Headlines News :
Home » » ရခိုင်အရေး သမ္မတရပ်တည်ချက် ထောက်ခံကြောင်း ဆက်လက်ဆန္ဒပြ

ရခိုင်အရေး သမ္မတရပ်တည်ချက် ထောက်ခံကြောင်း ဆက်လက်ဆန္ဒပြ

Written By လွင့်မောင်မောင် on Tuesday, September 4, 2012 | 7:26 PM

 

မန္တလေးမြို့မှာ ရခိုင်အရေးနဲ့ ပတ်သက်ပြီး သမ္မတ ဦးသိန်းစိန်ရဲ့ ရပ်တည်ချက်ကို ထောက်ခံကြောင်း ရဟန်းရှင်လူ ပြည်သူတွေက တတိယနေ့အဖြစ် ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

ဆန္ဒပြသူတွေက “ရိုဟင်ဂျာ အလိုမရှိ၊ မြန်မာပြည်က ထွက်သွားပေးပါ။ သမ္မတကြီးကို ထောက်ခံပါတယ်” အစရှိတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြသူ ရဟန်း အပါး ၄၀၀ လောက်နဲ့ ပြည်သူ ၄၀၀ လောက် စုစုပေါင်း ၈၀၀ လောက်ရှိကြောင်း လိုက်ပါသတင်းယူနေတဲ့ ဒီဗွီဘီသတင်းထောက်က ပြောပါတယ်။

ဆန္ဒပြရဟန်းသံဃာတွေဟာ သက်ဆိုင်ရာ ကျောင်းတိုက် အသီးသီးကနေ မြတောင်ကျောင်းတိုက်မှာ နေ့လည် ၁၂ နာရီခွဲလောက်မှာ စုဝေးပြီး လမ်းလျှောက်ချီတက် ဆန္ဒဖော်ထုတ်ခဲ့ကြတာပါ။

ဆန္ဒပြနေကြတဲ့ သူတွေကြားထဲကို လုံထိန်းတွေ ၀င်ရောက် ကာပေးနေကြပေမယ့် တားဆီးတာတော့ မလုပ်ကြဘူးလို့လည်း သိရပါတယ်။

ရိုဟင်ဂျာအရေးအပေါ် သမ္မတရဲ့ရပ်တည်ချက် ထောက်ခံဆန္ဒပြပွဲကို စက်တင်ဘာ ၂ ရက်နေ့က ရဟန်းရှင်လူ အင်အား ၁ ထောင်ကျော်လောက် ကျင်းပခဲ့ပေမယ့် စက်တင်ဘာ ၃ ရက်နေ့မှာတော့ အာဏာပိုင်တွေဘက်က ခွင့်မပြုခဲ့ပေမယ့် အချို့သံဃာတွေနဲ့ ပြည်သူတွေက ဆန္ဒပြခဲ့ကြပါတယ်။

မနေ့က စက်တင်ဘာ ၃ ရက် ညနေပိုင်းနဲ့ ညပိုင်းတွေမှာ မန္တလေးက ရဟန်းတွေ သီတင်းသုံးတဲ့ ကျောင်းတိုက်တွေကို အာဏာပိုင်တွေ ရောက်လာကြပြီး ဆန္ဒပြပွဲထဲ မပါကြဖို့ လာရောက် လျှောက်ထားခဲ့ကြတယ်လို့လည်း ဒီဗွီဘီ သတင်းထောက်က ပြောပါတယ်။

 by မိုးမြင့်ဇင် (ဒီဗွီဘီ)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template