တနင်္သာရီတိုင်း ၀န်ကြီးချူပ် ဦးမြတ်ကို |
ဒေသခံများ ပြန်လာနိုင်ရန် လုပ်ဆောင် ရာတွင် မိမိ တစ်ဦးတည်း အနေနှင့် မဖြစ်နိုင်ဘဲ DDPC အပါအ၀င် အားလုံးမှ လုပ်ဆောင်ရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။
ယင်းအတွက် အစိုးရ အနေနှင့် စိန်ခေါ်မှု များစွာ ရှိနိုင်သည်။
ညစ်ညမ်း အကြီးစား စက်ရုံ အများစုပါဝင်သည့် ထားဝယ် အထူးစီးပွားရေးဇုန်၊ စက်ရုံ လည်ပတ်ရန် လုပ်သား အင်အား ၁၈၀၀ ကျော် ရှိမည်ဟုဆိုသည့် လောင်းလုံးမြို့နယ်တွင် တည်ဆောက်မည့် ရေနံချက် စက်ရုံ များသည် ဒေသခံ များကို အလုပ်အကိုင် အခွင့်အလမ်း များစွာ ဖန်တီးနိုင် မည်မဟုတ်ဟု ဒေသခံ အများစု က မှတ်ချက်ပြုသည်။
အလုပ် လုပ်နေသည့် အလုပ်သမား များအား ပြန်ခေါ် ချင်လျှင် ပထမ အချက်အနေနှင့် ထိုင်းတွင်ပေးသည့် လစာနှင့် တန်းတူ ပေးနိုင် မပေးနိုင်ကို စဉ်စား ရမည်ဖြစ်ပြီး ဒေသအတွင်း အကောင် အထည်ဖော်သည့် လုပ်ငန်း များသည် လည်း ထိုင်းတွင် လုပ်လုပ်နေသူများ ပြန်လာနိုင်သည့် လူအင်အား များစွာသုံးရသည့် စက်မှုလုပ်ငန်း များဖြစ်သင့် သည်ဟု အသက် ၃၀ အရွယ် ထားဝယ် ဒေသခံ အလတ်စား စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက ဆိုသည်။
“ထိုင်းက လူတွေ ပြန်ခေါ်ဖို့ လုပ်နေ စရာမလိုပါဘူး။ တကယ် ဆိုရင် ဒီကလူတွေ မသွားအောင် လုပ်ရမှာ” ဟု ၎င်းက မှတ်ချက်ပြုသည်။
မကြာမီတွင် ထားဝယ်တွင် ထီးခီး ၊ မြိတ်တွင် မောတောင် စသည့် နယ်စပ် ဂိတ်များကို ဖွင့်လှစ်တော့ မည်ဖြစ်ပြီး ယင်းနေရာများတွင် စက်မှုဇုန် များဖြစ်လာလျှင် ဒေသဖွံ့ဖြိုး မှုကို ဖော်ဆောင်နိုင်မည် ၀န်ကြီးချူပ်က ဆိုသည်။
လက်ရှိ တွင် DDPC သည် ဟိုတယ်ဇုန်၊ သင်တန်းကျောင်း၊ ဈေးဝယ်စင်တာ တို့ကို စတင် အကောင် အထည် ဖော်နေပြီး လေကြောင်းလိုင်းတည်ထောင်ခြင်း အပြင် အခြား အကြီးစား လုပ်ငန်းများကို ရင်းနှီးမြှုပ်နှံရန် စီစဉ်လျှက်ရှိသည်။
ယခု လက်ရှိတွင် ခြောက်လ အတွင်း ဒေသခံ အလုပ်အကိုင်အခွင့်အလမ်း ၃၀၀ ခန့်ကို ဖန်တီးနိုင် မည်ဟု DDPC က ဆိုသည်။
ထားဝယ်ဒေသ တွင် ထိုင်းနိုင်ငံသို့ သွားရောက် အလုပ်လုပ် ကိုင်သူများပြီး အများစုသည် ဆောက်လုပ်ရေး လုပ်ငန်းနှင့် ရေလုပ်ငန်းနှင့် ရေလုပ်ငန်း ဆက်စပ် လုပ်ငန်း များတွင် လုပ်ကိုင်ကြသည်။
