Headlines News :
Home » , » မှုန်ပြပြမြင်ကွင်း ချင်းတွင်းရဲ့ကမ်းတဘက်က လက်ပန်းတောင်းတောင် ..တရုပ်ရဲ့ကြေးနီထုတ်လုပ်ရေးကြောင့် ပျောက်ကွယ်တော့မလား...နှင့် နှစ်ပေါင်း၂၆၀၀ကျော်ကဗုဒ္ဓအမွေအနှစ်တွေ တရုပ်ကုမ္မဏီကြေးနီထုတ်လုပ်မှုကြောင့် ပျက်စီးပျောက်ကွယ်တော့မည်။

မှုန်ပြပြမြင်ကွင်း ချင်းတွင်းရဲ့ကမ်းတဘက်က လက်ပန်းတောင်းတောင် ..တရုပ်ရဲ့ကြေးနီထုတ်လုပ်ရေးကြောင့် ပျောက်ကွယ်တော့မလား...နှင့် နှစ်ပေါင်း၂၆၀၀ကျော်ကဗုဒ္ဓအမွေအနှစ်တွေ တရုပ်ကုမ္မဏီကြေးနီထုတ်လုပ်မှုကြောင့် ပျက်စီးပျောက်ကွယ်တော့မည်။

Written By လွင့်မောင်မောင် on Saturday, September 8, 2012 | 12:57 AM


မုံရွာမြို့ လက်ပန်းတောင်းတောင်အား တောင်ကြည့်ပွဲ ကမ်းပိန်းကျင်းပ(7-9-2012) ရက်နေ့ ညနေ (၄)နာရီမှ စတင်ရာ စုရပ်အဖြစ် ချင်းတွင်းမြစ်ကမ်း ကူးတို့ဆိပ်တွင် သတ်မှတ်ထားရာ မုံရွာမြို့ခံလူထု များစွာ ပါဝင်လာရောက်ကြသည်။ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း
ကြောင့် ထိန်းသိမ်းခံထားရသည့် ကျေး၇ွာများမှ တောင်သူလယ်သမားများလည်း ချင်းတွင်းမြစ်ကူး၍ မုံရွာမြို့လူထုနှင့်ပါဝင်ပူးပေါင်းကြမည်ဖြစ်သည်။သို့သော် အာဏာပိုင်များမှာ စက်လှေများ မကူးရအောင် ပိတ်သိမ်းထားသဖြင့် ချင်းတွင်းမြစ်ကို မကူးနိုင်ပဲ ဖြစ်နေသော်ကြောင့် မြို့ခံလူထုမှ ကမ်းနားတားရိုးတစ်လျှောက် လက်ပန်းတောင်းတောင်ကြီးအား လာရောက်ကြည့်ရှုခံစားနေကြစဉ်။
 -------------------------------------------------------------------------------------------------------------
နှစ်ပေါင်း၂၆၀၀ကျော်ကဗုဒ္ဓအမွေအနှစ်တွေ တရုပ်ကုမ္မဏီကြေးနီထုတ်လုပ်မှုကြောင့် ပျက်စီးပျောက်ကွယ်တော့မည်။
Photo: နှစ်ပေါင်း၂၆၀၀ကျော်ကဗုဒ္ဓအမွေအနှစ်တွေ တရုပ်ကုမ္မဏီကြေးနီထုတ်လုပ်မှုကြောင့် ပျက်ဆီးပျောက်ကွယ်တော့မည်။
