ရန်ကုန်ရောက် မိုးသီးဇွန်သို့ အရေးပေါ်အကြောင်းကြားစာ (အောင်ဝေး)
“အနှစ် (၂၀) မျှ တိုင်းပြည်အတွက် လုပ်လာပြီးနောက်
ကျနော်သည် ကိုယ့်ကိုယ်ကိုယ် ပြန်၍ကြည့်လိုက်သောအခါ
ကြိုးတိုက်ထဲသို့ရောက်၍နေသည်ကို
တွေ့ရလေသည်”
(ကာနယ် ချစ်ကောင်း)
မိုးသီး
ပြောပြီးသား စကားပဲ
ပြန်ပြောရတော့မယ်။
အိမ်လွမ်းစိတ်ဆိုတာလည်း
ဓားလှံ လက်နက်လိုပဲ
အမြဲ ထက်နေအောင် သွေးနေရတယ်။
မင်းဓား ထက်တာလည်း
အစ်ကို သိတယ်။
အစ်ကို့ဓား မတုံးဘူး ဆိုတာလည်း
မင်းသိတယ်။
ဒါပေမဲ့
အခုတော့ ဒို့ဓားတွေ
တံတွေးဆွတ် ခံလိုက်ရပြီ။
မိုးသီးရေ
မင်းပြန်ခဲ့တော့။
မင်းရဲ့အိမ်ပြန်လမ်းကို
ဝမ်းပန်းတသာ မကြိုနိုင်ကြမှတော့
မင်းပြန်ခဲ့တော့။
၂၄ နှစ်ကြာ အိမ်မပြန်နိုင်ခဲ့တဲ့
အဝေးရောက် သားတယောက်ရဲ့
အိမ်ပြန်လမ်းဟာ
အပြုံးပန်းတွေ ဝေခဲ့သင့်ပါတယ်။
ဒါပေမဲ့ ခုတော့
အမုန်းပန်းတွေနဲ့
ငရဲလမ်းကို ပြန်ရသလိုပါလားကွာ။
ရန်ကုန်မှာ
ယုံကြည်ရာမဲ့နေရင်တော့လည်း
ပြန်ခဲ့တော့ ညီရေ။
မင်းအိမ်ပြန်လာတာ
ဒူးထောက် အညံ့ခံဖို့
ပြန်လာတာမှ မဟုတ်တာ။
မင်းအိမ်ပြန်လာတာ
တောကြီး မီးရှို့ဖို့
ပြန်လာတာမှ မဟုတ်တာ။
ခုတော့
ရန်မကုန်သေးတဲ့ ရန်ကုန်က
အေးတိ အေးစက်နဲ့ပါလား။
ဒီမှာ မိုးသီး
ရီးပဲ
မင်း အခုလို အဆောတလျင်ပြန်ချင်တာ
မင်းရဲ့မဟာအမှား။
မင်းစဉ်းစားရမယ်
မင်းဟာ
တောရိုင်းနှင်းဆီ တော်လှန်ရေးသမား။
တော်လှန်ရေးမှန်ရင်
ရန်/ငါ ပြတ်ရမယ်
မိတ်/ရန် စည်းခြားရမယ်။
ငါတို့ကိုယ်တွေ့
ရန်/ငါ မပြတ်လို့
သံဃာ အသတ်ခံရတာ။
မင်းပြန်စဉ်းစား
ရန်ကုန်လေဆိပ်မှာ
မိတ်ဆွေလား၊ ရန်သူလား
နွားရိုင်းသွင်းချိန်လား။
အခုတော့…
ရီးပဲ မိုးသီး။
ဒီကနေ့ 
မင်း အစော်ကားခံရတယ်။
မနက်ဖြန်
ငါတို့ကို ထပ်စော်ကားကြတော့မယ်။
ညီလေးရေ
ပြန်ခဲ့တော့။
ကိုယ့်ဒဏ်ရာကို
ကိုယ် လျှာနဲ့လျက်ပြီး ပြန်ခဲ့တော့။
ခြင်္သေ့ဟာ
အစော်ကားခံခဲ့ရ။
သူရဲကောင်းဟာ
အစော်ကား ခံခဲ့ရ။
အမေ့သားဟာ
အစော်ကား ခံခဲ့ရ။
ငါတို့တွေ
တိုင်းပြည်ကို စွန့်ခွာခဲ့တာ
တိုင်းပြည်ကို ပြန်လာဖို့ပါ။
အခုတော့
နေပူထဲက လာတဲ့သူကို
ရေနွေးပူနဲ့လှမ်းပက်ခဲ့ကြပြီ။
အခုတော့
“ရှစ်ဆယ့်ရှစ်” ဆီ ပြန်တဲ့သူကို
အက်စစ်နဲ့လှမ်းပက်ခဲ့ကြပြီ။
ညီလေးရေ
ပြန်ခဲ့တော့။
မင်း ရန်ကုန်သွားတာဟာ
နိုင်ငံရေးဘ၀င်ကြောင်တွေရဲ့
သရော်လှောင်ပြောင်တာ
ခံဖို့မဟုတ်။
မင်း ရန်ကုန်သွားတာဟာ
သတင်းရောင်းစားတဲ့
သတင်းထောက်မ တယောက်ရဲ့မေးခွန်းကို
ဖြေဖို့မဟုတ်။
မင်း ရန်ကုန်သွားတာဟာ
အတုအယောင်ငြိမ်းချမ်းရေးအတွက်
ခုတုံး အလုပ်ခံဖို့မဟုတ်။
မင်း ရန်ကုန်သွားတာဟာ
ရန်ကုန်သက်သက်သွားတာ မဟုတ်ဘူးလေ။
မင်းသွားတာ
အမျိုးသားပြန်လည်သင့်မြတ်ရေးဆီကိုပဲ။
မင်းသွားတာ
ဒီမိုကရေစီနဲ့လူ့အခွင့်အရေးဆီကိုပဲ။
မင်းသွားတာ
ပြည်တွင်းငြိမ်းချမ်းရေးဆီကိုပဲ။
မင်းသွားတာ
စစ်မှန်တဲ့ပြည်ထောင်စုဆီကိုပဲ။
အခုတော့
လူကို ခွေးသတ်လေခြင်း။
တောမီးမနိုင်
တောင် မီးနဲ့ရှို့လေခြင်း။
ပြည်တော်ဝင် သီချင်းခမျာ
မီးခိုးညှော်နံ့စွဲခဲ့ပြီ။
ညီလေးရေ
မင်း ပြန်ခဲ့တော့