စီမံကိန်းကြောင့် ထားဝယ်ဒေသတွင် လာမည့်နှစ်ပိုင်း အတွင်း အလုပ်အကိုင် အခွင့်အလမ်း ရရှိလာမည် ဆိုသော်လည်း ကုန်ဈေးနှုန်း ကဲ့သို့သော ကိစ္စရပ် များက အလုပ်သမားများ ပြန်လာရေးအတွက် စိန်ခေါ်မှု ရှိဆဲ ပင်ဖြစ်ကြောင်း ထိုင်းရောက် အလုပ်သမား အချို့က ဆိုသည်။
“နောက် လာမယ့် ၃ နှစ်ဆိုရင် ဗမာပြည်မှာ အလုပ်တွေ ဒီကနဲ့ တူသွားပြီ၊ နိုင်ငံခြား စက်ရုံတွေ ၀င်ပြီ ပြောတယ်။ ဒါပေမဲ့ နောက်ထပ် လာမယ့် ၃ နှစ်ဆိုရင် ထိုင်းနိုင်ငံ ကလည်း လုပ်ခွင့် ပါမစ် ၇ မျိုး ထပ်တိုးပေး ထားပြီ”ဟု ထိုင်းနိုင်ငံ ရနောင်းမြို့တွင် မိသားစုလိုက် ပြောင်းရွေ့နေထိုင် အလုပ် လုပ်ကိုင်သော ကိုသားကျော်က ပြောကြားသည်။
ဝင်ငွေနှင့် ကုန်ဈေးနှုန်း အချိုးအစား မျှတရေး၊ ရေ၊ မီး ကဲ့သို့သော အခြေခံ အဆောက်အဦများ ပြည်စုံ လောက်ငှရေးတို့သည်လည်း အဓိက စိန်ခေါ်မှု များဖြစ်ကြောင်း သူက ဆိုသည်။
“ကျွန်တော်တို့ ဒီမှာ မီး တစ်ယူနစ် ကို ၅ ဘတ်၊ ဗမာပြည်မှာ ဘတ် ၂၀ ကျော်တယ်။ ကွာခြားချက် ရှိတယ်။ ဗမာပြည်မှာ တော်ရုံတန်ရုံ လူတန်းစား တယောက်အနေနဲ့ မီးစုံ၊ ရေစုံ မနေနိုင်ဘူး”ဟု ကိုသားကျော်က ဖွင့်ဟသည်။
လက်ရှိအချိန်အထိ ဒေသအတွင်း အကောင်အထည် ဖော်နေသည့် စီမံကိန်းများတွင် အလုပ်အကိုင် အခွင့်အလမ်းဖန်တီးနိုင်မှုသည် အားရစရာ မရှိသေးကြောင်း ဒေသခံ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက မှတ်ချက်ပြုသည်။
အမှန်တကယ် အကောင် အထည် ဖော်ဆောင်ရွက် သင့်သော လုပ်ငန်း မျာမှာ ဒေသခံ များ ရင်းနှီး ကျွမ်းကျင်ပြီး ဖြစ်သော လုပ်သား အင်အားများစွာ အသုံးပြုရသည့် အအေးခန်း အပါအ၀င် ရေလုပ်ငန်းနှင့် ဆက်စပ်သည့် စက်ရုံများ၊ အထည်ချူပ် လုပ်ငန်း စသည့် တို့ကို အကောင်အထည် ဖော်သင့်သည်ဟု ဒေသခံ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက မှတ်ချက်ပြုသည်။
“ကြိုးစားနေ တာကိုတော့ အသိအမှတ်ပြု ပါတယ်။ ဒါပေမယ့် လုပ်နေတဲ့ စီမံကိန်း တွေက အလုပ်အကိုင် အခွင့်အလမ်း အတွက် အားရ စရာ မရှိဘူး” ဟု ၎င်းက ဆိုသည်။
ထိုင်းနိုင်ငံတွင် မြန်မာ ရွှေ့ပြောင်းအလုပ်သမား ၃ သန်း ခန့်ရှိသည်ဟု အလုပ် သမားရေး လုပ်ဆောင်နေသူများကခန့်မှန်းသည်။
Dawei Watch