Headlines News :
Home » » “ကိုရီးယား၊ဂျပန်၊ဗီယက်နမ် နိုင်ငံများက မြန်မာနိုင်ငံတွင် ဟိုတယ်နှင့် အခြားတည်ဆောက်ရေးလုပ်ငန်းများ ရင်းနှီးမြှုပ်နှံရန်စိတ်ဝင်စား”

“ကိုရီးယား၊ဂျပန်၊ဗီယက်နမ် နိုင်ငံများက မြန်မာနိုင်ငံတွင် ဟိုတယ်နှင့် အခြားတည်ဆောက်ရေးလုပ်ငန်းများ ရင်းနှီးမြှုပ်နှံရန်စိတ်ဝင်စား”

Written By လွင့်မောင်မောင် on Saturday, September 8, 2012 | 11:06 AM

အမျိုးသားစီမံကိန်း နှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနအနေဖြင့်နိုင်ငံတော်မှချမှတ်ထားသော
စီးပွားရေးမူဝါဒ (၄)ချက်ကို အကောင်အထည်ဖော်
ဆောင်ရန်စီမံကိန်းများ ရေးဆွဲလျှက်ရှိကြောင်း ယင်းဝန်ကြီးဌာန၏ ၀န်ကြီးဒေါက်တာကံဇော်ကပြောသည်။
မူဝါဒနှင့်ကိုက်ညီသော စီမံကိန်းများ ပြင်ဆင်ရေးဆွဲရာတွင် ဂျီဒီပီ ကိန်းဂဏန်း
များ မှန်ကန်ရေး၊အသားတင်ထုပ်လုပ်မှု တန်ဖိုးများတိုးတက်အောင်ရင်းနှီး
မြှုပ်နှံရေး၊တစ်ဦးချင်းဝင်ငွေမြင့်မားတိုးတက်ရေးအတွက် ကျေးလက်ဒေသ
ဖွံဖြိုးရေးနှင့်ဆင်းရဲမှု လျော့ချခြင်းဆိုင်ရာလုပ်ငန်းစဉ်များ ထိထိရောက်
ရောက် အကောင်အထည်ဖော်ရေး၊UN Agencies များ၊INGO များနှင့်
အဖွဲ့ အစည်းများက ဒေသတွင်း၎င်းတို့အစီအစဉ်ဖြင့် ၀င်ရောက်လုပ်ကိုင်
နေခြင်းထက် အစိုးရအဖွဲ့၏ ကျေးလက်လုပ်ငန်းစဉ်(၈)ရပ်တွင် ကဏ္ဍ
အလိုက်ပူးပေါင်းပါဝင်ဆောင်ရွက်ရေးနှင့် စီးပွားရေး စီမံကိန်းကို (၅)နှစ်စာ
(၂၀၁၁-၂၀၁၆)ခန့်မှန်းပြီး Regional Development Plan၊ City
Development Plan ၊ Township Development Plan ၊ Village Plan များဟန်ချက်ညီအောင် အမျိုးသားဘက်စုံဖွံ့ဖြိုးရေး စီမံကိန်း National
Comprehensive Development Plan Master Plan ရေးဆွဲဆောင်
ရွက်ခြင်းဖြင့် စီးပွားရေးဖွံ့ဖြိုးမှု၏ အဓိကမောင်းနှင်အားဖြစ်သော
ရင်းနှီးမြှုပ်နှံမှု ၊ ကုန်သွယ်မှု ၊ ၀န်ဆောင်မှုများ၊ စနစ်တကျအစီအမံ ရှိရှိ ဖွံဖြိုးတိုးတက်လာရေးတို့ ကိုဆောင်ရွက်လျှက်ရှိကြောင်း ဒေါက်တာ
ကံဇော်ကပြောသည်။
ရင်းနှီးမြှုပ်နှံမှုနှင့်စပ်လျဉ်း၍ ဒေါက်တာကံဇော်က “ရင်းနှီးမြှုပ်နှံ ကဏ္ဍမှာ
ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ထားဝယ်အထူးစီးပွားရေးဇုန်၊ ကျောက်ဖြူရေနက်
ဆိပ်ကမ်းနဲ့ကျောက်ဖြူစီးပွားရေးဇုန်ပြုလုပ်မယ့်အစီအစဉ်တွေရှိသလို သီလ၀ါစက်မှုဇုန်ထူထောင်ရေးကိုလည်းမကြာမီဆောင်ရွက်သွားတော့
မှာဖြစ်ပါတယ်။ဒီိလိုဆောင်ရွက်ရာမှာ နိုင်ငံစုံ Trans-National ပူပေါင်းစီစဉ်
လျှက်ရှိပါတယ်။တစ်ပိုင်းကလည်း ဘတ်ဂျက်ချိုးခြံခြွေတာမှုနဲ့အစိုးရ
တည်ဆောက်ရေးလုပ်ငန်းများ အလုပ်အကိုင်အခွင့်အလမ်းများ အေးနေ
ချိန်မှာ စီးပွားရေးဇုန်ကို အကောင်အထည်ဖော်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံ
မှု နဲ့ မိမိအလုပ်အကိုင် အခွင့်အလမ်း များဆောင်ရွက်နေပါတယ်။
ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကို နိုင်ငံခြားရင်းနှီးမြှုပ်နှံ သူတွေနဲ့မိမိတိုင်းရင်း
သားရင်းနှီးမြှုပ်နှံသူတွေ Real Estate ၊ Hotel နဲ့အခြားတည်ဆောက်ရေး
လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံလိုကြောင်းအဆိုပြုလာတာ၊ မေးမြန်းလာ
တာတွေ ရှိလာပါတယ်။နိုင်ငံခြားသားရင်းနှီးမြှုပ်နှံ လိုသူတွေကတော့ ကိုရီးယား၊ဂျပန်၊ဗီယက်နမ် တို့ပဲဖြစ်ပါတယ်။”ဟု ၎င်းကဆက်လက်ပြော
ကြားသည်။

စွမ်းရဲထွဋ်
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template