အာဖဂန်နစ္စတန်နိုင်ငံ Mes Aynak ဒေသရှိ နှစ်ပေါင်းနှစ်ထောင်ကျော်က ဗုဒ္ဓရှင်မြတ်၏ဓါတ်တော်မွေတော်တို့ ဌာပနာထားရာ ရှေးဟောင်းဘုရားကျောင်းတခုတွင် နိုင်ငံတကာရှေးဟောင်းသုတေသနပညာရှင်တစုက မကြာမှီကာလာအတွင်းတွင် ဒေါ်လာသန်း၁၀၀တန် တရုပ်ကြေးနီရှာဖွေထုတ်ရေးကုမ္မဏီကြောင့် ပျက်စီးဆုံးရှုံးတော့မည်ဖြစ်ကြောင်း၊ မပျက်စီးခင် ဗုဒ္ဓဘုရားရှင်ရှိစဉ်ကဓါတ်တော်မွေတော်နှင့် နှစ်ပေါင်းထောင်ကျော်သက်တမ်းရှိဖြစ်ပြီဖြစ်တဲ့ ဗုဒ္ဓဆင်းတုတော်တွေကို ရှာဖွေမှတ်တမ်းတင်နေကြပါတယ်။
အမေရိကန်ပြည်ထောင်စု Medhill Northwest တက္ကသိုလ်ပါမောက္ခနှင့် မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ Brent Huffman ဟာ လအတော်တန်ကြာကတည်းက အန္တရာယ်အလွန်များလှတဲ့အာဖဂန်နိုင်ငံအတွင်းရှိ အဆိုပါရှေးဟောင်းဒေသမှာ ရှာဖွေသုတေသနမှတ်တမ်းတင်လုပ်ကိုင်နေခဲ့ပါတယ်။ ရှေးဟောင်းဗုဒ္ဓဘုရားကျောင်းအောက်မှာ တည်ရှိနေတဲ့ ကြေးနီသိုက်ကိုတူးဖေါ်ခွင့်ရရှိထားတဲ့ China Metallurgical Group Corporation တရုပ်ကုမ္မဏီဟာ ကြေးနီထုတ်လုပ်ဖို့အတွက် ရှေးဟောင်းအဆောက်တည်ရှိတောင်တန်းကို ဖြိုဖျက်ဖို့ ဝန်ထမ်းတွေကိုအမိန့်ထုတ်ပြီးဖြစ်နေပါပြီ။ ဒေါ်လာသန်း၁၀၀ တန်ကြေးနီထုတ်လုပ်နိုင်ဖို့အတွက် တရုပ်ကုမ္မဏီက တောင်တန်းတွေနဲ့ ရှေးဟောင်းအမွေအနှစ်တွေ ဖျက်ဆီးတော့မယ့် နေ့ရက်ဟာ တနေ့ထက်တနေ့နီးကပ်လာနေပါပြီ။ ရှေးဟောင်းသုတေနအဖွဲ့လေ့လာရှာဖွေနေတဲ့ ရှေးဟောင်းဒေသနေရာကို  စိတ်ဆိုးနေတဲ့ဒေသခံတွေနဲ့ တာလီဘန်တို့ရဲ့ ညအချိန်ရော့ကက်ဖြင်တိုက်ခိုက်မှုတွေ လမ်းတလျောက်မိုင်ထောင်မှုတွေဖြင့်လည်းကြုံတွေ့ရပါတယ်။ တရုပ်ကုမ္မဏီရဲ့ ကြေးနီထုတ်လုပ်မှုကြောင့်ရှေးဟောင်းအမွေအနှစ်လက်ရာတွေပျက်ဆီးဆုံးရှုံးရတော့မယ့်အရေးကိုတွေးပြီး နှလုံးခုန်ရပ်သလိုခံစားရသည်ဟု Huffman ကစိတ်မကောင်းစွာဖြင့် CNN ရုပ်သံအင်တာဗျူးတွင်ပြောဆိုခဲ့ပါတယ်။

နှစ်ပေါင်း၂၆၀၀ကျော်ကဗုဒ္ဓအမွေအနှစ်တွေ တရုပ်ကုမ္မဏီကြေးနီထုတ်လုပ်မှုကြောင့် ပျက်ဆီးပျောက်ကွယ်တော့မည်။
အာဖဂန်နစ္စတန်နိုင်ငံ Mes Aynak ဒေသရှိ နှစ်ပေါင်းနှစ်ထောင်ကျော်က ဗုဒ္ဓရှင်မြတ်၏ဓါတ်တော်မွေတော်တို့ ဌာပနာထားရာ ရှေးဟောင်းဘုရားကျောင်းတခုတွင် နိုင်

