Headlines News :
Home » , » လက်ပံတောင်းတောင် စီမံကိန်း အနီး ဤနေရာမှ ကျော်လျှင် ပစ်မည် ဆိုသည့် ဆိုင်းဘုတ် ဖြုတ်ပြီ

လက်ပံတောင်းတောင် စီမံကိန်း အနီး ဤနေရာမှ ကျော်လျှင် ပစ်မည် ဆိုသည့် ဆိုင်းဘုတ် ဖြုတ်ပြီ

Written By လွင့်မောင်မောင် on Wednesday, September 5, 2012 | 6:59 PM

(ရန်ကုန်၊ စက်တင်ဘာ ၄)
လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း အနီး၌ ထောင်ထား သော ”ဤနေရာမှ ကျော်လျှင် ပစ်မည်”ဆိုသည့် ဆိုင်းဘုတ်ကို ဖြုတ်လိုက်ပြီဟု ပွင့်လင်း လူ့အ ဖွဲ့အစည်း (မုံရွာ)မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
သြဂုတ် ၃၁ ရက်နေ့အထိ စီမံကိန်း ဝန်းကျင်၌ ဒေသခံများက ဆန္ဒဖော်ထုတ်မှု များရှိခဲ့သလို ရဲတပ်ဖွဲ့ဝင် ၂ဝဝ ကျော်ကလည်း ဒိုင်းများ ကိုင်ကာ စောင့်ကြပ်လျက် ရှိကြောင်း ရဲဝန်ထမ်းများ ရှေ့တွင် ”ဤနေရာ မှကျော်လျှင် ပစ်မည်” ဆိုသည့် ဆိုင်းဘုတ် ထောင်ထားကြောင်း ၈၈ မျိုးဆက်နှင့် တွေ့ဆုံပြီးနောက်တွင် အဆိုပါ ဆိုင်းဘုတ် ကို ဖြုတ်လိုက်ပြီ ဖြစ်ကြောင်း ၄င်းကပြောသည်။
ယင်းပဋိပက္ခနှင့် ပတ်သက်၍ စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့ နှင့် ၈၈ မျိုးဆက်တို့ သြဂုတ် ၂၉ ရက်နေ့တွင် ဆားလင်းကြီး မြို့နယ် ခန်းမ၌ တွေ့ဆုံခဲ့သည်။
လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းကြောင့် ဒေသခံများနှင့် ပဋိပက္ခ ဖြစ်ပွားနေမှုတွင် ရဲအင်အား အလွန်အကျွံ သုံးသည့်ကိစ္စမှာ မဖြစ်သင့်ဟု ၈၈ မျိုးဆက်ကျောင်းသား များအဖွဲ့မှ ကိုထွန်းမြင့်အောင် က ယင်းသို့တွေ့ဆုံရာ၌ ပြောကြားခဲ့ သည်။
”ဒီမိုကရေစီ စနစ်ကို သွားနေ တဲ့အချိန်မှာ ရဲနဲ့ပြည်သူတွေ အကြား မကောင်းတဲ့ Image ဖြစ်နေတယ်။ ရဲတွေက ဒိုင်းတွေ၊ ဘာတွေနဲ့ဆို တော့။ ပြီးတော့ ဤနေရာမှကျော် လျှင် ပစ်မည် ဆိုတဲ့ ဆိုင်းဘုတ် ထောင်ထားတဲ့ ကိစ္စလည်း ပြောခဲ့တယ်”ဟု ၄င်းက ပြောသည်။