မင်းကို သူတို့
ကြိုးစင် တင်ကြတော့မယ်။
ဒို့ဗမာ့နိုင်ငံရေးကလည်း
ခွေးဟောင်လှချည်လား။
ညီမလေးက
လက်နက်ကိုင်တော်လှန်ရေးကိုကြောက်သတဲ့လား။
ညီမလေးက
ပြည်ပြေးတွေကို ရွံသတဲ့လား။
ခက်တာပဲ မိုးသီးရာ
မင်းကလည်း ထောင်မကျဖူး
(ငါကလည်း လက်နက်မကိုင်ဖူး)
ဒီတော့ကွာ
မင်းကလည်း နိုင်ငံရေးအကျဉ်းသားမဖြစ်ခဲ့
(ငါကလည်း လက်နက်ကိုင်ကဗျာဆရာ မဖြစ်ခဲ့)
မင်းလို ရှစ်ဆယ့်ရှစ်သူရဲကောင်း
မင်းလို ကျောင်းသားတပ်မတော် ဥက္ကဋ္ဌဟောင်း
ဒေါင်းတကောင်ကိုတောင်
စော်ကားရဲမှတော့…။
ဟေ့ကောင် မိုးသီး
တကယ်လို့ငါပြန်သွားရင်
ငါလို ထိပ်တန်းကဗျာဆရာ (၅၀) စာရင်းမ၀င်တဲ့
ပါမွှားကောင်ဆို
ဖိနပ်နဲ့တောင်ချွတ်ပြီးပေါက်ကြတော့မယ်။
ငါ မပြန်တော့ဘူး
မိုးသီးရေ။
အရူးတွေရဲ့ရန်ကုန်မှာ
ငါ မခိုလှုံချင်တော့ဘူး။
အရူးတွေနဲ့
ရန်ကုန်မှာ
ငါ မဆုံချင်တော့ဘူး။
မင်းရဲ့အိမ်ပြန်လမ်းမှာ
မုဒိတာပန်းမပွင့်တာ
ငါ ရင်နာတယ်။
ပြန်ခဲ့တော့
ညီလေးရေ။
ရန်ကုန်ပစ္စန္တရစ်ကို
ထားခဲ့တော့။
ဒို့ရဲ့ အမိရန်ကုန်တက္ကသိုလ်ကြီးနဲ့
အစဉ်အလာတွေကိုတော့
မင်း ရိုရိုသေသေ
အလေးပြုခဲ့။
မင်းရဲ့စရိုက်အတိုင်း
တိုက်ခိုက်စရာရှိရင်လည်း
တိုက်ခိုက်ပေါ့ကွာ။
ဒေါ်အောင်ဆန်းစုကြည်တို့
အဘဦးတင်ဦးတို့
ဆရာဦးဝင်းတင်တို့ကတော့
နတ်နေကိုင်းတွေနော် ညီလေး
ယောင်လို့တောင်သွားမချိုင်လေနဲ့။
မင်းရဲ့တချို့ကောင်တွေလို
ညောင်အိုးကွဲတွေကိုတော့
အိမ်ခေါင်းရင်း ခြံတိုင်မှာ စွပ်ခဲ့ပေတော့။
“ငါလာတယ်၊ ငါမြင်တယ်၊ ငါအောင်ပွဲခံတယ်”
ဂျူးလိယက်ဆီဇာ ကတော့
ပြောတာပဲ။
နောက်ပြီးတော့ သူပဲ
နောက်ကျော ဓားနဲ့အထိုးခံခဲ့ရတာပဲ။
သြ- ဘရုတပ်စ်
မင်းလည်းပါသကိုး။
သြ - မိုးဟိန်း
မင်းလည်းပါသကိုး။
ဟိုတုန်းက
တိုက်ပွဲဟာ အပြင်မှာမရှိဘူး
အထဲမှာပဲရှိတယ်လို့
ငါတို့မြင်ခဲ့ကြတယ်။
အခုတော့ ငါ့ အမြင်
(ကဗျာဆရာ အောင်ဝေးအမြင်)
ဗမာ့ရာဇ၀င်ဟာ ပြောင်းလဲသွား။
တိုက်ပွဲဟာ
တကယ်ပဲ အထဲမှာမရှိတော့။
တော်လှန်ရေးရဲ့အခြေခံပြဿနာဟာ
အာဏာပြဿနာပဲ။
ဒီမိုကရေစီပြဿနာ မဟုတ်ဘူး
လူ့အခွင့်အရေးပြဿနာ မဟုတ်ဘူး
အာဏာပြဿနာပဲ။
ဒီကနေ့ 
ဒီမိုကရေစီလောက်
လူ့အခွင့်အရေးလောက်
ပြောတတ် ဆိုတတ်ရင်ပဲ
ဟုတ်လှပြီထင်နေတဲ့
ရန်ကုန်နိုင်ငံရေး။
အာဏာနိုင်ငံရေးကို
ဘေးဖယ်ထားမှတော့
ငါတို့ဓားတွေလည်း
ဘာ အသုံးကျတော့မှာလဲ ညီလေး။
ညီလေး
အိမ်လွမ်းစိတ်ထက်
သူရဲကောင်းစိတ်က
အဖိတ်အစင် နည်းပါတယ်ကွာ။
အချောင်သမားတွေ လူရာဝင်နေတဲ့
ဒီနေ့ ခေတ်မှာ
မိုးသီးရေ
ကိုယ့်မြစ်ကိုပဲ
ကိုယ် ဆက်စီးကြရုံ။
ကိုယ့် စစ်ကိုပဲ
ကိုယ် ဆက်တိုက်ကြရုံ။
ပြန်ခဲ့တော့
ညီလေးရေ။
မင်းကို လက်မခံချင်တဲ့
အရပ်က
ပြန်ခဲ့တော့ ညီလေးရေ။
မိုးသီးဇွန်
ရှစ်ဆယ့်ရှစ်မှာ
ဒီမိုကရေစီတိုက်ပွဲဝင်ခဲ့တာ
အခုလို ရန်ကုန်မှာ စော်ကားခံဖို့လား။
မိုးသီးဇွန်
ကျောင်းသားတပ်မတော်မှာ
စစ်အစိုးရကိုတိုက်ခဲ့တာ
အခုလို ရန်ကုန်မှာ လှောင်ပြောင်ခံရဖို့လား။
မိုးသီးဇွန်
လွတ်မြောက်နယ်မြေမှာ
နိုင်ဝင်းဆွေတို့၊ ဖဒိုမန်းရှာတို့၊ ဗိုလ်ချုပ်မြတို့နဲ့တွေ့ခဲ့တာ
