Headlines News :
Home » » ချီဖွေဟာ မြစ်ဆုံကို မျက်လှည့်လုပ်ထားတာလား

ချီဖွေဟာ မြစ်ဆုံကို မျက်လှည့်လုပ်ထားတာလား

Written By လွင့်မောင်မောင် on Tuesday, September 4, 2012 | 7:05 PM

ဆောင်းပါးရှင်--မောင်ဝံသ

မြစ်ဆုံဆည် စီမံကိန်းကို ပြန် လုပ်ဖို့ တရုတ်ပြည် CPI ကုမ္ပဏီက ကြိုးစားနေတယ်ဆိုတဲ့ သတင်း ထွက်နေတာ ကြာပါပြီ။ တစ်ခါ မြန် မာအာဏာရ နိုင်ငံရေးပါတီ အဆင့်   မြင့်ခေါင်းဆောင်တစ်ယောက်က မြစ်ဆုံဆည်ကို ပြန်လုပ်မှာပဲလို့ တရုတ်သတင်းစာတစ်စောင်နဲ့ အင်တာဗျူးမှာ ပြောခဲ့တယ်ဆိုလို့ မကျေနပ်သံတွေ ပွက်လောရိုက် ထွက် ပေါ်ခဲ့ပါသေးတယ်။ သည်အကြောင်းတွေ ကြားရ တော့ လအနည်းငယ်လောက်က မီဒီယာကွန်ဖရင့်တစ်ခုမှာ ကျွန်တော် စာတမ်းတစ်စောင် ဖတ်ခဲ့စဉ် ကြုံခဲ့ ရပုံကို သတိရမိပါတယ်။ ကျွန်တော့် စာတမ်းခေါင်းစဉ်က Ongoing Peace Negotiations in Myan- mar and the Role of Media ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး   ဆွေးနွေးပွဲများနဲ့ မီဒီယာအခန်း ကဏ္ဍ ဖြစ်ပါတယ်။ စာတမ်းကို အင်္ဂလိပ်လိုရေးပြီး အင်္ဂလိပ်လိုပဲ ဖတ်ခဲ့ပါတယ်။
မကောင်းကျိုးတွေပဲရေးတယ်လို့ ဝေဖန်
ကျွန်တော် စာတမ်းဖတ်ပြီးချိန် ကော်ဖီသောက်ဖို့ နားချိန်မှာ သက်ဆိုင်တဲ့ သံတမန် တစ်ယောက်က ကျွန်တော့်ဆီကို လာပြီး ကွန်ပလိန်း လုပ်တယ်။ ကျွန်တော်တို့   မြန်မာ စာနယ်ဇင်းတွေဟာ မြစ်ဆုံကိစ္စမှာ ကောင်းကျိုးကို တစ်ခုမှ မရေးဘဲ မကောင်းကျိုးတွေချည်းပဲ ရေးခဲ့ကြ တာ တရားသလားတဲ့။ ကျွန်တော်က မင်း မြန်မာ စာနယ်ဇင်း   တွေ ရေးတာ ဘယ်လောက် ဖတ်ဖူးလို့လဲ လို့ ပြန်မေးလိုက်ပြီး မြန်မာမီဒီယာ တွေ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ကျွမ်းကျင်သူတွေဟာ ဆည်တွေ ဆောက်ခြင်း ရဲ့ ကောင်းကျိုးတွေကိုလည်း ဖော်ပြတယ်။ မကောင်းကျိုးတွေကိုလည်း ဖော်ပြ တယ်။ အဲဒါတွေအားလုံးထက် အရေးကြီးတာက ကချင်ပြည်သူ တွေရဲ့ ခံစားချက်ကို အလေးထား ခဲ့တာပဲ။ တစ်နိုင်ငံလုံး မီးတွေ ထိန် နေအောင် နေရဦးတော့၊ ဒေသခံ တိုင်းရင်းသားတွေ ထိတ်ထိတ် လန့်လန့်နဲ့ နေရမယ့်အခြေအနေမျိုး ဆိုရင် ဘယ်လိုမှ ဆက်မလုပ်သင့်ဘူး လို့ ပြောလိုက်ပါတယ်။ ဒါတောင်မှ ကိုယ့်လူက အတင်းတွယ်ကပ်ပြီး သူပြောချင်တာတွေ လျှောက် ပြောနေလို့ အဲဒီအချိန် အနားကို   ရောက်လာတဲ့ ဥပဒေပညာရှင် ဒေါက်တာကျော်ဇောနိုင်ကို ခေါ်ပြီး လွှဲပေးလိုက်ရတယ်။
