Headlines News :
Home » » KIO/KIA နှင့် ငြိမ်းချမ်းရေး တည်ဆောက်နိုင်မည် ဆိုပါက နိုင်ငံတွင်း ငြိမ်းချမ်းရေး တည်ဆောက်မှု အောင်မြင်ပြီဟု ဆိုနိုင်ကြောင်း နိုင်ငံတော် သမ္မတ ပြောကြား

KIO/KIA နှင့် ငြိမ်းချမ်းရေး တည်ဆောက်နိုင်မည် ဆိုပါက နိုင်ငံတွင်း ငြိမ်းချမ်းရေး တည်ဆောက်မှု အောင်မြင်ပြီဟု ဆိုနိုင်ကြောင်း နိုင်ငံတော် သမ္မတ ပြောကြား

Written By လွင့်မောင်မောင် on Saturday, September 8, 2012 | 1:23 AM

Friday, 07 September 2012 21:37
uts
နိုင်ငံတော် သမ္မတနှင့် တိုင်းရင်းသားရေးရာဝန်ကြီးများ စက်တင်ဘာလ ၇ ရက် မွန်းလွဲပိုင်းက တွေ့ဆုံစဉ် (ဓါတ်ပုံ-နိုင်ငံတော်သမ္မတရုံးဝက်ဘ်ဆိုက်)
KIO/KIA နှင့် ငြိမ်းချမ်းရေး တည်ဆောက် နိုင်မည်ဆိုပါက နိုင်ငံတွင်း ငြိမ်းချမ်းရေး တည်ဆောက်မှု  အောင်မြင်ပြီဟု ဆိုနိုင်ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က စက်တင်ဘာလ ၇ရက်နေ့တွင် နေပြည်တော်၌ ပြောကြားခဲ့ပါသည်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် နေပြည်တော်ရှိ သမ္မတ အိမ်တော်၌ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားရေးရာ ၀န်ကြီးများနှင့် တွေ့ဆုံစဉ် ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။

ငြိမ်းချမ်းရေး ရရှိရန်အတွက် လုပ်ငန်းစဉ်များ လုပ်ဆောင်နေရာတွင် ကျန်သည့် အဖွဲ့များနှင့် အထိုက်အလျောက် အောင်မြင်မှုများ ရရှိရှိနေပြီ ဖြစ်ကြောင်း၊ KIO/KIA နှင့် ငြိမ်းချမ်းရေး တည်ဆောက်နိုင်မည် ဆိုပါက မိမိတို့နိုင်ငံတွင် ငြိမ်းချမ်းရေး တည်ဆောက်မှုနှင့် ပတ်သက်၍ တော်တော်များများ အောင်မြင်မှု ရပြီဟု ဆိုရမည် ဖြစ်ကြောင်း၊ သို့သော်လည်း ရာနှုန်းပြည့် ရရှိရန်အတွက် အချိန်ယူ ဆွေးနွေး ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတက ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။

တိုင်းရင်းသားရေးရာ ၀န်ကြီးများနှင့် တွေ့ဆုံစဉ် ပြည်တွင်းငြိမ်းချမ်းရေး ကိစ္စရပ်များကို နိုင်ငံတော် သမ္မတက အလေးထား ဆွေးနွေးခဲ့သော်လည်း ၂၀၁၁ ခုနှစ် ဇွန်လမှ ကချင်ပြည်နယ်အတွင်း စတင်ဖြစ်ပေါ်နေခဲ့သော  တပ်မတော်နှင့်  KIO/KIA တပ်များအကြား အပြန်အလှန် ပစ်ခတ်မှုများမှာမူ ဆက်လက် ဖြစ်ပေါ်လျက်ရှိနေပါသည်။ ထို့အပြင် ယခုနှစ် သြဂုတ်လ တတိယပတ် အတွင်းမှစတင်၍ မြန်မာ့ တပ်မတော်နှင့် KIA တို့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ဖားကန့်မြို့နယ်အတွင်းရှိ ကျေးရွာများမှ စစ်ပြေးဒုက္ခသည် များ ဖားကန့်မြို့ပေါ်သို့ ပြောင်းရွှေ့ နေထိုင်ခဲ့ရာ စာရင်းများအရ လူဦးရေ ၈၀၀၀ ကျော် ရှိပြီဟု သိရပါသည်။

