Headlines News :
Home » » မလေးမြေမှာကစားမယ့် ဆော်ဒီ-မြန်မာပွဲစဉ်ပျက်

မလေးမြေမှာကစားမယ့် ဆော်ဒီ-မြန်မာပွဲစဉ်ပျက်

Written By လွင့်မောင်မောင် on Tuesday, September 4, 2012 | 3:51 PM



မလေးမှာ ကန်မယ့်ပွဲစဉ်ပျက်သွားတာ ကောင်းတယ် လို့ ဘောလုံးဆောင်းပါးရှင် ဦးခင်မောင်ထွေးက ပြောပါတယ်။

မြန်မာ ယူ-၁၇ ဘောလုံးအသင်းကို မလေးရှားမြေပေါ်မှာ ချစ်ကြည်ရေးခြေစမ်းပွဲ ကစားဖို့ သဘောတူခဲ့ပေမယ့် ကစားပွဲ နီးကပ်လာတဲ့အချိန်မှာတော့ ဒီအစီအစဉ် ပျက်သွားပြီ လို့ မြန်မာဘောလုံးအဖွဲ့ချုပ်-MFF ကပြောဆိုပါတယ်။မလေးမှာ ကန်ဖို့ ဆော်ဒီအာရေဗျ ယူ-၁၇ အသင်းက ဖိတ်ခေါ်ခဲ့တာပါ။MFF ရဲ့ပြန်ကြားရေးတာဝန်ခံ ဦးစိုးမိုးကတော့ “ကျနော်တို့ဘက်က အကြောင်းကြားတာ နောက်ကျလို့ ဒီဘက် arrange လုပ်ရတာခက်လို့ သွားမကန်တော့ဘူး၊ သူတို့လည်း လာအိုကိုရွေးလိုက်တယ်၊ ကျနော်တို့အနေနဲ့ Contest လုပ်ရတာလဲ ခက်လို့၊ နောက် ဗီဇာ ဘာညာလည်း အရမ်းခက်လို့” ဆိုပြီး ပြောပါတယ်။

မူလအစီအစဉ်အရ ဒီလ ၆ ရက်နေ့ (သဘက်ခါ) မြန်မာ နဲ့ ဆော်ဒီအသင်းတို့ဟာ ကွာလာလမ်ပူမြို့တော် မှာ ကစားဖို့ရှိခဲ့တာပါ။

ပွဲစဉ်ပျက်သွားရခြင်းအကြောင်းက ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ ဆက်စပ်မှု မရှိဘူးလို့ ဦးစိုးမိုးကတော့ ယတိပြတ်ပြောပါတယ်။

ဒါပေမယ့် ရခိုင်ပြည်နယ်ထဲမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး မလေးရှားရောက် ရွှေ့ပြောင်းမြန်မာ အလုပ်သမားတွေ သွားရေးလာရေး သတိထားနေရတဲ့ အချိန်မှာ ဆော်ဒီ-မြန်မာ ခြေစမ်းပွဲ ပျက်သွားခြင်းအပေါ် ဝါရင့် အားကစားကလောင်ရှင် ဦးခင်မောင်ထွေး (ပျဉ်းမနား) ကတော့ အကောင်းအနေနဲ့ ရှုမြင်ပြောဆိုပါတယ်။

“ကျနော်တို့နဲ့ မလေးနဲ့က အခုအတောအတွင်းမှာ မဆက်ဆံတာကောင်းတယ်ဗျ၊ အထူးသဖြင့်တော့ ဘောလုံးကွင်း ဆိုတာ လူတွေအများကြီးစုတဲ့ နေရာလေ၊ မြန်မာတွေက ကိုယ့်အသင်း ရှုံးရှုံးနိုင်နိုင် အားပေးတာကိုး ပြဿနာ တစုံတခုဖြစ်သွားရင် မကောင်းဘူးပေါ့၊ အဲဒီမှာ မကစားဖြစ်တာပဲ ကောင်းတယ်” လို့ ဦးခင်မောင်ထွေးက ပြောပါတယ်။

ခြေစမ်းပွဲ ပွဲစဉ်တွေကို စီစဉ်တဲ့ ဆော်ဒီအာရေဗျ နိုင်ငံအနေနဲ့ သူတို့ရဲ့နိုင်ငံမှာ မလုပ်ဘဲနဲ့ မလေးရှားနိုင်ငံမှာ လာလုပ်ပြီး မြန်မာအသင်းကို ဖိတ်ခေါ်ကစားခြင်းကိုလည်း ဦးခင်မောင်ထွေး က ဘဝင်မကျ ဖြစ်ရတယ်လို့ ဆိုပါတယ်။

လတ်တလော ရခိုင်အရေးနဲ့ ဆက်နွယ်ပြီး မလေးရှားရောက် မြန်မာ ပရိသတ် အတွက် စိုးရိမ်နေရတဲ့ အခြေအနေတွေ ရှိနေတာကြောင့် ပွဲစဉ်ပျက်သွားတဲ့အတွက်ကိုပဲ စိတ်အေးရတယ် လို့ သူက ပြောပါတယ်။
ယခုဖိတ်ခေါ်ပွဲစဉ်တွေဟာ ထိုင်း၊ ဗီယက်နမ်၊ စင်္ကာပူ အစရှိတဲ့ နေရာမျိုးမှာ ဖိတ်ခေါ်ကျင်းပရင် မြန်မာဘောလုံးလောက တိုးတက်ရေးအတွက် သွားရောက် ယှဉ်ပြိုင်သင့်တယ်လို့ ဆိုပါတယ်။

ကျော်ခ ~ဧရာဝတီ





Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template