Headlines News :
Home » , » ခုံရုံး/လွှတ်တော်တိုက်ပွဲမှာ ပြန်ကြားရေးဌာန ကြားညှပ်ပြီ

ခုံရုံး/လွှတ်တော်တိုက်ပွဲမှာ ပြန်ကြားရေးဌာန ကြားညှပ်ပြီ

Written By လွင့်မောင်မောင် on Thursday, September 6, 2012 | 6:50 PM


အခြေခံဥပဒေဆိုင်ရာခုံရုံး နဲ့ လွှတ်တော်အကြား အငြင်းပွားနေတဲ့ ပြည်ထောင်စု အဆင့် ပြဿနာနဲ့ပတ်သက်ပြီး လွှတ်တော်ကိုဝေဖန်တဲ့ ဆောင်းပါးတစောင် အစိုးရအာဘော် မြန်မာ့အလင်းသတင်းစာမှာ စက်တင်ဘာ ၂ ရက်နေ့က ပါလာပါတယ်။
“Union Level ဒွိဟ သို့မဟုတ် ပြည်ထောင်စုအဆင့် ဖွင့်ဆိုခြင်း၏ နောက်ဆက်တွဲ ဆန်းစစ်ချက်” ဆိုတဲ့ ခေါင်းစဉ်နဲ့ပါ။ ရေးသူက ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်၊
ဒု ပါမောက္ခချုပ်၊ ဒေါက်တာမာလာအောင် ဖြစ်ပါတယ်။ ခုံရုံးကမှန်တယ်၊ လွှတ်တော်က မှားတယ်လို့ ဆောင်းပါးက ဆိုပါတယ်။ ပြည်သူ့လွှတ်တော်မှာတော့ ဒီဆောင်းပါးကြောင့် ပွဲဆူသွားပါပြီ။ မှန်ကန်မှု မရှိတဲ့ အမြင်တွေ နဲ့ တင်ပြထားတဲ့ ဆောင်းပါးဖြစ်တယ်လို့ လွှတ်တော်ရဲ့ ဥပဒေရေးရာနှင့် အထူး ကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် က ပြန်တုံ့ပြန်ပါတယ်။ ဆောင်းပါးရှင်က ဖွဲ့စည်းပုံ အခြေခံဥပဒေ အရေးပါပုံကို ဖော်ပြထားပြီး၊ အလွယ်တကူ ပြင်ဆင်နိုင်တဲ့ ကိစ္စ မဟုတ်ကြောင်းလည်း ရေးထားတဲ့အတွက် ဆောင်းပါးရှင်ရဲ့ ရည်ရွယ်ချက်၊ ဖော်ပြချက်တွေရဲ့ နောက်ကွယ်မှာ ပယောက တစုံတရာ ရှိနေသလားလို့ ကော်မရှင်က မေးခွန်းထုတ်ထားပါတယ်။ ဒီအချိန်မှာ မီးလောင်ရာ လေပင့်မလုပ်သင့်ကြောင်းလည်း ကော်မရှင်က ဝေဖန်လိုက်ပါတယ်။ ဒါ့အပြင် လွှတ်တော်က ပညာရေးဌာန၊ ပြန်ကြားရေးဌာနတို့ကိုလည်း ဆောင်းပါးအကြောင်း လွှတ်တော်မှာ လာရှင်းဖို့ စာပို့ခဲ့ပါတယ်။ ဆောင်းပါးရှင်ဟာ လက်ရှိတာဝန်ထမ်းနေခြင်း ဟုတ်မဟုတ်??
ပညာရေး ဒု ၀န်ကြီး ဦးအေးကြူက ဒေါက်တာမာလာအောင်ဟာ ဒုပါချုပ်တယောက် ဖြစ်တယ်၊ သို့သော်လည်း ဒီဆောင်းပါးက ပညာရေးဌာနနဲ့ မသက်ဆိုင်ကြောင်း လွှတ်တော်မှာ ဖြေဆိုပါတယ်။ နိုင်ငံပိုင်သတင်းစာများ၌ ဖော်ပြခြင်းဖြင့် ဖြစ်ပေါ်လာနိုင်သော အကျိုးသက်ရောက်မှုကို တွက်ဆပြီး ဖော်ပြပေးခြင်း ဟုတ်မဟုတ်?? ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က ဒီမေးခွန်းကို ဖြေဖို့ အချိန်ယူရအုံးမယ်၊ တနင်္လာနေ့မှာ လာရောက် ဖြေကြားမယ်လို့ လွှတ်တော်မှာ သွားပြောခဲ့ပါတယ်။ လွှတ်တော်ရေးရာ ကော်မတီတွေဟာ ပြည်ထောင်စုအဆင့် ရှိမရှိ အခြေခံဥပဒေဆိုင်ရာ ခုံရုံး နဲ့ လွှတ်တော် အကြား အငြင်းပွားမှုက အဆုံးမသတ်သေးပါဘူး။ နှစ်ဘက်စလုံးက တစက်မှ အလျှော့ပေးမယ့်ပုံ မရှိတဲ့ ဒီပြဿနာကြီး ဘယ်တော့ အဆုံးသတ်မယ်ဆိုတာလည်း မသိရသေးပါ။ ပြည်သူ့လွှတ်တော်မှာတော့ ဒီအကြောင်း စစ်ဆေးမယ့် စုံစမ်းရေးအဖွဲ့ ဖွဲ့ထားပါပြီ။ ဒီအဖွဲ့မှာ ပါဝင်သူတွေနဲ့ ပတ်သက်ပြီး ခုံရုံးက ကန့်ကွက်ခဲ့လို့ လွှတ်တော်က နည်းနည်း လျှော့ပေးပါတယ်၊ စုံစမ်းရေးအဖွဲ့ ဥက္ကဋ္ဌဦးနန္ဒကျော်စွာ နေရာမှာ ဦးသိန်းဆွေ နဲ့ အစားထိုးပေးလိုက်တာပါ။ သို့သော်လည်း စုံစမ်းရေးအဖွဲ့ကတော့ သူတို့ရဲ့ ဆင့်ခေါ်ချက်ကို ခုံရုံးလူကြီးမင်းတွေက "မခန့်လေးစား" လုပ်ခဲ့တယ်လို့ မနေ့က လွှတ်တော်မှာ ချပြလိုက်ပါတယ်။ သူတို့က ရုံးမှာ "ရုံးချိန်ပြည့်" စောင့်ဆိုင်းခဲ့ပေမယ့် ခုံရုံးလူကြီးမင်းတွေ ပေါ်မလာဘူး၊ စာလည်း ပို့မလာဘူး လို့ ဆိုပါတယ်။ ဒါကတော့ ခုံရုံး/လွှတ်တော် အငြင်းပွားမှု နောက်ဆုံးအခြေအနေပါပဲ။ ခုံရုံးနဲ့လွှတ်တော်တို့ရဲ့တိုက်ပွဲကြီးမှာ အစိုးရဌာနတွေ အထူးသဖြင့် ပြန်ကြားရေးဝန်ကြီးဌာန ကြားညှပ်နေပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။
 ခင်ဦးသာ(ဧရာဝတီ )
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template