Headlines News :
Home » » ညသန်းခေါင်ကျော် မြို့တွင်း လက်နက်ကြီး ၅ လုံးကျ

ညသန်းခေါင်ကျော် မြို့တွင်း လက်နက်ကြီး ၅ လုံးကျ

Written By လွင့်မောင်မောင် on Friday, November 9, 2012 | 8:09 PM


သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် မိုင်းငေါ့မြို့နယ်ခွဲအတွင်း၌ ညသန်းခေါကျော် ယနေ့နံနက် ၃ နာရီ၌ လက်နက်ကြီး ၅ လုံးကျကြောင်း၊ ဒေသခံနေအိမ်အချို့ပျက်စီးသွားကြောင်း မျက်မြင်များက ပြောပါသည်။
003-
“ဒီမနက် ၃ နာရီလောက် မိုင်းငေါ့မြို့ ဝမ့်တုံ့လုံရွာအပိုင်းမှာ လက်နက်ကြီး ၅ လုံးကျတယ်။ မြို့ပြင် ကနေ ပစ်ထည့်တာ။ ဗုံးထိမှန်တဲ့ အိမ်ရှင်ကိုလဲ ရဲစခန်းက မနက်ကတည်းက ခေါ်သွားတယ်” - ဟု မိုင်းငေါ့မြို့ခံ အိုက်နောင့်က ပြောပါသည်။

ယနေ့နံနက် ၃ နာရီအချိန် အမည်မသိလက်နက်ကိုင်တစုက မြို့ပြင်မှနေ၍ မိုင်းငေါ့မြို့နယ်ခွဲ၊ ဝမ့်တုံ့လုံ ရွာ အား ၄၀ mm ရော့ကက်ဖြင့် ၅ ကြိမ်ပစ်ခတ်ရာမှာ သုံးလုံးမှာကွဲသွားပြီး ကျန်နှစ်လုံးက မကွဲ ကြောင်း၊ စိုင်းထွန်းမြတ် နန်းမြသိန်း နေအိမ် ထိမှန်ပြီး တံစက်မြိတ်ပြိုပျက်သွားကြောင်း - ကျားဖြူပါတီ အသိုင်းအဝိုင်းကလည်းပြောပါသည်။

“ဝမ့်တုံ့လုံဆိုတာ မိုင်းငေါ့မြို့တွင်းဘဲဗျ။  ဘယ်အဖွဲ့လဲဆိုတာကျနော်တို့လဲမသိဘူး။ ၄၀ mm ကျည် အမျိုးအစား၊ ခြံထဲမှာတလုံး၊ အိမ်ရှေ့ခြံစည်းရိုးနားမှာတလုံး၊ တံစက်မြိတ်မှာတလုံး ကျကွဲတယ်။ ကျန် တဲ့ မကွဲတဲ့နှစ်လုံးက ဘယ်မှာကျလဲဆိုတာရှာမတွေ့ဘူး။ ဘာ့ကြောင့် အဲဒီလိုဖြစ် လဲဆိုတာ အကြောင်း ရင်းကို ကျနော်တို့လဲ ဆက်လက်စုံစမ်းသွားမယ်” - ဟု ကျောက်မဲမြို့ ကျားဖြူပါတီ ဥက္ကဌ ပြည်နယ် လွှတ်တော်အမတ် စိုင်းခမ်းကျော်က ပြောပါသည်။

အဆိုပါဒေသဘက်တွင် မြန်မာအစိုးရ စစ်တပ်အပြင် သျှမ်းပြည်တပ်မတော် SSPP/SSA ၊ RCSS/SSA အပြင် ရံဖန်ရံခါ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်လည်း ဖြတ်သန်းသွားလာသည်ဟု ဒေသခံများက ဆိုသည်။
သျှမ်းသံတော်ဆင့်
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template