Headlines News :
Home » » အဓိကပြည်နယ်တွေမှာ Obama နဲ့ Romney အကြိတ်အနယ် မဲဆွယ်

အဓိကပြည်နယ်တွေမှာ Obama နဲ့ Romney အကြိတ်အနယ် မဲဆွယ်

Written By လွင့်မောင်မောင် on Monday, November 5, 2012 | 10:27 PM

 
အမေရိကန်ပြည်ထောင်စုရဲ့ နောက်လာမယ့် ၄ နှစ်တာကာလမှာ သမ္မတအဖြစ် တာဝန် ထမ်းဆောင်ဖို့ ရွေးချယ်မယ့်သမ္မတရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး နောက်ဆုံးရက်ကို ရောက်ရှိခဲ့ပါပြီ။

သမ္မတလောင်း ၂ ဦးစလုံးဟာ တနင်္လာနေ့မှာ ပြည်နယ်တွေတော်တော်များများကို သွားရောက် မဲဆွယ်နေကြပါတယ်။ ကြိုတင်မဲစစ်တမ်းတွေအရကတော့ ၂ ဦးစလုံး သူမသာ ကိုယ်မသာ အနေအထားမျိုးမှာရှိပါတယ်။ သမ္မတလောင်းတွေအပေါ် ထောက်ခံသူတွေ အနေအထားဟာ အဓိကကျတဲ့ အိုဟိုင်းယိုး၊ ဖလော်ရီဒါ၊ ၀စ္စကိုဆင်၊ ဗာဂျီးနီးယား၊ ကော်လိုရာဒို၊ အိုင်အိုဝါ စတဲ့ ပြည်နယ်တွေမှာ ကွာခြားမှုသိပ်မရှိတာကိုတွေ့ရပါတယ်။

လက်ရှိသမ္မတ မစ္စတာဘရက်အိုဘားမားဟာ တနင်္လာနေ့မှာ ၀စ္စကိုဆင်၊ အိုအိုင်ဝါနဲ့ အိုဟိုင်းယိုးပြည်နယ်တွေကို ပြန်လည်သွားရောက်ပြီး မဲဆွယ်မှုတွေပြုလုပ်ပြီးတဲ့နောက် သူနေထိုင်ရာ အီလီးနွိုက်စ်ပြည်နယ် ချီကာဂိုမြို့ကို ထွက်ခွာ သွားပါတယ်။ရွေးကောက်ပွဲကျင်းပတဲ့ အင်္ဂါနေ့တနေ့လုံး မစ္စတာအိုဘားမားဟာ ချီကာဂိုမြို့မှာ ရှိနေမှာ ဖြစ်ပါတယ်။

ရီပတ်ဗလစ်ကင်ပါတီ သမ္မတလောင်း မစ္စတာ မစ်ရော်မနေကတော့ တနင်္လာနေ့ စောစောပိုင်း ဖလော်ရီဒါမှာ မဲဆွယ် စည်းရုံးမှု ပြုလုပ်ပြီး ဗာဂျင်းနီးယား၊ အိုဟိုင်းယိုး နဲ့ နယူး ဟမ်(စ)ရှိုင်းယားပြည်နယ်တွေကို သွားရောက်ပါလိမ့်မယ်။ ရွေးကောက်ပွဲနေ့မှာ တော့ မစ္စတာ ရော်မနေဟာ သူနေထိုင်ရာ မန်စီချူးဆက် မှာရှိနေမှာဖြစ်ပါတယ်။VOA
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template