Headlines News :
Home » » ရုံးချုပ်အပေါ် ဆန္ဒပြပွဲ NLD ပြိုကွဲ အားနည်းအောင် ကြိုးပမ်းခြင်းလို့ ဦးဥာဏ်ဝင်းပြောဆို

ရုံးချုပ်အပေါ် ဆန္ဒပြပွဲ NLD ပြိုကွဲ အားနည်းအောင် ကြိုးပမ်းခြင်းလို့ ဦးဥာဏ်ဝင်းပြောဆို

Written By လွင့်မောင်မောင် on Thursday, September 6, 2012 | 8:28 AM

မြို့နယ်တချို့မှာ လတ်တလော ဖြစ်ပေါ်နေတဲ့ NLD အဖွဲ့ဝင်တွေရဲ့ ပါတီရုံးချုပ်အပေါ် ဆန္ဒဖော်ထုတ်ပွဲတွေဟာ အင်န်အယ်လ်ဒီပါတီကို ပြိုကွဲအောင် အားနည်းအောင် ကြိုးပမ်းနေကြတာသာ ဖြစ်တယ်လို့ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ဒီကနေ့ ပြောကြားလိုက်ပါတယ်။

RFA
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်း
ဧရာဝတီတိုင်း မြောင်းမြမြို့၊ ရန်ကုန်တိုင်း တွံတေးမြို့တွေမှာ များမကြာခင်က ဒေသခံ NLD ပါတီဝင်တွေ စုရုံးပြီး ပါတီရုံးချုပ်ရဲ့ ညီလာခံ ကျင်းပရေး ကော်မရှင်အဖွဲ့ဝင် ရွေးချယ်မှု မူဝါဒကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပြီး နောက်ထပ်လည်း မကွေးတိုင်းအတွင်း ဆန္ဒပြဖို့ ရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာနဲ့ပတ်သက်လို့ RFA ရဲ့ မေးမြန်းချက်ကို ဦးဥာဏ်ဝင်းက အခုလို တုံ့ပြန် ပြောကြားလိုက်တာပါ။
“ဒါကတော့ NLD ကို မလိုလားတဲ့သူတွေက လုပ်တာပဲ။ ဆန္ဒပြတာ ဘယ်လိုပုံစံမျိုးနဲ့ ပြပြ ကိုယ့်အထဲမှာ ညှိနှိုင်းရမှာကို မညှိနှိုင်းပဲ လုပ်တဲ့အတွက် ဒါဟာ NLD ကို အားနည်းအောင်လုပ်တယ်လို့ ကျွန်တော် ယူဆတယ်။ ကျွန်တော်တို့က ကြိုပြီးတော့လည်း မသိဘူး။ ကြိုသိရင်လည်း အကျိုးအကြောင်း ပြည့်စုံမသိဘူး။ မသိပဲနဲ့ ကျွန်တော်တို့ တားတာ ပြုတာ မလုပ်ဘူး”
NLD ပါတီဟာ မြောင်းမြမြို့နယ် ဆန္ဒထုတ်ဖော်ပွဲမှာ ဦးဆောင်ခဲ့သူ နှစ်ဦးကို ပါတီဗဟိုညီလာခံ ကျင်းပချိန်အထိ ပါတီဝင်အဖြစ်ကနေ ရပ်ဆိုင်းထားလိုက်တယ်လို့ စက်တင်ဘာ ၃ ရက်နေ့က ကြေညာချက် ထုတ်ခဲ့ပါတယ်။
မနေ့က တွံတေးမြို့နယ်မှာ ပြုလုပ်ခဲ့တဲ့ ဆန္ဒပြပွဲနဲ့ ပတ်သက်လို့တော့ ဘယ်လို ဆောင်ရွက်ဖို့ ရှိတယ်ဆိုတာ မဆုံးဖြတ်ရသေးဘူးလို့ ဦးဥာဏ်ဝင်းက ပြောပါတယ်။

RFA Burmese
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template