့်တွေ့ဆုံစဉ် တင်ပြထားကြောင်း ၄င်းက ပြောသည်။ရုပ်ရှင်လောက အောင်မြင် ရေးမှာ ရုပ်ရှင်ရုံများရှိရန် လိုအပ် နေပြီး လက်ရှိတွင် မြန်မာကား ပြသနေသော ရုပ်ရှင်ရုံမှာ တစ်နိုင်ငံ လုံး၌ ၄၉ ရုံသာရှိနေပြီး ၉ ရုံမှာ အခါအားလျော်စွာ ပြသနေသော ရုံများ ဖြစ်သည်။ရှိနေပြီးဖြစ်သော ရုပ်ရှင်ရုံများ ကိုလည်း ရောင်းချခြင်းမပြုရန်၊ လုပ် ကိုင်နေသော ရုပ်ရှင်ရုံများကိုလည်း နှစ်ရှည် ငှားရမ်းလုပ်ကိုင်ခွင့်ပြုရန် ဝန်ကြီးထံသို့ တင်ပြထားကြောင်း သိရသည်။ ”အခု ရုပ်ရှင်ရုံတွေက တစ်လ ချင်း ငှားနေရတယ်။ တစ်လချင်း ငှားရတော့ မပြင်ရဲကြဘူး။ ထပ်ပြီး တော့လည်း ရင်းနှီးမြှုပ်နှံမှု မထည့် ရဲဘူး။ ဒီလငှားလို့ပြင်စရာရှိတာလေး ပြင်လိုက်ပြီးတော့မှ နောက်လမငှား တော့ဘူးဆိုရင် ရင်းနှီြး မှုပ်နှံထား တာလေးပါသွားမှာစိုးလို့ မပြင်ရဲ ကြဘူး”ဟုဦးဇင်ဝိုင်းက ပြောသည်။ ရုပ်ရှင်ရုံအသစ်များ ပေါ်ပေါက် လာရန်အတွက်လည်း အစိုးရပိုင်းမှ မြေနေရာ နှစ်ရှည်ငှား ရမ်းပေးခြင်း၊ အခွန်ကင်းလွတ်ခွင့်၊ အခွန်လျှော့ ပေါ့ခြင်းတို့ ပြုလုပ်ပေးရန်လိုအပ်ပြီး ထုတ်လုပ်သူများအပိုင်းမှလည်း ရုံ သစ်တည်ဆောက်သူများအရင်းကျေ စေရန် အချိုးကျခွဲဝေမှု တိုးမြှင့်ပေး ခြင်းများ ပြုလုပ်၍ ဆွဲဆောင်ရန် လိုအပ်ကြောင်း ၄င်းက ပြောသည်။
ဝေယံမိုးမြင့်       
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template