အခုလို ရန်ကုန်မှာ နှပ်ပစ်ခံရဖို့လား။
ညီလေးရေ
မင်းစွန့်လွှတ်ခဲ့သမျှဟာ
ရန်ကုန်က ခွေးအတွေ အူဖို့မဟုတ်ဘူး။
ညီလေးရေ
မင်း အိမ်နဲ့ဝေးခဲ့သမျှဟာ
ဖေ့စ်ဘုတ်ပေါ်က ငကြောင်တွေ
ဖွဖို့မဟုတ်ဘူး။
ညီလေးရေ
မင်း ဝေဖန်တိုက်ခိုက်ခံခဲ့သမျှဟာလည်း
ဂျာနယ်ထဲ လုပ်ကြံခံရဖို့မဟုတ်။
ပြန်ခဲ့တော့
ညီလေးရေ။
ဆဲဗင်းဂျူလိုင်အောက်မေ့ဖွယ်
နှစ်ငါးဆယ်အခမ်းအနား
မလုပ်ရလည်း ဘာဖြစ်လဲ
ကုန်ကျမယ့်ငွေတွေ
တခြားတနေရာ လှူလိုက်ပါလား - တဲ့။
အဲဒီလို မိန်းမမျိုးက
ဂျာနယ်လစ်အမည်ခံနေမှတော့
ဒို့ဗမာ့မီဒီယာလောကကြီးလည်း
ဘာ သောက်သုံးကျတော့မှာလဲ ညီလေးရာ။
ဂျာနယ်တိုင်းတော့ မဟုတ်
တချို့နားလည်တဲ့ဂျာနယ်တွေ
မင်းရဲ့အိမ်ပြန်လမ်းကို
လွမ်းလွမ်းဆွတ်ဆွတ် ကြိုကြရှာပါတယ်။
ကျေးဇူးတင်တယ်
ရဲဘော်တို့။
ကျေးဇူးတင်ပါတယ်
မိတ်ဆွေတို့။
ခွပ်ဒေါင်းမှန်ရင်
ဘယ်တော့မှ ကိုယ့်အလံ ကိုယ်ပြန်မနင်းဘူး။
လူထုဘက်သားမှန်ရင်
ဘယ်တော့မှ ညီညွတ်ရေးကို မဖြိုခွဲဘူး။
ဆရာဒဂုန်တာရာကိုတော့
အားနာတယ်။
ရန်ကုန်က နိုင်ငံရေးဆိုတာ
ရန်သူကို ရန်သူဖြစ်အောင်
မိတ်ဆွေကို ရန်သူဖြစ်အောင်
လုပ်နေသလိုပဲ။
ဝမ်းမနည်းနဲ့
ညီလေး။
အရမ်းလည်း
သွားမဆဲနဲ့ ညီလေး။
ကိုယ်ချင်းစာတရားက
တခြမ်းပဲ ရှိရဲ့။
ညီမလေးက
အဝေးရောက်အင်အားစုတွေကို မုန်းသတဲ့လား။
ညီမလေးက
ပြည်ပက လှုပ်ရှားမှုတွေကို မလိုဘူးတဲ့လား။
တိုက်ပွဲကကော
အထဲမှာရှိသေးတာ ဟုတ်ရဲ့လား။
မိုးသီးရေ
ရီးပဲ
မင်းကြောင့် အခုလို စော်ကားခံရတာ။
အဲဒါ မင်းရဲ့
ငမ်းငမ်းတက် အိမ်ပြန်ချင်စိတ်ကြောင့်ပဲ။
ခဏတစ်ဖြုတ်တော့
စောင့်ပါဦးလားကွာ
အခုတော့
မင်းရဲ့သမိုင်းကို ဖျောက်ဖျက်လိုက်ကြပြီ။
ညီလေးရေ
ပြန်ခဲ့တော့။
ရန်ကုန်ကို
တလိုင်းတို့လက်ထဲမှာ
ခွေးသေ ၀က်သေ ထားခဲ့တော့။
ငါတို့ညီအစ်ကိုတွေ
နယူးယောက်မြို့
မင်ဟတ်တန်မြစ်ထဲက
ဦးသန့်နာမည်နဲ့ ကျွန်းကလေးပေါ်မှာပဲ
တသက်လုံး အတူနေသွားကြတာပေါ့ကွာ။
မင်းသေတော့လည်း
ဒေါင်းအလံအုပ်ပြီး
ငါ ရိုရိုသေသေ သင်္ဂြိုဟ်ပေးမှာပေါ့။
ငါသေရင်လည်း
ကဗျာတပုဒ်ရွတ်ပြီး
မင်း သင်္ဂြိုဟ်ပေးပေါ့။
တိုင်းပြည်ချစ်စိတ်နဲ့
ဆာလောင်လာရင်
အဲဒီ ဦးသန့် ကျွန်းလေးပေါ်မှာ
“ဆဋ္ဌမ ဗမာနိုင်ငံတော်” ဆိုပြီး
ဆိုင်းဘုတ်ထောင် နေကြမယ်လေ။
မိုးသီးရေ
ညီလေးရေ
အမြန်ဆုံးပြန်ခဲ့တော့
မင်းကို
မလိုသူတို့
ကြိုးစင်တင်ကြတော့မယ်။
မင်ဟတ်တန်ရေ
တိုင်းပြည်မဲ့သွားတဲ့
သားကောင်းတယောက်ကို
ကောင်းမွန်စွာ ကြိုဆိုပါတော့။။
အောင်ဝေး
(စက်တင်ဘာ ၆ - ၂၀၁၂)
---------------------------------------------------------------------------------------------------------
မင်ဟတ်တန်ရောက် အောင်ဝေးသို့ အရေးပေါ်အကြောင်းကြားစာ ( မာဃ )
ခဗျားထွက်သွားတဲ့ အချိန်ကလောက် ရန်ကုန်ဟာ မထူးတော့ဘူး ကိုအောင်ဝေး
ရန်ကုန်ဟာ မအတော့ဘူး ကိုအောင်ဝေး
ရန်ကုန်ဟာ ဆင်းတုတော်မြင်တိုင်း ဘုရားမထင်တော့ဘူး
ဖွတ်ထွက်မှ တောင်ပို့မှန်းသိခဲ့ကြပေမယ့် အဲ့တောင်ပို့ ကိုထိုင်ကန်တော့ရလောက်အောင်
ရန်ကုန်ဟာ မတုန်း တော့ဘူး . . .