ချီဖွေကို တားပေးပါ
မြစ်ဆုံဆည် စီမံကိန်းကို ကန့် ကွက်တဲ့ ပြည်သူပေါင်းစုံထဲမှာ ကျွန်တော်လည်း ပါဝင်လက်မှတ် ထိုးခဲ့ ပါတယ်။ ဒါတင်မက ဆောင်းပါး တွေလည်း ရေးခဲ့ပါတယ်။ ပုံနှိပ်   ဖော် ပြခွင့် မရတဲ့ ဆောင်းပါးတွေလည်း ရေးဖြစ်ခဲ့ပါတယ်။ ဂျာနယ်ထဲ မပါ တဲ့ဆောင်းပါးတချို့ကို ကျွန်တော့် င်္ခေနဘသသု မှာ တင်ခဲ့လို့ ဖတ်မိ သူ အတော်များများ ရှိပါတယ်။ အဲ ဒီဆောင်းပါးတွေကို ဖတ်မိတဲ့ ကျွန် တော့်စာဖတ်ပရိသတ်တစ်ယောက် က မနေ့တစ်နေ့ကပဲ ကျွန်တော့်ထံ စာလှမ်းရေးပါတယ်။ ခေါင်းစဉ်က ‘မြစ်ဆုံကို မျက်လှည့်လုပ်ထားတဲ့ ချီဖွေစီမံကိန်းကို တားပေးပါ’ တဲ့ဗျာ။
စာချုပ်လက်မှတ် ထိုးပြီးကြပြီ
”ကျွန်တော် ပြောချင်တဲ့ အကြောင်းအရာက ပွင့်လင်းမြင် သာမှုမရှိ၊ ပြည်သူကို နားလှည့် ပါးလှည့်လုပ်၊ လက်ဝါးချင်းရိုက်တဲ့  ကိစ္စတွေကို တင်ပြပါရစေ”လို့ အစချီထား ပါတယ်။  ပြီးတော့မှ “ချီဖွေစီမံကိန်းကို ဒီဇင်ဘာမှာ စတင် အကောင်အထည်ဖော်ဖို့ စာချုပ် ချုပ်ဆို လက်မှတ်ရေးထိုးခဲ့ကြ တယ်။ ဒါတွေအားလုံးကို ကျွန်တော်တို့  ပြည်သူ   တွေကို လုံးဝချမပြ ပါဘူး။ သတင်းစာမှာလည်း မဖော် ပြပါဘူး။ အတတ်ပညာရှင်တွေကို တောင် အသိပေးဆွေးနွေးခြင်း မပြု ခဲ့ပါဘူး”
အရင်စာချုပ်အတိုင်းပဲ
”တကယ်တော့ ချီဖွေစီမံကိန်း ဆိုတာ စီမံကိန်း အသစ်မဟုတ်ပါ ဘူး။ မြစ်ဆုံမြစ်ညာ မြစ်ဝှမ်း စီမံကိန်း ထဲက တစ်ခုပါ။ ဒီစီမံကိန်းက သမ္မ တကိုယ်တိုင် ရပ်ဆိုင်းကြောင်း   ကြေညာထားတာပါ။ မြစ်ဆုံရဲ့ အထက် မိုင် ၆ဝ အကွာ မေခမြစ်ပေါ်မှာ ရှိ ပြီး မဂ္ဂါဝပ် ၃၄ဝဝ ထုတ်မှာပါ။ စာချုပ်စည်းကမ်းတွေကတော့ အရင် စာချုပ်ထဲက အတိုင်းပါ။ မြစ်ဆုံမြစ်ညာ မြစ်ဝှမ်းစီမံကိန်း ထဲက တစ်ခုဖြစ်တဲ့ မြစ်ဆုံစီမံကိန်း မှာ စိုက်ထုတ်ခဲ့တဲ့ ငွေပမာဏကို ကျန် ၆ ခုထဲ ခွဲထည့်လို့ငွေစာရင်း အရ ပြောင်းသွားတာပဲ ကွာပါ တယ်။ ပြည်သူလူထုသိသွားလည်း မြစ်ဆုံ ကို လုပ်တာမဟုတ်ဘူး ချီဖွေကို လုပ်တာပါဆိုပြီး ပြောဦးမှာပါ။ ပြည်သူတွေမသိရင်တောင်မှ တာဝန် သိဝန်ထမ်းတွေ ရှိသေး တယ်ဆို တာ မမေ့ပါနဲ့။”