ကချင်ပြည်နယ်အတွင်း၌ စစ်ပွဲများဖြစ်ပွားနေသည်မှာ လွန်ခဲ့သော ၂၀၁၁ ခုနှစ် ဇွန်လမှစတင်ခဲ့ခြင်းဖြစ်ကာ
တိုက်ပွဲများ စတင်ဖြစ်ပွားရာ ဒေသသည် ဗန်းမော်ခရိုင် မိုးမောက် မြို့နယ်တွင်ဖြစ်ပြီး မြစ်ကြီးနား၊ ၀ိုင်း မော်မြို့နယ်၊ ဖားကန့်မြို့နယ်များ သို့ပါ သက်ရောက်မှုများရှိလာခဲ့ သည်။  စစ်ပွဲများကြောင့် မြစ်ကြီးနားနှင့် အခြားမြို့နယ်များတွင် မှီခိုနေသည့် ဒုက္ခသည်အရေအတွက်မှာ တစ်သိန်းဝန်းကျင်ရှိကြောင်း နိုင်ငံတကာ အဖွဲ့အစည်းများက ခန့်မှန်းထားကြသည်။ ဒုက္ခသည်များမှာ မြန်မာနိုင်ငံ အတွင်းသာမကဘဲ တရုတ်နိုင်ငံအတွင်းသို့ပါ ထွက်ပြေးတိမ်းရှောင်နေရပြီး တရုတ်အစိုးရကလက်ခံရန် ငြင်းဆန်သဖြင့် သြဂုတ်လကုန်ပိုင်း၌ မြန်မာနိုင်ငံအတွင်းသို့ ပြန် လည်ရွှေ့ပြောင်းရမှုများ ရှိခဲ့သည်။

KIA အဖွဲ့အနေဖြင့် အပစ်အခတ် ရပ်စဲရေးလုပ်ငန်းစဉ်ကို လုံးဝညှိနှိုင်း ဆွေးနွေးခြင်းမရှိဘဲ နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းမှု ပြုလုပ်ပြီးမှသာ အပစ်အခတ် ရပ်စဲမည် ဆိုသည့်အချက်ကို ကိုင်စွဲထားသဖြင့် လတ်တလော ပစ်ခတ်မှုများ ဖြစ်ပေါ်နေရခြင်း ဖြစ်သည်ဟု ကာကွယ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်အောင်သော်က စက်တင်ဘာလ ၆ ရက်နေ့က ပြုလုပ်ခဲ့သော အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၁) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခက်ထိန်နန်၏ အပစ်အခတ်ရပ်စဲရေး/ငြိမ်းချမ်းရေးနှင့် စပ်လျဉ်းသည့် မေးခွန်းအား ပြန်လည်ဖြေကြားရာတွင် ထည့်သွင်း ပြောကြားခဲ့ပါသည်။

"KIA အဖွဲ့အနေနဲ့ အပစ်အခတ် ရပ်စဲရေး လုပ်ငန်းစဉ်ကို လုံးဝညှိနှိုင်း ဆွေးနွေးခြင်းမရှိဘဲ နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းမှု ပြုလုပ်ပြီးမှသာ အပစ်အခတ် ရပ်စဲမည် ဆိုသည့်အချက်ကို ကိုင်စွဲထားသဖြင့် လတ်တလော ပစ်ခတ်မှုများ ဖြစ်ပေါ်နေရခြင်း ဖြစ်ပါတယ်။ သမ္မတကြီးရဲ့ ညွှန်ကြားချက် ရရှိပြီးနောက်ပိုင်း တပ်မတော် အနေဖြင့် ကေအိုင်အေ တပ်စခန်းများကို ထိုးစစ်ဆင်ခြင်းကို လုံးဝ ပြုလုပ်ခဲ့ခြင်းမရှိပါဘူး။ ဒါပေမယ့် အများပြည်သူ အသုံးပြုလျက်ရှိတဲ့ လမ်းကြောင်းနဲ့ နယ်မြေလုံခြုံရေး ဆောင်ရွက်စဉ် တစ်ဖက်မှ တိုက်ခိုက်လာမှုများအား ပြည်သူလူထု၏ အကျိုးစီးပွားကို အစဉ်စောင့်ရှောက်ရန် တာဝန်ရှိသည်နှင့်အညီ ယင်းတာဝန်ကိုသာ ထမ်းဆောင်နေခြင်း ဖြစ်ပါတယ်" ဟု ဗိုလ်မှူးချုပ် အောင်သော်က မေးခွန်းဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