ပြောပြချင်တယ် ကိုအောင်ဝေး
ကျနော်ဟာ ကိုမိုးသီး လို လက်နက်ကိုင်တော်လှန်ရေးသမားမဟုတ်ဘူး
ကျနော်ဟာ ခဗျားလို နိုင်ငံကျော်နိုင်ငံရေးကဗျာဆရာကြီးမဟုတ်ဘူး
လူပိန်းပြောပြောရရင် လက်နက်မကိုင်ဖူးဘူး
လူသိထင်ရှား နိုင်ငံရေးသမားမဟုတ်ဘူး
၈၈ မှာ လူလားမမြောက်သေးဘူး
ခွပ်ဒေါင်းအရှင်လတ်လတ်ကိုတောင် ၂၀၀၇ မှာမှ မြင်ဖူးခဲ့တာ
ဒါပေမယ့် အေဘီမြောက်ပိုင်း အာဏာသံဝေဂ တွေက ဖတ်ရသမျှ ရင် ကို ဓါးနဲ့ဆွတယ် . . .
ကိုနိုင်အောင် မှာတာဝန်ရှိသလား ကိုအောင်နိုင်မှာ တာဝန်ရှိသလား
ခဗျားပြောတဲ့ ဥက္ကဌကြီးပါ ဆိုတဲ့ ကိုမိုးသီးကလွဲချ
အဲ့ဒီတုန်းကအသတ်ခံရတဲ့ ကျောင်းသားရဲဘော်တွေဟာ လမ်းဘေးက ခွေးတွေမဟုတ်
ရက်ရက်စက်စက် ဖိနှိပ်ခြေမွလိုက်ရအောင် ပုရွက်ဆိတ်တွေမဟုတ်
ခဗျားစကားအရဆိုရင် ဒေါင်းတွေဖြစ်တယ်
ဒေါင်းတောင်မှ ရိုးရိုးဒေါင်းမဟုတ်
သတ္တိသွေး စွေးစွေးနီတဲ့ ခွပ်ဒေါင်းတွေ . . .
လူထောင်မချီတဲ့ အေဘီကို အုပ်ချုပ်ခွင့်ရဖို့အတွက် ဇတ်တူသားခြင်းစား
ကျောင်းသား ကျောင်းသားခြင်းပြန်သတ်
ထွီ ရွံစရာကောင်းလိုက်ပုံက
အဖမ်းခံ အနှိပ်စက်ခံရတဲ့ လူတစ်ရာကျော်ဟာ အစိုးရသူလျို တဲ့လား
အသနားခံသူတွေကို ဇက်ဖြတ် လက်ဖြတ် ခြေဖြတ်
ကိုအောင်ဝေး ခဗျားနှယ် ကိုထွန်းအောင်ကျော်ကိုမှ အားမနာ
ကိုမိုးသီးလိုလူကို တာဝတီသာ ကိုတင်ရက်
ဒီမှာ ကိုယ့်လူ ကိုအောင်ဝေး
သေနတ်ကိုင်ရဲတိုင်း သူရဲကောင်းဆို
ဟောဒီလောကမှာ သူရဲကောင်းဆိုတာ ရေတွက် မနိုင်ဘူး . . .
ဒီကိစ္စနဲ့ ကိုမိုးသီး ဘာမဆိုင်ရင်
် မြန်မာနိုင်ငံကို ဘာသာနဲ့ခြေမွဖို့
အကွက်ချ စည်းဝေးကြတဲ့ မုတ်ဆိတ်ဖွားတွေနဲ့
ကျနော်တို့ရဲ့ ဥက္ကဌကြီး ဘာပြောခဲ့သလဲ
ထချ ဖို့ လက်နက်တွေစု ကြပါ ဟုတ်လား
ကိုအောင်ဝေး ခဗျားလေသံအရဆို ရီးပဲ အကြီးကြီးရီးပဲ
အဲ့ဒီလို လူမျိုးကိုမှ အက်ဆစ်နဲ့မပက်ရင်
ရန်ကုန်ကလူတွေ ကိုယ့်မျက်နှာကိုယ် ဓါးနဲ့လှီးပစ်မယ် . . .
ကိုအောင်ဝေး ခဗျားပြောသလို ကိုမိုးသီးပြည်တော်ပြန်တာ
အမျိုးသားသင့်မြတ်ရေးအတွက်လား ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက်လား ပြည်တွင်းငြိမ်းချမ်းရေးအတွက်လား
ဒါမှမဟုတ် လုပ်စားစရာမရှိတော့လို့ ဂွင်သစ်ဖန်တာလား ဆိုတာ ခဗျားဘယ်လို ခွဲခြားမလဲ
ခဗျား ဘယ်လို အာမခံမလဲ
ရီးပဲ ကိုအောင်ဝေး ရီးပဲ
ကမ္ဘာပါတ်ပြီး အလှူငွေတောင်း
မြန်မာပြည်အတွက်ဆိုတဲ့ အဆင့်မြင့် သူတောင်စားခေတ်က
ကုန်သွားပြီ . .
. ရန်ကုန်နိုင်ငံရေး မြန်မာနိုင်ငံရေး ဗမာ့နိုင်ငံရေး
ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် ပြန်လာမယ်ဆိုရင်
အေဘီက သွေးညှီနံ့တွေကို အရင်ဆေးခဲ့ကြ
ဘန်ကောက်မှာဆေးခဲ့ကြ
မန်ဟက်တန်မှာ ဆေးခဲ့ကြ
ရန်ကုန်ကို သယ်မလာနဲ့
ရန်ကုန်က သွေးညှီနံ့ဖုံးပြီးသား
ထပ်မသယ်နဲ့ . . .
