Headlines News :
Home » » မြန်မာ-တရုတ် ပိုက်လိုင်းစီမံကိန်း ရပ်ဆိုင်းထားဖို့ သဘောထားထုတ်ပြန်

မြန်မာ-တရုတ် ပိုက်လိုင်းစီမံကိန်း ရပ်ဆိုင်းထားဖို့ သဘောထားထုတ်ပြန်

Written By လွင့်မောင်မောင် on Wednesday, November 7, 2012 | 1:25 PM

 
6/Nov/2012
မြန်မာ-တရုတ် ဓါတ်ငွေ့၊ ရေနံပိုက်လိုင်း စီမံကိန်းဟာ ပွင့်လင်းမြင်သာမှု နည်းပြီး ပိုင်ဆိုင်မှုနဲ့ စီမံခန့်ခွဲမှုဟာ ကိုယ့်နိုင်ငံရဲ့ လက်ထဲမှာမရှိတာ၊ ပိုက်လိုင်းဖြတ်သန်းရာတစ်လျှောက် ဒေသအချို့မှာ ပြဿနာတစ်ချို့ ရှိနေတာကြောင့် ပိုက်လိုင်းစီမံကိန်းကို ရပ်ထားစေလိုကြောင်း မြန်မာ-တရုတ် ပိုက်လိုင်းစောင့်ကြည့်ရေး ကော်မတီ (MCPWC) က အော က်တိုဘာလအတွင်း သဘောထား ထုတ်ပြန်လိုက်ပါသည်။

အဲသည် သဘောထား ထုတ်ပြန်ချက်မှာ အချက်ခုနှစ်ချက် ပါဝင်ပြီး ပိုက်လိုင်းဖြတ်သန်းရာ ဒေသတွေက အဖွဲ့ ၁၂ ဖွဲ့ရဲ့ ကွင်းဆင်းလေ့လာမှုတွေကို စုစည်းပြီး ယခုလို ထုတ်ပြန်လိုက်တာ ဖြစ်တယ်လို့ MCPWC က ဆိုပါတယ်။

“ထုတ်ပြန်ချက်ထဲမှာ အရေးကြီးတဲ့အချက်က ကိုယ့်တိုင်းပြည်အတွက် အရေးကြီးတဲ့ ပရောဂျက်တွေမှာ ပိုင်ဆိုင်မှု၊ စီမံခန့်ခွဲမှုက ကိုယ့်အမျိုးသား၊ ကိုယ့်အစိုးရရဲ့ လက်ထဲမှာ ရှိသင့်တယ်၊ အရေးကြီးတဲ့ စီမံကိန်းတွေကို တိုင်းတစ်ပါးလက် အပ်ထားတာက နိုင်ငံရဲ့ အချုပ်အခြာပါ ထိခိုက်နိုင်တယ်ဆိုတာ ထောက်ပြချင်တာ” လို့ သဘောထား ထုတ်ပြန်ရတာကို မြန်မာ-တရုတ် ပိုက်လိုင်းစောင့်ကြည့်ရေး ကော်မတီ (MCPWC) အဖွဲ့ဝင် ဦးတင်သစ်က ပြောပါတယ်။ မြန်မာ-တရုတ် ပိုက်လိုင်းစောင့်ကြည့်ရေး ကော်မတီအနေနဲ့ ပိုက်လိုင်းကိစ္စတွေ အသေးစိတ် ဆက်လက်လေ့လာနေပြီး ဒေသခံတွေရဲ့ သဘောထား၊ အခက်အခဲတွေကို လက်မှတ်ရေးထိုးကာ လွှတ်တော်၊ အစိုးရအဖွဲ့အစည်းတွေ၊ သက်ဆိုင်ရာ ကုမ္ပဏီတွေကို ဆက်သွယ်ပေးပို့သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာ-တရုတ် ပိုက်လိုင်းစီမံကိန်း တရုတ်အမျိုးသား လောင်စာဆီ ကော်ပိုရေးရှင်း (China National Petroleum Corporation) နဲ့ မြန်မာ့ဓါတ်ငွေ့နှင့် ရေနံလုပ်ငန်းတို့ ပူးပေါင်းဆောင်ရွက်တာ ဖြစ်ပြီး ပိုက်လိုင်းဟာ မြန်မာနိုင်ငံရဲ့ မြို့နယ် ၂၁ မြို့နယ်ကို ဖြတ်သန်းသွားမယ့် ရေနံပိုက်လိုင်းဖြစ်ပြီး တစ်နှစ်ကို ရေနံစိမ်းတန်ပေါင်း ၁၂ သန်း သယ်ဆောင်နိုင်တယ်လို့ ပိုက်လိုင်းလေ့လာမှု (စိမ်းရောင်းစို) ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားကြောင်း ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့ထုတ် ကုမုဒြာ ဂျာနယ်တွင် ဖော်ပြထားပါသည်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template