လက်ပံတောင်းတောင် စီမံကိန်းသည် သဘာဝ အမွေအနှစ်ကို ဖျက်ဆီးရာ ရောက်ကြောင်း စီမံကိန်း ကြောင့် ဒေသခံတို့၏ ဘဝ ယခု ထက်ပိုမိုမြင့်မား မှ တောင် သူတို့ ကျေနပ်မည် ဖြစ်ကြောင်း ရဲအင်အား အလွန်အကျွံ သုံးသည့် ကိစ္စမှာ မ ဖြစ်သင့်ကြောင်း ပြောကြားခဲ့သည် ဟု သိရသည်။
ဒေသခံများက တရားဝင် ဆန္ဒ ဖော်ထုတ်ရန် သက်ဆိုင်ရာသို့ တင်ပြခဲ့သော်လည်း ခွင့်ပြုမိန့်မရခဲ့ ဟု ၄င်းကပြောသည်။
”တောင်သူတွေရဲ့ ဘဝကို မြင့်မြင့်မားမား မလုပ်ပေးနိုင်ရင် ပြဿနာ ရှိတယ်။ ကျွန်တော်တို့က နိမ့်ပါးနေတဲ့ တောင်သူတွေဘက်က ရပ်တည် ရမှာပဲလို့ တိုင်းဒေသကြီး အစိုး ရအဖွဲ့ကို ပြောခဲ့တယ်”ဟု ကိုထွန်းမြင့်အောင်က ပြောသည်။
သက်ဆိုင်ရာဘက်မှ စီမံကိန်း ကိုဆက်လက် လုပ်ဆောင်မည်ဟု ဆိုသလို ဒေသခံများကလည်း သူ တို့၏ မြေယာကို မစွန့်ချင်ကြဘူးဟု ၄င်းက ပြောသည်။
”ဒီစီမံကိန်းဘက်က ဒေသခံ တွေ အတတ်နိုင်ဆုံး နစ်နာမှုမရှိအောင် လုပ်ပေးမယ်။ ဖြစ်နိုင်တဲ့ဟာ တောင်းဆို ဖို့ပြောတယ်။ ထောက်ပံ့ ကြေးတွေ၊ အိမ်ရာ သစ်တွေပေးမယ် ပေါ့။ အခုပေးတဲ့ အိမ်တွေက မကောင်းတဲ့ အကြောင်းပြောတော့ အိမ်ပြင်ဖို့ ပေးမယ်လို့ ပြောတယ်”ဟု ၄င်းက ဆက်လက်ပြောသည်။
ဒေသခံများ အနေဖြင့် မြေကြီး ကိုစွန့်ပြီး စီမံကိန်း၌ ဝန်ထမ်း ဝင်လုပ် ရန်မှာ အာမခံချက် မရှိဟု ယူဆ ကြောင်း ကိုထွန်းမြင့်အောင်က ပြောသည်။
”အနာဂတ် ပျောက်သွားတယ် လို့ သူတို့ ခံစားနေရတယ်”ဟု ၄င်း က ပြောသည်။
ဆားလင်းကြီး မြို့နယ် ခန်းမ၌ ပြုလုပ်သော တွေ့ဆုံပွဲသို့ စစ်ကိုင်း တိုင်းဒေသကြီး လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး သတ္တုတွင်း ဝန်ကြီးနှင့် တာဝန်ရှိ သူများ၊ ဦးပိုင်မှ စီမံကိန်း တာဝန်ခံအပါအဝင် သုံးဦးနှင့် ၈၈ မှ ကိုထွန်းမြင့်အောင်နှင့် ကိုမျိုးသန့်တို့ တက်ရောက်ခဲ့ကြ သည်။
စီမံကိန်း အနီးဝန်းကျင်ရှိ ဇီး တော၊ ဆည်တည်း၊ ကန်ကောနှင့် ဝက်မှေးရွာ ရွှေပြောင်းရမည့် ကိစ္စ နှင့်လယ်မြေ ၇၈၆၇ ဒသမ ၇၈ ဧက စွန့်လွှတ် ရမည့်အပေါ် စီမံကိန်း ဖော်ဆောင်သည့် ကုမ္ပဏီနှင့် ဒေသ ခံများအကြား ဆန့်ကျင်ဘက် သဘော ထားများဖြစ်ပေါ်ကာ ပဋိပက္ခဖြစ်ပွား ကြခြင်းဖြစ်သည်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template