ထပ်မသယ်လာခိုင်းနဲ့
ခဗျားရဲ့ အချောင်သမား သူရဲခေါင်းကို
မန်ဟက်တန်သာ ပြန်ခေါ်သွား . . .
(မာဃ)
Home »
ကဗျာ
,
ဝေဖန်ထောက်ပြ
» ရန်ကုန်ရောက် မိုးသီးဇွန်သို့ အရေးပေါ်အကြောင်းကြားစာ (အောင်ဝေး)..နှင့် မင်ဟတ်တန်ရောက် အောင်ဝေးသို့ အရေးပေါ်အကြောင်းကြားစာ ( မာဃ )
ရန်ကုန်ရောက် မိုးသီးဇွန်သို့ အရေးပေါ်အကြောင်းကြားစာ (အောင်ဝေး)..နှင့် မင်ဟတ်တန်ရောက် အောင်ဝေးသို့ အရေးပေါ်အကြောင်းကြားစာ ( မာဃ )
Written By လွင့်မောင်မောင် on Saturday, September 8, 2012 | 8:35 PM
Labels:
ကဗျာ,
ဝေဖန်ထောက်ပြ
တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ
-
►
2019
(10)
- ► 09/22 - 09/29 (1)
- ► 09/01 - 09/08 (2)
- ► 08/18 - 08/25 (1)
- ► 08/11 - 08/18 (6)
-
►
2018
(5)
- ► 03/18 - 03/25 (1)
- ► 01/14 - 01/21 (4)
-
►
2017
(110)
- ► 09/17 - 09/24 (1)
- ► 09/10 - 09/17 (8)
- ► 09/03 - 09/10 (5)
- ► 08/27 - 09/03 (26)
- ► 08/20 - 08/27 (5)
- ► 08/13 - 08/20 (28)
- ► 06/11 - 06/18 (2)
- ► 04/30 - 05/07 (6)
- ► 04/23 - 04/30 (29)
-
►
2016
(1136)
- ► 10/30 - 11/06 (5)
- ► 10/23 - 10/30 (1)
- ► 09/25 - 10/02 (2)
- ► 09/11 - 09/18 (5)
- ► 09/04 - 09/11 (2)
- ► 08/28 - 09/04 (3)
- ► 08/21 - 08/28 (6)
- ► 08/14 - 08/21 (3)
- ► 07/24 - 07/31 (9)
- ► 07/17 - 07/24 (4)
- ► 07/10 - 07/17 (23)
- ► 07/03 - 07/10 (14)
- ► 06/26 - 07/03 (6)
- ► 06/12 - 06/19 (10)
- ► 05/29 - 06/05 (28)
- ► 05/22 - 05/29 (9)
- ► 05/15 - 05/22 (17)
- ► 05/08 - 05/15 (40)
- ► 05/01 - 05/08 (43)
- ► 04/24 - 05/01 (37)
- ► 04/17 - 04/24 (42)
- ► 04/10 - 04/17 (26)
- ► 04/03 - 04/10 (69)
- ► 03/27 - 04/03 (74)
- ► 03/20 - 03/27 (65)
- ► 03/13 - 03/20 (47)
- ► 03/06 - 03/13 (58)
- ► 02/28 - 03/06 (52)
- ► 02/21 - 02/28 (51)
- ► 02/14 - 02/21 (58)
- ► 02/07 - 02/14 (68)
- ► 01/31 - 02/07 (85)
- ► 01/24 - 01/31 (55)
- ► 01/17 - 01/24 (40)
- ► 01/10 - 01/17 (25)
- ► 01/03 - 01/10 (54)
-
►
2015
(2792)
- ► 12/27 - 01/03 (61)
- ► 12/20 - 12/27 (78)
- ► 12/13 - 12/20 (73)
- ► 12/06 - 12/13 (71)
- ► 11/29 - 12/06 (54)
- ► 11/22 - 11/29 (19)
- ► 11/15 - 11/22 (23)
- ► 11/08 - 11/15 (43)
- ► 11/01 - 11/08 (28)
- ► 10/25 - 11/01 (8)
- ► 10/18 - 10/25 (2)
- ► 10/11 - 10/18 (6)
- ► 10/04 - 10/11 (2)
- ► 09/27 - 10/04 (8)
- ► 09/13 - 09/20 (9)
- ► 09/06 - 09/13 (28)
- ► 08/30 - 09/06 (44)
- ► 08/23 - 08/30 (72)
- ► 08/16 - 08/23 (87)
- ► 08/09 - 08/16 (57)
- ► 08/02 - 08/09 (63)
- ► 07/26 - 08/02 (56)
- ► 07/19 - 07/26 (67)
- ► 07/12 - 07/19 (28)
- ► 07/05 - 07/12 (79)
- ► 06/28 - 07/05 (50)
- ► 06/21 - 06/28 (56)
- ► 06/14 - 06/21 (76)
- ► 06/07 - 06/14 (119)
- ► 05/31 - 06/07 (66)
- ► 05/24 - 05/31 (64)
- ► 05/17 - 05/24 (53)
- ► 05/10 - 05/17 (60)
- ► 05/03 - 05/10 (87)
- ► 04/26 - 05/03 (108)
- ► 04/19 - 04/26 (115)
- ► 04/12 - 04/19 (76)
- ► 04/05 - 04/12 (90)
- ► 03/29 - 04/05 (28)
- ► 03/22 - 03/29 (23)
- ► 03/15 - 03/22 (55)
- ► 03/08 - 03/15 (124)
- ► 03/01 - 03/08 (131)
- ► 02/22 - 03/01 (90)
- ► 02/15 - 02/22 (47)
- ► 02/08 - 02/15 (1)
- ► 02/01 - 02/08 (61)
- ► 01/25 - 02/01 (64)
- ► 01/18 - 01/25 (44)
- ► 01/11 - 01/18 (12)
- ► 01/04 - 01/11 (26)
-
►
2014
(1966)
- ► 12/28 - 01/04 (28)
- ► 12/21 - 12/28 (28)
- ► 12/14 - 12/21 (10)
- ► 12/07 - 12/14 (43)
- ► 11/30 - 12/07 (43)
- ► 11/23 - 11/30 (14)
