Headlines News :
Home » » နိုင်ငံခြားရင်းနှီးမှုဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်၌ အတည်ပြု

နိုင်ငံခြားရင်းနှီးမှုဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်၌ အတည်ပြု

Written By လွင့်မောင်မောင် on Friday, September 7, 2012 | 6:26 PM

ယနေ့ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် နိုင်ငံခြားရင်နှီးမြှပ်နှံမှုဥပဒေကြမ်းကို အတည်ပြုခဲ့ပါသည်။
အတည်ပြုခဲ့သည့် ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော် နာယကမှတစ်ဆင့် နိုင်ငံတော်သမ္မတထံ ပေးပို့သွားမည်ဖြစ်ပြီး နိုင်ငံတော်သမ္မတမှ ပြင်ဆင်ရန်မရှိပါက အပြီးသတ် အတည်ပြုထောက်ခံမည် ဖြစ်ပါသည်။

ယခုကဲ့သို့ အတည်ပြုခဲ့သည့် နိုင်ငံခြားရင်နှီးမြှပ်နှံမှုဥပဒေကြမ်းတွင် နိုင်ငံခြားရင်းနှီးမြှပ်နှံမှု လုပ်ငန်းများကို ကန့်သတ်သည့် (သို့မဟုတ်) တားမြစ်သည့်လုပ်ငန်းများ လျော့ချခြင်း၊ နိုင်ငံခြားသားက ရင်းနှီးမြှပ်နှံမှုပြုလုပ်ရာတွင် ကနဦး ရင်နှီးမြှပ်နှံမှု ပမာဏ အနည်းဆုံး အမေရိကန်ဒေါ်လာ ၅ သန်း နိုင်ငံခြားသုံးငွေ ပါဝင်ရမည်ဆိုသည့်အချက်ကို ပယ်ဖျက်ခြင်း၊ နိုင်ငံခြား မတည်ငွေရင်း ရာခိုင်နှုန်းအပြည့် လုပ်ကိုင်ခွင့်မရှိသော ကန့်သတ်ထားသည့် လုပ်ငန်းများတွင် ဖက်စပ်လုပ်ငန်းအဖြစ် ဖွဲ့သည်းခွင့်ရပါက နိုင်ငံခြား မတည်ငွေရင်းသည် စုစုပေါင်း မတည်ငွေရင်း၏ အများဆုံး ၄၉ ရာခိုင်နှုန်းဖြစ်ရမည့်အချက်အစား နိုင်ငံခြားသားသည် နိုင်ငံသားနှင့် တားမြစ်သည့်လုပ်ငန်း၊ ကန့်သတ်သည့်လုပ်ငန်းများကို ဖက်စပ်လုပ်ကိုင်ပါက စုစုပေါင်း နိုင်ငံခြား မတည်ငွေရင်း၏ ၅၀-၅၀ အချိုးအတိုင်း ဆောင်ရွက်ရန်ဖြစ်သည် ဆိုသည့်အချက်ကိုပြင်ဆင်ခြင်း၊ ကော်မရှင်ဖွဲ့စည်းရာတွင် အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ပညာရှင်များ၊ စီးပွားရေးနယ်ပယ်အသီးသီးရှိ စီးပွားရေးကျွမ်းကျင်သူများထဲမှ သင့်လျောသော ပုဂ္ဂိုလ်များအား အဖွဲ့ဝင်အဖြစ် ပါဝင်ဖွဲ့စည်းရမည်ဆိုသည့်အချက်ကို လည်းကောင်း၊ ရင်းနှီးမြှပ်နှံမှုလုပ်ငန်းများအား မြန်မာနိုင်ငံသားများက ပြန်လည်ဝယ်ယူနိုင်မည့်အခြေအနေရှိလျှင် ကမ်းလှမ်းပိုင်ခွင့်၊ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုလုပ်ငန်းများ၏ မူလစာချုပ်ပါသက်တမ်း (သို့မဟုတ်) ယင်းသက်တမ်းကို တိုးမြှင့်ပေးလျှင် ယင်းသို့တိုးမြှင့်ပေးသည့်သက်တမ်းအတွင်း တန်ဖိုးသင့် လျော်ကြေးပေး၍ ဆောင်ရွက်ခြင်း(နိုင်ငံပိုင်သိမ်းယူသည့်သဘော)ကို ပယ်ဖျက်ခဲ့ပြီး  နိုင်ငံခြားရင်နှီးမြှပ်နှံမှုဥပဒေကြမ်းကို အတည်ပြုခဲ့ကြောင်း သိရှိရသည်။
စက်တင်ဘာလ ၇ ရက်နေ့တွင် စတုတ္ထအကြိမ် လွှတ်တော်အစည်းအဝေးများ ပြီးဆုံးကြောင်းနှင့် ပဉ္စမအကြိမ်လွှတ်တော်အစည်းအဝေးများကို အောက်တိုဘာလ တတိယအပတ်တွင် ပြန်လည်စတင်မည်ဖြစ်ကြောင်း သိရှိရသည်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template