မုံရွာ၊ ဇူလိုင်-၇
မုံရွာခရိုင်
ဆားလင်းကြီးမြို့နယ် လက်ပန်းတောင်းတောင် ကြေးနီ သတ္တုတူးဖော်သော
မြန်မာဝမ်ပေါင် ကုမ္ပဏီရုံးရှေ့တွင် ဇူလိုင် ၇ ရက် နံနက်ပိုင်းက လုပ်ခလစာ
အပြည့်အ၀ရရှိရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြသော အလုပ်သမား ၈၀ ၏
တောင်းဆိုမှုကို ကုမ္ပဏီက လိုက်လျောခဲ့သည်။
မြန်မာဝမ်ပေါင်ကုမ္ပဏီ၏
ဆီနိုဟိုက်ဒရိုလုပ်ငန်းဌာနခွဲမှ ၀န်ထမ်း ၈၀ ကျော်တို့သည် လုပ်ခလစာ
အပြည့်အ၀ရရှိရန်၊ သတ်မှတ်အလုပ်ချိန်အပြည့် အလုပ်ဆင်းရရန်နှင့်
အလုပ်နားမည်ဆိုပါက ကြိုတင်အကြောင်းကြားရန် ပထမဆုံးအ ကြိမ်အဖြစ် ၂ နာရီကြာ
တောင်းဆိုပြီး၊ ကုမ္ပဏီက ၎င်းတို့၏တောင်းဆိုချက်ကို လိုက်လျောခဲ့သည်။
“အခုတောင်းဆိုတာက
အလုပ်သမားများကို သတ်မှတ်ထားတဲ့ လုပ်ခလစာ အပြည့်အ၀ရရှိအောင်
တောင်းဆိုကြတာပါ” ဟုလုပ်ခလစာ အပြည့်အ၀ ရရှိရေးတောင်းဆိုခဲ့သော
ဝန်ထမ်းတစ်ဦး
က ပြောသည်။ ၎င်းတို့မှာ စီနိုဟိုက်ဒရိုဌာနခွဲတွင် ဇူလိုင် ၄ ရက်မှ ၆ ရက်အထိ တောင်းဆိုခဲ့သော်လည်း
အလုပ်ရှင်မှ မလိုက်လျောသည့်အတွက် မိခင်ကုမ္ပဏီဖြစ်သောမြန်မာဝမ်ပေါင်ကုမ္ပဏီရုံးရှေ့တွင်
ဇူလိုင် ၇ ရက် နံနက်ပိုင်း၌ ၇ နာရီမှ ၉ နာရီအထိ လာရောက်တောင်းဆိုပြီး၊ ကုမ္ပဏီက ၎င်းတို့၏တောင်း
ဆိုချက်ကို လိုက်လျောခဲ့ခြင်းဖြစ်သည်။
အခုထိလူငယ်လေးတစ်ယောက်ပါ ချစ်သူ
-
အခုထိလူငယ်လေးတစ်ယောက်ပါ ချစ်သူ
❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿
လွန်ခဲ့တဲ့နှစ်များဆီသို့ပြန်တမ်းတတိုင်း
မျက်ဝန်းထဲမှာ သခင့်ရုပ်လွှာ သက...
8 years ago