နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေခုံရုံးဥက္ကဌနှင့် အဖွဲ့ဝင်များအား
၎င်းတို့၏ သဘောဆန္ဒအလျောက် ရာထူးမှ နှုတ်ထွက်ခွင့်ပြုကြောင်း
အမိန့်ကြော်ငြာစာကို နိုင်ငံတော်သမ္မတရုံးမှ ယနေ့ (စက်တင်ဘာ ၆ ရက်)
ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ကြောင်း မြန်မာ့ရုပ်မြင်သံကြား၏ ည ၈ နာရီ သတင်းတွင်
ကြေညာ သွားခဲ့သည်။ နှုတ်ထွက်ခွင့်ပြုခဲ့သော ခုံရုံးဥက္ကဋ္ဌနှင့်
အဖွဲ့ဝင်များမှာ စုစုပေါင်း ၉ ဦးရှိကြောင်း သိရှိရသည်။ ၎င်းတို့မှာ -
၁။ ဦးသိန်းစိုး - ဥက္ကဋ္ဌ
၂။ ဒေါက်တာတင်အောင်အေး - အဖွဲ့ဝင် (၁)
၃။ ဒေါ်ခင်လှမြင့် - အဖွဲ့ဝင်(၂)
၎။ ဦးထွန်းကြည် အဖွဲ့ဝင် (၃)
၅။ ဦးစိုးသိန်း အဖွဲ့ဝင် (၄)
၆။ ဦးခင်ထွန်း အဖွဲ့ဝင် (၅)
၇။ ဦးဆန်းမြင့် အဖွဲ့ဝင် (၆)
၈။ ဦးမြင့်ကြိုင် အဖွဲ့ဝင် (၇)
၉။ ဒေါ်မိမိရီ အဖွဲ့ဝင် (၈)
တို့ဖြစ်ကြောင်း သိရှိရသည်။