ပြည်တွင်း ငြိမ်းချမ်းရေး ရရှိရန်အတွက် လုပ်ငန်းစဉ်များ လုပ်ဆောင်ရာ၌  အပစ် အခတ်ရပ်စဲရန် ဦးစွာ ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ အပစ်အခတ်ရပ်စဲပြီး နိုင်ငံရေးဆွေးနွေးမှု ဆောင်ရွက်ရန်မှာမူ တစ်နေရာနှင့်တစ်နေရာ၊ လူမျိုးစု တစ်စုနှင့်တစ်စု၊ လက်နက်ကိုင် အဖွဲ့အစည်း တစ်ခုနှင့်တစ်ခု မတူညီကွဲပြားသောအချက်များရှိသဖြင့် အချိန်ယူဆွေးနွေးပြီး ဆုံးဖြတ်ဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း၊ ပြီးလျှင် နောက်ဆုံးအဆင့်အနေ ဖြင့် လွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ကြမည်ဖြစ်ပါကြောင်း၊ လတ်တလောတွင် အဆင့်နှစ်ဆင့်ဖြင့် ဆောင်ရွက်နေပါကြောင်း၊ ပထမအဆင့်တွင် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်ဖြစ်ပါကြောင်း၊ ထိုသို့ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် ဆွေးနွေးရာတွင် တိုင်းရင်းသားရေးရာဝန်ကြီးများ အပါအဝင် တိုင်းရင်းသား လူမျိုးအားလုံး ဝိုင်းဝန်းဆောင်ရွက်မှသာ ပိုမိုအဆင်ပြေ ချောမွေ့မည် ဖြစ်ပါကြောင်း၊ ဝန်ကြီးများအနေဖြင့် မိမိတို့ အစိုးရအဖွဲ့နှင့်အတူ လက်ရည်တစ်ပြင်တည်း လက်တွဲ ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က တိုင်းရင်းသား ရေးရာဝန်ကြီးများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ပါသည်။

နိုင်ငံတော်သမ္မတနှင့် တိုင်းရင်းသား ရေးရာ ၀န်ကြီးများတွေ့ဆုံမှုသည် ပထမဆုံး အကြိမ်ဖြစ်ပြီး တစ်နှစ်လျှင် နှစ်ကြိမ်တွေ့ဆုံနိုင်အောင် ကြိုးစားသွားမည် ဖြစ်ကြောင်း၊ တိုင်းရင်းသား ရေးရာ ၀န်ကြီးများအနေဖြင့် ပြည်ထောင်စု အစိုးရ အဖွဲ့နှင့် တိုက်ရိုက်ထိတွေ့ ဆက်ဆံနိုင်ရန် နိုင်ငံတော် သမ္မတရုံးတွင် ပြည်ထောင်စု ၀န်ကြီးတစ်ဦးနှင့်အတူ ၀န်ကြီးဌာန တစ်ခုကိုလည်း ဖွင့်လှစ်ပေးထားကြောင်း နိုင်ငံတော် သမ္မတက ပြောကြားခဲ့ပါသည်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားရေးရာ ၀န်ကြီးများ တွေ့ဆုံမှုတွင် တိုင်ရင်းသား ရေးရာ ၀န်ကြီး ၂၉ နှင့် အတူ ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် ဒုတိယ သမ္မတ ဦးဉာဏ်ထွန်း၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကို၊ ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေး၊ သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးသိန်းညွန့်၊ ဦးစိုးမောင်၊ ဦးစိုးသိန်း၊ ဦးတင်နိုင်သိန်းနှင့် ဦးလှထွန်း၊ ဒုတိယဝန်ကြီး ဦးသန့်ရှင်းတို့ တက်ရောက်ခဲ့ကာ ၁နာရီ ၄၅ မိခန့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရပါသည်။ ဆွေးနွေးမှုများတွင် နယ်စပ်ဒေသ ဖွံ့ဖြိုးမှုဆိုင်ရာ ကိစ္စရပ်များအပါအ၀င် ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကိစ္စရပ်များ ပါဝင်ခဲ့သည်။

Eleven Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template