- ► 11/16 - 11/23 (50)
- ► 11/09 - 11/16 (77)
- ► 11/02 - 11/09 (56)
- ► 10/26 - 11/02 (11)
- ► 10/19 - 10/26 (37)
- ► 10/12 - 10/19 (43)
- ► 10/05 - 10/12 (27)
- ► 09/28 - 10/05 (53)
- ► 09/21 - 09/28 (36)
- ► 09/14 - 09/21 (1)
- ► 09/07 - 09/14 (22)
- ► 08/31 - 09/07 (29)
- ► 08/24 - 08/31 (30)
- ► 08/17 - 08/24 (24)
- ► 08/10 - 08/17 (26)
- ► 08/03 - 08/10 (4)
- ► 07/27 - 08/03 (83)
- ► 07/20 - 07/27 (78)
- ► 07/13 - 07/20 (30)
- ► 07/06 - 07/13 (47)
- ► 06/29 - 07/06 (13)
- ► 06/22 - 06/29 (48)
- ► 06/15 - 06/22 (91)
- ► 06/08 - 06/15 (27)
- ► 06/01 - 06/08 (26)
- ► 05/25 - 06/01 (31)
- ► 05/18 - 05/25 (48)
- ► 05/11 - 05/18 (31)
- ► 05/04 - 05/11 (12)
- ► 04/27 - 05/04 (23)
- ► 04/20 - 04/27 (13)
- ► 04/13 - 04/20 (60)
- ► 04/06 - 04/13 (31)
- ► 03/30 - 04/06 (18)
- ► 03/23 - 03/30 (19)
- ► 03/16 - 03/23 (43)
- ► 03/09 - 03/16 (58)
- ► 03/02 - 03/09 (36)
- ► 02/23 - 03/02 (84)
- ► 02/16 - 02/23 (68)
- ► 02/09 - 02/16 (69)
- ► 02/02 - 02/09 (45)
- ► 01/26 - 02/02 (85)
- ► 01/19 - 01/26 (38)
- ► 01/12 - 01/19 (19)
-
►
2013
(3646)
- ► 12/29 - 01/05 (6)
- ► 12/22 - 12/29 (81)
- ► 12/15 - 12/22 (105)
- ► 12/08 - 12/15 (90)
- ► 12/01 - 12/08 (58)
- ► 11/24 - 12/01 (58)
- ► 11/17 - 11/24 (85)
- ► 11/10 - 11/17 (111)
- ► 11/03 - 11/10 (118)
- ► 10/27 - 11/03 (127)
- ► 10/20 - 10/27 (177)
- ► 10/13 - 10/20 (189)
- ► 10/06 - 10/13 (215)
- ► 09/29 - 10/06 (229)
- ► 09/22 - 09/29 (100)
- ► 09/15 - 09/22 (98)
- ► 09/08 - 09/15 (55)
- ► 09/01 - 09/08 (74)
- ► 08/25 - 09/01 (52)
- ► 08/18 - 08/25 (37)
- ► 08/11 - 08/18 (31)
- ► 08/04 - 08/11 (35)
- ► 07/28 - 08/04 (55)
- ► 07/21 - 07/28 (43)
- ► 07/14 - 07/21 (24)
- ► 07/07 - 07/14 (24)
- ► 06/30 - 07/07 (25)
- ► 06/23 - 06/30 (105)
- ► 06/16 - 06/23 (98)
- ► 06/09 - 06/16 (122)
- ► 06/02 - 06/09 (64)
- ► 05/26 - 06/02 (99)
- ► 05/19 - 05/26 (100)
- ► 05/12 - 05/19 (151)
- ► 05/05 - 05/12 (88)
- ► 04/28 - 05/05 (62)
- ► 04/21 - 04/28 (11)
- ► 04/14 - 04/21 (6)
- ► 04/07 - 04/14 (6)
- ► 03/31 - 04/07 (18)
- ► 03/24 - 03/31 (37)
- ► 03/17 - 03/24 (60)
- ► 03/10 - 03/17 (29)
- ► 03/03 - 03/10 (33)
- ► 02/24 - 03/03 (3)
- ► 02/17 - 02/24 (3)
- ► 02/10 - 02/17 (19)
- ► 02/03 - 02/10 (46)
- ► 01/27 - 02/03 (60)
- ► 01/20 - 01/27 (60)
- ► 01/13 - 01/20 (34)
- ► 01/06 - 01/13 (30)
-
▼
2012
(4448)
- ► 12/30 - 01/06 (68)
- ► 12/23 - 12/30 (67)
- ► 12/16 - 12/23 (44)
- ► 12/09 - 12/16 (38)
- ► 12/02 - 12/09 (63)
- ► 11/25 - 12/02 (61)
- ► 11/18 - 11/25 (69)
- ► 11/11 - 11/18 (76)
- ► 11/04 - 11/11 (101)
- ► 10/28 - 11/04 (45)
- ► 10/21 - 10/28 (111)
- ► 10/14 - 10/21 (94)
- ► 10/07 - 10/14 (123)
- ► 09/30 - 10/07 (138)
- ► 09/23 - 09/30 (138)
- ► 09/16 - 09/23 (178)
- ► 09/09 - 09/16 (141)
-
▼
09/02 - 09/09
(172)
- ၅၀၀၀ တန် ဖုန်းဂယက် လူတန်းစားပေါင်းစုံ ရိုက်ခတ်
- ရန်ကုန်ရောက် မိုးသီးဇွန်သို့ အရေးပေါ်အကြောင်းကြားစာ...
- တရားဥပဒေ စိုးမိုးရေး ဆိုင်ရာ တွေ့ဆုံပွဲ
- ကျပ်ငွေ (၂၇၂၆) သိန်းနဲ့ စေတနာ ၀သန် ရန်ပုံငွေပွဲ
- ကြာသပတေးနေ့က ရွေးချယ်တဲ့ ၂၀၁၂ နိုင်ငံတကာ စူပါ မော်...
- ၀န်ကြီး အသစ် ၁၁ ဦး ခန့်အပ်ရာတွင် အရပ်သားများ အမျာ...
- မြိတ်မြို့ မှာ ရဲတပ်ဖွဲ့ ဝင်များ အထောက်အထားမရှိ အင...
