၂၀၁၂ခုနှစ်ဇူလိုင်လ(၉)ရက်နေ့ နေ့လည်(၃)နာရီဝန်းကျင်တွင် နေပြည်တော်ရှိ
ပြည်သူ့လွှတ်တော်အဆောင်(I-1)တွင် ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာနှင့်အတူ ဦးလှမြင့်ဦး၊ ဦးသန်းထွန်း နှင့် ဦးခင်မောင်စိုး(ဥပဒေကော်မရှင်ရေးရာနှင့် အထူးလေ့လာစစ်ဆေးရေးအဖွဲ့)တို့မှ ဥရောပသမ္မဂ္ဂ နိုင်ငံခြားရေးရာနှင့် လုံခြုံရေးဌာနအကြီးအကဲ မစ္စတာကက်သရင်းအက်ရှီတန်၏ အကြံပေးပုဂ္ဂိုလ်မစ္စတာ ရောဘက်ကူးပါးအဖွဲ့တို့ တွေ့ဆုံကာ မြန်မာနိုင်ငံနှင့် ဥရောပနှစ်နိုင်ငံ စီးပွားရေးရာကိစ္စနှင့်ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရသည်။