Headlines News :
Home » » ထောက်ခံဆန္ဒမဲ ၂၄၈ ၊ကန့်ကွက်မဲ ၆၈ နှင့် ကြားနေ ၉ မဲဖြင့် အဆိုရှင် ဒေါ်အောင်ဆန်းစုကြည်မှအနိုင်ရခဲ့ကြောင်း

ထောက်ခံဆန္ဒမဲ ၂၄၈ ၊ကန့်ကွက်မဲ ၆၈ နှင့် ကြားနေ ၉ မဲဖြင့် အဆိုရှင် ဒေါ်အောင်ဆန်းစုကြည်မှအနိုင်ရခဲ့ကြောင်း

Written By လွင့်မောင်မောင် on Friday, November 9, 2012 | 6:24 PM


ပြည်သူ့လွှတ်တော်သို့ ဒေါ်အောင်ဆန်းစုကြည် တင်သွင်းသည့် အရေးကြီး အဆိုကို

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သုံးဦးဆွေးနွေးပြီး ပြည်ထောင်စု ဒုတိယ၀န်ကြီး ဦးဘရွှေက ပြန်လည်ဖြေရှင်း ဆွေးနွေးကာ အဆိုကို လျို့ဝှက်ဆန္ဒမဲဖြင့် မဲခွဲဆုံးဖြတ်ခဲ့ရာ

ဆန္ဒမဲ ပေးခွင့် ရှိသူပေါင်း ၃၇၆ ဦး ရှိသည့်အနက် ထောက်ခံ ဆန္ဒမဲပေါင်း ၂၄၈ မဲ၊ ကန့်ကွက်ဆန္ဒမဲပေါင်း ၆၄၊ ကြားနေမဲ ၉ မဲ ရရှိသည့်အတွက် အဆိုကို ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့သည်။

ယင်းအဆိုကို ပညာရေးဝန်ကြီးမှ ရှင်းလင်းချက်နောက်ဆုံးတွင် မှတ်တမ်းတင်ထားရန် ထောက်ခံတင်ပြခဲ့ပြီး

အဆိုရှင် ဒေါ်အောင်ဆန်းစု ကြည်က

" ယခင် အနှစ် နှစ်ဆယ်ပညာရေးနှင့် ယခု ပညာရေးသည် ဆိုးရွားစွာ တွေ့ရှိနေရကြောင်း၊ တက္ကသိုလ် အားလုံးကို အဆင့်မြင့်ဖို့ထက် လက်ရှိ အခြေအနေတွင် လက်တွေ့ကျကျ လိုအပ်သော နေရာ များကိုသာ ပြုလုပ်သွားရန်လိုကြောင်း၊လောလောဆယ်တွင် တက္ကသိုလ်အားလုံးကို အဆင့်မြှင့် သွားရန် မဖြစ်နိုင်သေးကြောင်း ယင်းသို့ အားလုံးကို တပြိုင်နက် အဆင့်မြှင့်ပါက၊တိုးတက်နိုင်သလောက် တိုးတက်မည် မဟုတ်ကြောင်း၊ပွင့်လင်းစွာပြောပါက ပညာရေး ၀န်ကြီးဌာနမှ လုပ်ဆောင်ချက်ကို မြင်တွေ့နေသော်လည်း လုံလောက်မှုမရှိသေးကြောင်းခြုံငုံပြောကြားပြီး လွှတ်တော်၏ အဆုံးအဖြတ်ကကိုသာ ရယူရန်သာ ပြောကြားသွားသည်။

ထို့ကြောင့် ပြည်သူ့လွှတ်တော် ဥက္ကဌ က မဲဆန္ဒရယူရာ ထောက်ခံဆန္ဒမဲ ၂၄၈ ၊ကန့်ကွက်မဲ ၆၈ နှင့် ကြားနေ ၉ မဲဖြင့် အဆိုရှင် ဒေါ်အောင်ဆန်းစုကြည်မှအနိုင်ရခဲ့ကြောင်းသိရသည်။မဲပေးမည့် ကိုယ်စားလှယ်ဦးရေစုစု ပေါင်းမှာ ၃၇၆ ဦးရှိကြောင်းသိရသည်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template