Headlines News :
Home » » နေပြည်တော်တွင်ခေတ်စားနေသော ၀တ္ထုနှစ်ပုဒ်

နေပြည်တော်တွင်ခေတ်စားနေသော ၀တ္ထုနှစ်ပုဒ်

Written By လွင့်မောင်မောင် on Saturday, September 8, 2012 | 10:42 AM


ယခုတစ်လော နေပြည်တော်၏ ဆွေတော်မျိုးတော်အသိုင်းအ၀ိုင်းအတွင်း ၀တ္ထုနှစ်ပုဒ် ခေတ်စားနေကြောင်း မဖတ်ဖူးလျင်ခေတ်မမှီတော့လောက်အောင် ပေါက်နေကြောင်း အစိုးရနှင့်နီးစပ်သည့် အသိုင်းအ၀ိုင်းများမှ ကြားသိရသည်။ ၄င်းဝတ္ထုနှစ်ပုဒ်မှာ ကြတ်ပြေးအရှုပ်တော်ပုံနှင့် ကြေးမုံဦးသောင်းရေးသည့် ဦးနေ၀င်း၏ပြာတစ်ဆုတ်တို့ ဖြစ်ကြကြောင်း၊ ထိုစာအုပ်များကို နေပြည်တော်ရှိစာအုပ်ဆိုင်များတွင် မရနိုင်
သဖြင့် ရန်ကုန်မြို့ရှိ ပန်းဆိုးတန်းလေထန်ကုန်းရှိ လမ်းဘေးစာအုပ်တန်းများသို့ မိမိတို့၏အောက်လက်ငယ်သား ၀န်ထမ်းများအား တိုးတိုးတိတ်တိတ် မသိမသာ ၀ယ်ယူခိုင်းကြကြောင်းသိရှိရသည်။ ထိုစာအုပ်နှစ်အုပ်မှာ တရားဝင်ထုတ်ဝေခွင့်ပိတ်ပင်ထားသောစာအုပ်များဖြစ်ပြီး၊ Online ပေါ်တွင် ပေါက်နေသည်မှာ နှစ်အတော်ကြာခဲ့ပြီဖြစ်သည်။ ယခုမှ ထိုစာအုပ်များကို လိုက်လံဝယ်ယူဖတ်ရှုနေသည်မှာ ထူးဆန်းကြောင်းနှင့် စာအုပ်များ၏ဈေးနှုန်းများလည်း တက်သွားခဲ့ကြောင်း ပန်းဆိုးတန်းစာအုပ်တန်းမှ ညီငယ်တစ်ယောက်က “ဒီစာအုပ်နှစ်အုပ်က ဒီအောက်လမ်းစာအုပ်လောကကို ရောက်နေတာကြာပါပြီ။ အခုမှ ဘာလို့ ထပေါက်လည်းတော့ မသိဘူး။ အရင်ကဆိုဒီလိုပဲ တစ်ပတ် တစ်အုပ်နှစ်အုပ် လောက်ပဲရောင်းရတာ၊ ဈေးကလည်း ကြတ်ပြေးက ၆၀၀၀ ကျပ်၊ ပြာတဆုပ်က ၂၅၀၀ နဲ့ရောင်းနေတာ။ အခု ကြတ်ပြေးက ၁၀၀၀၀၊ ပြာတစ်ဆုပ်က ၃၅၀၀ ဖြစ်နေပြီ။ ဒီနေ့ဆို တစ်ယောက်တည်းက ကြတ်ပြေး ၄ အုပ်ဝယ်သွားတယ်။ တစ်ပတ်ကို အုပ် ၂၀၊ ၃၀ လောက်ကို ရောင်းနေရတယ်။ ဒါကျွန်တော့်ဆိုင်တစ်ဆိုင်တည်းနော် ကျန်တဲ့ဆိုင်တွေရဲ့ရောင်းအားမပါသေးဘူး” လို့ပြောကြားသွားပါတယ်။ ကြတ်ပြေးအရှုတ်တော်ပုံမှာ နေပြည်တော်ရှိ ယခင် ဦးသန်းရွှေလက်ထက် ဗိုလ်ချုပ်များ ရာထူးအပြိုင်အဆိုင်လုကြပုံတို့ကို ရေးသားထားပြီး၊ ဦးနေ၀င်း၏ပြာတစ်ဆုပ်မှာ ဦးနေ၀င်းသေတဲ့အချိန် အလောင်းမီးရှို့ရာမှ ရရှိတဲ့ အရိုးပြာအကြောင်းကို သရော်စာအနေနဲ့ ရေးသားထားခြင်းဖြစ်ပါတယ်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template