ငံတကာရှေးဟောင်းသုတေသနပညာရှင်တစုက မကြာမှီကာလာအတွင်းတွင် ဒေါ်လာသန်း၁၀၀တန် တရုပ်ကြေးနီရှာဖွေထုတ်ရေးကုမ္မဏီကြောင့် ပျက်စီးဆုံးရှုံးတော့မည်ဖြစ်ကြောင်း၊ မပျက်စီးခင် ဗုဒ္ဓဘုရားရှင်ရှိစဉ်ကဓါတ်တော်မွေတော်နှင့် နှစ်ပေါင်းထောင်ကျော်သက်တမ်းရှိဖြစ်ပြီဖြစ်တဲ့ ဗုဒ္ဓဆင်းတုတော်တွေကို ရှာဖွေမှတ်တမ်းတင်နေကြပါတယ်။
အမေရိကန်ပြည်ထောင်စု Medhill Northwest တက္ကသိုလ်ပါမောက္ခနှင့် မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ Brent Huffman ဟာ လအတော်တန်ကြာကတည်းက အန္တရာယ်အလွန်များလှတဲ့အာဖဂန်နိုင်ငံအတွင်းရှိ အဆိုပါရှေးဟောင်းဒေသမှာ ရှာဖွေသုတေသနမှတ်တမ်းတင်လုပ်ကိုင်နေခဲ့ပါတယ်။ ရှေးဟောင်းဗုဒ္ဓဘုရားကျောင်းအောက်မှာ တည်ရှိနေတဲ့ ကြေးနီသိုက်ကိုတူးဖေါ်ခွင့်ရရှိထားတဲ့ China Metallurgical Group Corporation တရုပ်ကုမ္မဏီဟာ ကြေးနီထုတ်လုပ်ဖို့အတွက် ရှေးဟောင်းအဆောက်တည်ရှိတောင်တန်းကို ဖြိုဖျက်ဖို့ ဝန်ထမ်းတွေကိုအမိန့်ထုတ်ပြီးဖြစ်နေပါပြီ။ ဒေါ်လာသန်း၁၀၀ တန်ကြေးနီထုတ်လုပ်နိုင်ဖို့အတွက် တရုပ်ကုမ္မဏီက တောင်တန်းတွေနဲ့ ရှေးဟောင်းအမွေအနှစ်တွေ ဖျက်ဆီးတော့မယ့် နေ့ရက်ဟာ တနေ့ထက်တနေ့နီးကပ်လာနေပါပြီ။ ရှေးဟောင်းသုတေနအဖွဲ့လေ့လာရှာဖွေနေတဲ့
 ရှေးဟောင်းဒေသနေရာကို စိတ်ဆိုးနေတဲ့ဒေသခံတွေနဲ့ တာလီဘန်တို့ရဲ့ ညအချိန်ရော့ကက်ဖြင်တိုက်ခိုက်မှုတွေလမ်းတလျောက်မိုင်ထောင်မှုတွေဖြင့်လည်းကြုံတွေ့ရပါတယ်။ တရုပ်ကုမ္မဏီရဲ့ ကြေးနီထုတ်လုပ်မှုကြောင့်ရှေးဟောင်းအမွေအနှစ်လက်ရာတွေပျက်ဆီးဆုံးရှုံး
ရတော့မယ့်အရေးကိုတွေးပြီး နှလုံးခုန်ရပ်သလိုခံစားရသည်ဟု Huffman ကစိတ်မကောင်းစွာဖြင့် CNN ရုပ်သံအင်တာဗျူးတွင်ပြောဆိုခဲ့ပါတယ်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template