By mmweather.ygn, on November 5th, 2012
နိုဝင်ဘာ-၅ ရက် မြန်မာစံတော်ချိန်
နံနက် ၀၆၃၀ နာရီတွင် ရရှိသည့် NRL data များအရ ဘင်္ဂလားပင်လယ်အော်
အနောက်မြောက်ပိုင်း၊ အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒေ့ရှ် ပြည်နယ်၊
Visakhapatnam မြို့၏ အရှေ့တောင်ဘက် မိုင် ၈၀ ခန့် ပင်လယ်ပြင်တွင်
လေဖိအားနည်းဆဲလ် 97B ဖြစ်ပေါ်လျှက်ရှိကြောင်း သိရပါသည်။ လေဖိအားနည်းဆဲလ် 97B
သည် လွန်ခဲ့သည့် ၆ နာရီအတွင်း တောင်ဘက်သို့ တစ်နာရီ ၁၆
မိုင်နှုန်းခန့်ဖြင့်ရွေ့လျားခဲ့ပြီး ပိုမိုအားကောင်းလာကာ
လေဖိအားနည်းရပ်ဝန်းအဆင့်သို့ ရောက်ရှိလာနိုင်ဘွယ် ရှိ/မရှိ
စောင့်ကြည့်တင်ပြပေးသွားပါမည်။
97B – 05 Nov 2012 0000Z
Location: 17.3 84.3
Winds: 15 knots
Central Pressure: 1010 hPa