စီမံကိန်းကြီးတစ်ခုလုံး ရပ်ခိုင်းတာ
”သမ္မတကြီးက ရပ်ခိုင်းတာ ဒီမြစ်ဆုံ မြစ်ညာ မြစ်ဝှမ်းစီမံကိန်းကြီး တစ်ခုလုံးပါ။ မြစ်ဆုံလေးတစ်ခုတင် မဟုတ်ပါဘူး။ ချီဖွေကိုလုပ်ရင်လည်း လူမှုရေးရော သဘာဝ ပတ် ဝန်းကျင်ရော ထိခိုက်ပျက်စီးမှာပါပဲ။ အဲဒီနယ်က လူမျိုးတွေရော သယံဇာတတွေ ရောထွက်လာမယ့် လျှပ်စစ်ကလည်း ကိုယ့်နိုင်ငံအတွက် ဖြစ်လာပါ့မလား။ ကချင်လူမျိုးတွေနဲ့ တိုင်းပြည် သယံဇာတတွေ ရင်းလိုက်ရတာပါပဲ အဖတ်တင်ပါတယ်။”
အတတ်ပညာရှင်တွေ ဆွေးနွေးခွင့်ပေးပါ
”သမ္မတကြီးကို ပြောပေးပါ။ ဒီကိစ္စ ပွင့်လင်းစွာ ပြည်သူကို ချပြ ပေးစေလိုပါတယ်။ အတတ်ပညာ ရှင်တွေကို ကြေညက်စွာ ဆွေးနွေး ခွင့်ပြုပါ။  သက်ဆိုင်ရာ အုပ်ချုပ်သူ အဆင့်ဆင့်ကို သန့်ရှင်းကောင်းမွန်တဲ့ အုပ်ချုပ်မှုမျိုး ဆောင်ရွက်တတ် အောင် လေ့ကျင့်ပျိုးထောင် ပညာပေးစေ လိုကြောင်း မေတ္တာရပ်ခံ အပ်ပါတယ်။”
သမ္မတကြီး မနားပါနဲ့ဦး
”သမ္မတကြီးကလည်း ၂ဝ၁၅ ကျရင် နားတော့မယ်တဲ့။ အသက် အရွယ်နဲ့ ကျန်းမာရေးကို အကြောင်း ပြတယ်။ သမ္မတကြီး မနားပါနဲ့ဦး လို့ ဆရာမောင်ဝံသ ပန်ကြား တဲ့   ဆောင်းပါးတစ်ပုဒ် ဖတ်ဖူးပါတယ်။ ကျွန်တော်တို့လည်း အဲဒီအတိုင်း သဘောတူပါတယ်။ သမ္မတကြီး အခု အသက် ၇ဝ မကျော်သေး ပါဘူး။ အသက် ၈ဝ ကျော်အထိ တိုင်းပြည်ကို စီမံခန့်ခွဲဦးဆောင်ခဲ့သူ ကမ္ဘာ့ခေါင်းဆောင်တွေ အများကြီးပါ။”
ဆက်လုပ်ခွင့်မပေးနိုင်
”သမ္မတကြီး ၂ဝ၁၅ မှာ တကယ်နားလိုက်ရင် မြစ်ဆုံကို ဆက်လုပ်ဖို့ ဖြစ်သွားပါလိမ့်မယ်။ မြစ်ဆုံကိုလည်း ဆက်လုပ်ခွင့် မပေး နိုင်ပါ။ နားလှည့်ပါးလှည့် လုပ်ထား တဲ့ ချီဖွေစီမံကိန်း အပါအဝင် ဧရာဝတီမြစ်ဖျားခံရာ နေရာ ဒေသက ဘယ်စီမံကိန်းကို မဆို ဆက်လုပ်ခွင့် မပေးနိုင်ပါ။ အဲဒါ ကချင်တိုင်းရင်းသားများ အပါအဝင် ပြည်သူ အားလုံးရဲ့ တူညီဆန္ဒပါပဲ”  စာဖတ်ပရိသတ် ပြည်သူတစ် ယောက်ရဲ့ ရိုးသားပွင့်လင်းတဲ့ ရင်ဖွင့်သံ ဖြစ်ပါတယ်။
မောင်ဝံသ
၂၊ ၈၊ ၂ဝ၁၂       
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template