Headlines News :
Home » » သဘာဝဓာတ်ငွေ့နှင့် လျှပ်စစ် ကဏ္ဍတွင် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်မည်

သဘာဝဓာတ်ငွေ့နှင့် လျှပ်စစ် ကဏ္ဍတွင် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်မည်

Written By လွင့်မောင်မောင် on Wednesday, September 5, 2012 | 8:34 AM


ရန်ကုန် ၊ စက်တင်ဘာ ၎

အစိုးရကသာ နှစ်ပေါင်းများစွာ ထိန်းချုပ်ထားသည့် မြန်မာနိုင်ငံ၏ သဘာဝ ဓာတ်ငွေ့နှင့် လျှပ်စစ် ကဏ္ဍများတွင် ပြည်တွင်း၊ ပြည်ပ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့် သွားမည်ဖြစ်ကြောင်း စက်တင်ဘာလ ၄ ရက်နေ့တွင် ဒုတိယအကြိမ် ကျင်းပသော မြန်မာ့ရေနံ ၊ သဘာဝဓာတ်ငွေ့ နှင့် လျှပ်စစ် ကဏ္ဍ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ ထိပ်သီး အစည်းအဝေး၌ စွမ်းအင်ဝန်ကြီး ဦးသန်းဌေးက ပြောကြားသည်။

လက်ရှိ အစိုးရပိုင် လုပ်ကွက်များကို ပုဂ္ဂလိကသို့ ချပေးတော့မည် ဖြစ်ပြီး ၊ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ အတွက်လည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေ ကို ရေးဆွဲနေသည့် အပြင် အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်း ပါဝင်သည့် စွမ်းအင် ကဏ္ဍ အထူးသဖြင့် လျှပ်စစ် ကဏ္ဍကို နိုင်ငံတွင်း လုံလောက်စွာ ရရှိနိုင်ရန် ကြိုးစားသွားမည့်ကြောင်း ၄င်းက ထပ်လောင်း ပြောသည်။

အလားတူပင် ယနေ့ ကျင်းပသော ဆွေးနွေးပွဲတွင် ကမ်းနီး ကမ်းဝေး ရေနံတွင်းများနှင့် ပက်သက်ပြီး စွမ်းအင်ဝန်ကြီး ဌာန ၊ စွမ်းအင် စီမံခန့်ခွဲရေး ဦးစီးဌာနက တွဲဖက် ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထူးက ရှင်းလင်း ပြောကြားခဲ့ပြီး ၊ မြေမျက်နှာပြင် အနေအထား အလိုက် ရေနံနှင့် သဘာဝဓာတ်ငွေ့ ထွက်ရှိသည့် နေရာများကို အဆိုပါ ဝန်ကြီး ဌာနမှ ဘူမိဗေဒ ပညာရှင် ဦးသန်းမင်းက ရှင်းလင်း ပြောကြားသည်။

အဆိုပါ စွမ်းအင်ကဏ္ဍ ဆွေးနွေးပွဲကို စက်တင်ဘာလ ၃ ရက်နေ့မှ ၆ ရက်နေ့ထိ ဆီဒိုးနား ဟိုတယ်တွင် ကျင်းပ သွားမည်ဖြစ်ပြီး ၊ ပြည်တွင်းရှိ စွမ်းအင် ကုမ္ပဏီများအပြင် နိုင်ငံပေါင်း ၃၀ကျော်မှ ကုမ္ပဏီ ၁၅၀ ကျော်လည်း တက်ရောက် ခဲ့ကြသည်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template