Headlines News :
Home » » အာရှယူ-၁၆ အမျိုးသမီး ခြေစစ်ပွဲ မြန်မာ အမျိုးသမီးအသင်း ပွဲဦးထွက် အနိုင်ရ

အာရှယူ-၁၆ အမျိုးသမီး ခြေစစ်ပွဲ မြန်မာ အမျိုးသမီးအသင်း ပွဲဦးထွက် အနိုင်ရ

Written By လွင့်မောင်မောင် on Thursday, November 8, 2012 | 11:11 PM

ရန်ကုန်၊ နိုဝင်ဘာ ၈

ဖိလစ်ပိုင် နိုင်ငံက အိမ်ရှင် အဖြစ် လက်ခံ ကျင်းပ နေသော ၂ဝ၁၃ ခုနှစ် အာရှ ယူ-၁၆ အမျိုးသမီး ချန်ပီယံရှစ် ပြိုင်ပွဲ၏ အဖွင့် ပွဲစဉ်တွင် မြန်မာအသင်း က အနိုင် ရရှိ ခဲ့ကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် က နိုဝင်ဘာလ ၇ ရက်နေ့ ညတွင် သတင်း ထုတ်ပြန်သည်။ အဆိုပါ ထုတ်ပြန်ချက် တွင် မြန်မာ ယူ-၁၆ အမျိုးသမီး အသင်းက အိမ်ရှင် ဖိလစ်ပိုင် အသင်းကို နှစ်ဂိုး တစ်ဂိုး ဖြင့် အနိုင် ရရှိခဲ့ကြောင်း ဖေါ်ပြ ထားသည်။

မြန်မာအသင်း အတွက် အနိုင်ဂိုး များကို ဒုတိယပိုင်း ပြန်စပြီး ၂မိနစ် အကြာတွင် ဝေဇင်နှင်း က လည်းကောင်း၊ ပွဲချိန် ၆၆မိနစ် တွင် ဖြူနှင်းသွယ် က လည်းကောင်း သွင်းယူ ခဲ့ပြီး အိမ်ရှင် အတွက် တစ်လုံး တည်းသော ချေပဂိုး ကို ပွဲချိန် ၈၈ မိနစ်၌ Shannon Arthur က ပြစ်ဒဏ်ဘော မှ တဆင့် သွင်းယူခဲ့ခြင်း ဖြစ်ကြောင်း ယင်း ထုတ်ပြန်ချက် အရ သိရသည်။ အခြား ပွဲစဉ်တွင် သြစတြေးလျ အသင်းက ထိုင်းအသင်း ကို ငါးဂိုး တစ်ဂိုး ဖြင့် အနိုင် ရရှိခဲ့သည့် အတွက် မြန်မာအသင်း နှင့် အတူ ရမှတ်တူ ဂိုးကွာဖြင့် အုပ်စု ပထမ နေရာတွင် ရပ်တည် နေကြောင်း လည်း ယင်း ထုတ်ပြန်ချက် တွင် ဖေါ်ပြ ပါရှိသည်။

မြန်မာ ယူ-၁၆ အမျိုးသမီး ဘောလုံး အသင်း သည် နိုဝင်ဘာ လ ၉ရက်နေ့ တွင် သြစတြေးလျ ယူ-၁၆ အမျိုးသမီး ဘောလုံး အသင်းနှင့် ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။ ခြေစစ်ပွဲ အုပ်စု (ဂ)တွင် မြန်မာ အသင်း သည် အိမ်ရှင် ဖိလစ်ပိုင်၊ ထိုင်း၊ သြစတြေးလျ အသင်း တို့နှင့် တစ်အုပ်စုတည်း ကျသည်။

 The Voice Weekly
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template