ရန်ကုန်၊ စက်တင်ဘာ-၇
တိုင်းရင်းသားရေးရာဝန်ကြီးများကို ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင်
ပါဝင်ခွင့်ပြုမည်ဖြစ်ကြောင်း သမ္မတက တိုင်းရင်းသားရေးရာဝန်ကြီးများနှင့်
တွေ့ဆုံရာတွင် ပြောကြားခဲ့ကြောင်း ရှမ်းပြည်နယ်၊
ကချင်တိုင်းရင်းသားရေးရာဝန်ကြီး ဒူးဝါးဇုတ်ဒေါင်က ပြောသည်။
"ပြည်သူ့ကိုယ်စားတောင်းဆိုတာပါ။ ငြိမ်းချမ်းရေးဆွေးနွေးပွဲ လုပ်ပြီးတိုင်း
ပြည်သူတွေကမေးကြတယ်။ ဘာအကြောင်းတွေ ဆွေးနွေးသွားလဲ။ ဘာကြောင့်
အဖြေမရသေးတာလဲ မေးရင် အရင်က မပြောပြတတ်ဘူး။ ပါဝင်ခွင့်ပေးမယ်ဆိုရင်
စေ့စပ်ညှိနှိုင်းပေးနိုင်သလို ပြည်သူတွေကိုလည်း ပြောပြနိုင်မယ်"ဟု
အထက်ပါပုဂ္ဂိုလ်ကပြောသည်။
နိုင်ငံတော်သမ္မတနှင့်
တိုင်းရင်းသားရေးရာဝန်ကြီး ၂၉ ဦးတို့သည် ယနေ့နေ့လည်တွင် နေပြည်တော်တွင် ၂
နာရီကြာ တွေ့ဆုံဆွေးနွေးခဲ့ပြီး တိုင်းရင်းသားရေးဝန်ကြီးများက
ငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် ပါဝင်ခွင့်ရရှိရေးနှင့် အဆောင်အယောင်နှင့်
လုပ်ပိုင်ခွင့်များပါဝင်သော အချက်ငါးချက်ကို တောင်းဆိုရာ သမ္မတက
လိုက်လျောခဲ့ကြောင်း အထက်ပါပုဂ္ဂိုလ်က ပြောသည်။
သမ္မတနှင့်
မတွေ့ဆုံမီတိုင်းရင်းသားရေးရာဝန်ကြီးများသည် စက်တင်ဘာ ၅ ရက်တွင်
ရန်ကုန်မြို့ရှိ အင်းလျားလိတ်ဟိုတယ်တွင်
တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့သည်။
အခုထိလူငယ်လေးတစ်ယောက်ပါ ချစ်သူ
-
အခုထိလူငယ်လေးတစ်ယောက်ပါ ချစ်သူ
❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿
လွန်ခဲ့တဲ့နှစ်များဆီသို့ပြန်တမ်းတတိုင်း
မျက်ဝန်းထဲမှာ သခင့်ရုပ်လွှာ သက...
8 years ago