- ပန်းချီမောင်မောင်သိုက် နှင့် NLD ဒီချုပ်အလံသမိုင်း...
- စစ်ရေးပဋိပက္ခအခြေအနေ ၈၈ မျိုးဆက်တွေ ကူညီဖြေရှင်းပေး...
- လောင်းလုံးပြည်သူ့လွှတ်တော်အမတ် ဦးအောင်စိုး ၏ Faceb...
- လယ်သမားအရေး ဆောင်ရွက်နေသူ လုံထိန်းရဲ လိုက်လံဖမ်းဆီး
- "၂ဝ၁၃ ဆီးဂိမ်းတွင် အင်တာနက်မြန်နှုန်း စောင့်ကြည့် အ...
- ဇာဂနာရှင်းတမ်း
- မိုးညှင်းခရိုင်အတွင်း တိုက်ပွဲများပြင်းပြင်းထန်ထန်...
- “ကိုရီးယား၊ဂျပန်၊ဗီယက်နမ် နိုင်ငံများက မြန်မာနိုင်...
- လက်ပံတောင်းတောင်ဒေသ လယ်သမားများ မီးထွန်းဆန္ဒဖော်ထုတ...
- နေပြည်တော်တွင်ခေတ်စားနေသော ၀တ္ထုနှစ်ပုဒ်
- ရဲဘော် သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ကျော်ဇော မြန်မာန...
- အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစ...
- ရန်ကုန် လှိုင်သာယာ စက်မှုဇုံမှာ ရှိတဲ့ ကိုးရီးယားပို...
- ပန်းရဲ့လမ်း ............. မကွေးမှာ ဓါးပြ အတိုက်ခံနေရ
- သမိုင်းက ဒဏ်ခတ်လိမ့်မယ် ( မောင်သွေးချွန် )
- KIO/KIA နှင့် ငြိမ်းချမ်းရေး တည်ဆောက်နိုင်မည် ဆိုပ...
- ရခိုင် ပဋိပက္ခ စုံစမ်းရေး ကော်မရှင် စစ်တွေသို့ ရောက...
- တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် ပုဂ္ဂိုလ်များ၏...
- ဘရာဇီးလ်နိုင်ငံထုတ် လေယာဉ်သစ်နှစ်စင်း နိုဝင်ဘာလတွင...
- မှုန်ပြပြမြင်ကွင်း ချင်းတွင်းရဲ့ကမ်းတဘက်က လက်ပန်းတေ...
- Discussion workshop on China investment in Myanmar...
- လက်ပန်းတောင်းတောင် မပျောက်ပျက်ရန် မုံရွာဒေသခံ များ...
- ABSDF မြောက်ပိုင်းကိစ္စနှင့်ပတ်သက်၍ မကဒတ(ကျောင်းသား...
- 0 မကျေနပ်မှုများကို သမ္မတရုံးဝက်ဆိုက်မှတဆင့် အွန်လို...
- ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် တိုင်းရင်းသားရေ...
- လမ်းမတော် (၁) လမ်း အိမ်သုံးဂတ်စ်အိုး အရောင်းဆိုင် ...
- သမ္မတညွှန်ကြားချက်ကြောင့်KIA အားထိုးစစ်ဆင်ခြင်း မပြု...
- အဖွဲ့ချုပ်ဥက္ကဌ၊ ကော့မှူးမြို့နယ် ထပ်မံသွားရောက် (ဓ...
- လုပ်ခလစာနှင့် အလုပ်သမား အခွင့်အရေး ဆိုင်ရာများ မြေ...
- နိုင်ငံခြားရင်းနှီးမှုဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်ေ...
- ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး၊ ပြည်ထောင်...
- ပြည်ထောင်စုလွှတ်တော်တွင် ပြည်ထောင်စုဝန်ကြီးအသစ်များ...
- မြေယာသိမ်းတိုက်ပွဲ ကြေးနီတောင်မှာ ဆင်နွှဲ
- ၀န်ကြီးများ ခန့်အပ်ခြင်း၊ ပြောင်းရွှေ့ တာဝန်ပေးအပ်ြ...
- ပထမအကြိမ် အမျိုးသားလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးမ...
- မြန်မာနိုင်ငံမှာ ကြွေးဝယ် Master Card သုံးနိုင် တေ...
- အပြင်ကကောင်တွေနဲ့ အထဲကကောင်တွေ ဇာတ်လမ်းကြီး
- ကေအိုင်အေ အဖွဲ့အနေဖြင့် အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစ...
- မျိုးစေ့မှန်အပင်သန်တယ်
- ခေတ်သစ်သင်ပုန်းကြီး
- ငါးဖမ်းရေယဉ် မြောက်များစွာ ဥပဒေချိုးဖောက်၍ ကန့်သန်...
- ကချင်ဒုက္ခသည် အမျိုးသမီးငယ်တွေ ရောင်းစားခံနေရ
- နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေခုံရုံးဥက္ကဌနှင့...
- လွှတ်တော်ရဲ့ အထက်မှာ မိုးကောင်းကင်ကြီးပဲ ရှိသတဲ့လား
- ဥပဒေပြုသူများသည် ဥပဒေကို လိုက်နာရန် မလိုအပ်တော့ပြီလော
- ကြေးနီ စီမံကိန်း ၏ ” ဘ၀ ဆက် တိုင်း အာဏာ ရှင် စနစ် ...
- စွန့်ဦး တီထွင်ကြမည့် သီးလေးသီး မျိုးဆက်သစ် လူငယ်င...
- လွှတ်တော်က ဖွဲ့စည်းပုံခုံရုံးကို စွပ်စွဲပြစ်တင်ချ...
- SNLD ပါတီဝင် လူဦးရေ ပြည့်မီ နေပြည်တော်သို့စာရင်းတင်
- လွှတ်တော် ဥက္ကဌ က ခုံရုံး ဥက္ကဌ နှင့် အဖွဲ့  ၀င်များ ...
- ခုံရုံး/လွှတ်တော်တိုက်ပွဲမှာ ပြန်ကြားရေးဌာန ကြားညှပ...
- ပြည်တော်ပြန် ဦးမိုးသီးဇွန်တို့ရဲ့သတင်းစာ ရှင်းလင်...
- ဆူပူမူကြောင့် ၅ လကြာမှ နစကနှင့် ဘီဂျီဘီ တပ်မှူး အဆ...
