Headlines News :
Home » » ရင်းနှီးမြုပ်နှံလိုသူများကြောင့် ညောင်ဦးမြေဈေး ကျပ်သိန်းသောင်းချီရောက်ရှိ

ရင်းနှီးမြုပ်နှံလိုသူများကြောင့် ညောင်ဦးမြေဈေး ကျပ်သိန်းသောင်းချီရောက်ရှိ

Written By လွင့်မောင်မောင် on Wednesday, September 5, 2012 | 8:14 AM

 
 ညောင်ဦးမြို့  အိမ်ခြံမြေဈေးမှာ ခရီးသွား လုပ်ငန်းတွင် ရင်းနှီးမြှပ်နှံလို သူများပြား လာခြင်းကြောင့်  ယမန်နှစ် ကထက် (၅)ဆကျော် မြင့်တက် လာကြောင်း ဒေသခံ အကျိုးဆောင် များထံက သိရသည်။

ညောင်ဦးမြို့ လယ်လမ်းမကြီး ဘေးတစ်ဘက် တစ်ချက်ရှိ အချက်အချာ ကြသောနေရာ များတွင် အိမ်ခြံမြေဈေးမှာ ကျပ်သိန်း(၇၀၀၀)မှ ကျပ်သိန်း(၁၀၀၀၀)၀န်းကျင်အထိ ရောက်ရှိ နေခြင်းဖြစ်သည်။ ယမန်နှစ်က အဆိုပါ နေရာများရှိ အိမ်ခြံမြေဈေးမှာ ကျပ်သိန်း(၁၀၀၀ )၀န်း ကျင် မှ သိန်း(၅၀၀၀)၀န်းကျင် ရှိနေခဲ့ခြင်းဖြစ်သည်။

အစိုးရသစ်လက်ထက်တွင် ပြည်ပရင်းနှီးမြုပ်နှံလိုသူများအတွက် ဥပဒေသစ်ရေးဆွဲနေစဉ်ကာလ၌ပင်   ပြည်တွင်း/ပြည်ပ စီးပွားရေးလုပ်ငန်းရှင်များက ခရီးသွားလုပ်ငန်းများတွင် ရင်းနှီးမြုပ်နှံလိုသည့်အတွက် ယခုကဲ့သို့ ဈေးမြင့်တတ်လာခြင်းဖြစ်သည်။

“ လမ်းမဘေးကြီးတလျှောက်ဆို ပိုပြီးအ၀ယ်လိုက်တယ် မိန်းလမ်းဘေးမှာဆို ဟိုတယ်တွေ ယွန်းထည် ပစ္စည်းဆိုင်တွေ စားသောက်ဆိုင်ကြီးတွေ ဖွင့်ဖို့အတွက် ဈေးကောင်းပေးဝယ်ကြတာ အဲဒါကြောင့် ကျပ်သိန်း(၇၀၀၀)မှကျပ်သိန်း (၁၀၀၀၀)အထိ ပေးဝယ်ကြတာ” ဟု ညောင်ဦးမြို့မှ အိမ်ခြံမြေအကျိုး ဆောင်လုပ်ငန်းလုပ်ကိုင်သူ ကိုမောင်ကောင်းက ပြောသည်။

ညောင်ဦးမြို့ဈေးအနီး လမ်းမကြီးဘေးတွင် အချက်အချာနေရာဖြစ်ခြင်းကြောင့် မြေဈေးမှာ ကျပ်သိန်း(၉၀၀၀)မှ သိန်း(၁၀၀၀၀) ၀န်းကျင် အထိဈေး ရှိကြောင်းနှင့် လမ်းမကြီးနှင့်ဝေးသော နေရာများတွင် ကျပ်သိန်း(၃၀၀)မှ သိန်း(၁၀၀၀)အထိ အစားစား ရှိကြောင်း ညောင်ဦးမြို့အိမ်ခြံမြေအကျိုးဆောင်များထံက သိရသည်။

“ သြဂုတ်လထဲမှာပဲ လမ်းမကြီးဘေး ရှေ့မျက်နှာစာ ပေ(၅၀)၊ဘေး - ပေ(၁၀၀)ကို ကျပ်သိန်းခုနှစ်ထောင်နှင့် အရောင်းအ၀ယ် ဖြစ်သွားတယ်၊ ပုဂံကမ်းနဖူးက သိန်း(၇၀၀၀)နဲ့ဝယ်ခဲ့တဲ့မြေကွက်တောင် အခု သိန်း (၁၈၀ ၀၀)နဲ့ အရောင်းအ၀ယ်ဖြစ်သွားတယ်” ဟု အိမ်ခြံမြေအကျိုးဆောင် ကိုမင်းသူက ပြောသည်။

ညောင်ဦးမြို့အိမ်ခြံမြေဈေးကွက်မှာ အိမ်ထက် မြေကို ပိုမိုဝယ်ယူမှုများကြောင်းနှင့် ညောင်ဦးမြို့မှ မြေကွက်များ ၀ယ်ယူ၍ မရမှသာ ဟိုတယ် ဇုန်(၄)သို့ သွားရောက်ဝယ်ယူလေ့ရှိကြောင်း မြို့ခံများက ဆိုသည်။

ညောင်ဦးမြို့တွင်နိုင်ငံခြားခရီးသွားလာရောက်မှုမြင့်တက်လာခြင်းကြောင့် ဟိုတယ်များ၊ စားသောက်ဆိုင်များ၊ ယွန်းထည်ပစ္စည်း ဆိုင်များ ၊ ခရီးသည်တင်(TourCar)များဈေးကွက်ကို စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အထူးစိတ်ဝင်စားလျက်ရှိကြောင်းကိုလည်း သိရသည်။

ငြိမ်းချမ်း(မြစ်မခ)
by Myit Makha Mediagroup
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template