စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ကြေးနီတောင် စီမံကိန်းအတွက် သီးနှံလျော်ကြေးသာ ပေးထားတဲ့ လယ်ယာမြေတွေအပေါ် မြေစာတွေ စုပုံနေမှုနဲ့ အနီးနားဝန်းကျင်က ကျေးရွာတွေကို အတင်း အဓမ္မ ရွှေ့ပြောင်းခိုင်းနေတဲ့ အတွက် ရွာပေါင်း ၂၆ ရွာက လယ်သမားတွေ စုပေါင်းပြီး လယ်သိမ်းတိုက်ပွဲ ဆင်နွှဲနေကြပါတယ်။ လက်ပတောင်းတောင် ကြေးနီစီမံကိန်းကို မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နဲ့ တရုတ် ၀မ်ပေါင်ကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်နေတာ ဖြစ်ပြီး အခုအခါ ရွာပေါင်း ၂၆ ရွာက လယ်ဧက စုစုပေါင်း ၇၀၀၀ ကျော်ကို သိမ်းယူကာ သီးနှံလျော်ကြေးအနေနဲ့ ၃ နှစ်စာ တဧကကို ၅ သိန်း ၂ သောင်းနှုန်းနဲ့ လျော်ကြေးပေးပေမဲ့ မြေယာလျော်ကြေး မပေးတဲ့အတွက် လယ်ယာမြေတွေကို လယ်သမားတွေကသာ ပိုင်ဆိုင်တာဖြစ်တယ်လို့ သိရှိရပါတယ်။
အခုထိလူငယ်လေးတစ်ယောက်ပါ ချစ်သူ
-
အခုထိလူငယ်လေးတစ်ယောက်ပါ ချစ်သူ
❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿
လွန်ခဲ့တဲ့နှစ်များဆီသို့ပြန်တမ်းတတိုင်း
မျက်ဝန်းထဲမှာ သခင့်ရုပ်လွှာ သက...
8 years ago