- ဆရာတော် ဦးဥတ္တမနေ့ တရားဝင် ကျင်းပ ခွင့်ရ
- ကိုမြအေးနှင့် ၈၈ မျိုးဆက်များ KNPP နှင့် ငြိမ်းချမ...
- စက်တင်ဘာလ ၆ ရက်နေ့ ထုတ် Hot News Weekly နှင့် 7Day...
- ၀န်ကြီးဌာန တခု ဖျက်သိမ်း၊ ၂ ခု ကို ၁ ခု ပေါင်း
- ရုံးချုပ်အပေါ် ဆန္ဒပြပွဲ NLD ပြိုကွဲ အားနည်းအောင် ကြ...
- ပုဂ္ဂလိက အာမခံလုပ်ငန်း လုပ်ကိုင်ရန်အတွက် ကမ္ဘောဇ၊ မက...
- အမေရိကန်နိုင်ငံခြားရေးမူဝါဒအာင်မြင်မှု မြန်မာကိုနမူ...
- စက်တင်ဘာလ (၆)ရက်နေ့ ထုတ် Popular News အတွဲ(၄)၊ အမှ...
- လက်ပန်းတောင်းတောင်လူထု အခေါင်းတု (၃) ခု မီးရှို့ပြီ...
- လွှတ်တော်တွင်းဆွေးနွေးချက် ပြည့်စုံစွာ ဖော်ပြပေးရန်...
- Video Converter Android PRO v1.3.1 for Android
- သူလိုလူမျိုးမြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဘွဲ့နှင့်တ...
- သမ္မတဦးသိန်းစိန်နှင့် တောင်အာဖရိကနိုင်ငံ အပြည်ပြည်...
- အစိုးရနှင့် ကေအင်န်ယူ နှစ်ဖက်တပ်များ လိုက်နာရမည့် ...
- ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော ရွှေတိဂုံဘုရား နောက်ဆု...
- ထားဝယ်စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံသူများ စိတ်ချ...
- လက်ပံတောင်းတောင် စီမံကိန်း အနီး ဤနေရာမှ ကျော်လျှင်...
- ဖုန်းသုံးစွဲသူများ အကြိုက် ကျပ်တစ်သောင်းအောက် ငြွေ...
- အဝေးပြေးလမ်းပေါ်တွင် အရှိန်မြင့်ကားများကို ရေဒါဖြင်...
- ပြင်ဆင်ဖွဲ့စည်းခဲ့သည့် ပြည်ထောင်စု အစိုးရအဖွဲ့ ၀န်...
- USB Disk Security 6.2 (တင်ပေးမည့် ပုံစံပါသဖြင့် မြ...
- ခုံရုံးသည် အခြေခံဥပဒေအား မခန့်လေးစား လုပ်နေကြောင်း...
- ပဲခူး၌ ရုပ်ရှင်မြို့တော် တည်ဆောက်ရန် စီစဉ်နေ
- ကချင်စစ်ပြေးဒုက္ခသည် ရေဘေးနှင့် ရင်ဆိုင်နေရ
- ၂၀၁၄ သန်းခေါင်စာရင်းအတွက် ပထမအဆင့်လုပ်ငန်းစတင်
- ၂၀၁၄ သန်းခေါင်စာရင်းအတွက် ပထမအဆင့်လုပ်ငန်းစတင်
- လစ်လပ်နေသောဝန်ကြီးဌာန ၁၀ ခု၏ ပြည်ထောင်စုဝန်ကြီးမျာ...
- စက်တင်္ဘာလ ၅ ရက်နေ့ ထုတ် SHADE ဂျာနယ်၊ အတွဲ(၆)၊အမှတ်...
- အစိုးရတပ်တွေ ပြောင်းရွှေ့ပေးဖို့ KNU ဆွေးနွေး
- ၂၀၁၃ တွင် မိုဘိုင်းဖုန်းများ ပြည်ပနိုင်ငံများသို့ ...
- ဒေါ်အောင်ဆန်းစုကြည် စက်တင်ဘာလ ၄ ရက်နေ့မှ စ၍ လွှတ်တော...
- နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေမူကြမ်းတွင် လုပ...
- စက်မှုဝန်ကြီးဌာန (နေပြည်တော်ရုံးချုပ်) ၀န်ထမ်းများ ...
- အရမ်းအရမ်းမြန်တဲ့ Wyzo Browser
- အစိုးရနှင့် KNU တပ်များဆုတ်ခွာရေးကိစ္စ မပြီးပြတ်သေး
- သဘာဝဓာတ်ငွေ့နှင့် လျှပ်စစ် ကဏ္ဍတွင် ပုဂ္ဂလိက ရင်းနှီ...
- နိုင်ငံတော်သမ္မတ သ၀ဏ်လွှာ ပြည်ထောင်စုလွှတ်တော် အတည်ပြ...
- ရင်းနှီးမြုပ်နှံလိုသူများကြောင့် ညောင်ဦးမြေဈေး က...
- ဆရာတော် ဦးဥတ္တမအား ရည်စူး၍ ရခိုင် ရဟန်းတော် တစ်ပါး...
- ဒုတိယဝန်ကြီး အပြောင်းအလဲကြောင့် ဆီးဂိမ်းမတိုင်မီ (...
- ► 08/26 - 09/02 (163)
- ► 08/19 - 08/26 (142)
- ► 08/12 - 08/19 (132)
- ► 08/05 - 08/12 (184)
- ► 07/29 - 08/05 (127)
- ► 07/22 - 07/29 (127)
- ► 07/15 - 07/22 (184)
- ► 07/08 - 07/15 (165)
- ► 07/01 - 07/08 (116)
- ► 06/24 - 07/01 (181)
- ► 06/17 - 06/24 (145)
- ► 06/10 - 06/17 (161)
- ► 06/03 - 06/10 (169)
- ► 05/27 - 06/03 (140)
- ► 05/20 - 05/27 (127)
- ► 05/13 - 05/20 (120)
- ► 05/06 - 05/13 (86)
- ► 04/29 - 05/06 (69)
- ► 04/22 - 04/29 (84)
- ► 04/15 - 04/22 (48)
- ► 04/08 - 04/15 (18)
- ► 04/01 - 04/08 (33)