Headlines News :
Home » » ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသည့် ပဋိပက္ခများနှင့်ပတ်သတ်ပြီး ရခိုင်နိုင်ငံရေးပါတီများမှ ခေါင်း ဆောင်များနှင့် မြို့မိမြို့ဖများကို ပြည်နယ်ရဲမှူးကြီးမှ ခေါ်ယူမေးမြန်း

ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသည့် ပဋိပက္ခများနှင့်ပတ်သတ်ပြီး ရခိုင်နိုင်ငံရေးပါတီများမှ ခေါင်း ဆောင်များနှင့် မြို့မိမြို့ဖများကို ပြည်နယ်ရဲမှူးကြီးမှ ခေါ်ယူမေးမြန်း

Written By လွင့်မောင်မောင် on Friday, November 9, 2012 | 4:33 PM

ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသည့် ပဋိပက္ခများနှင့်ပတ်သတ်ပြီး ရခိုင်နိုင်ငံရေးပါတီများမှ ခေါင်း ဆောင်များနှင့် မြို့မိမြို့ဖများကို ပြည်နယ်ရဲမှူးကြီးမှ
 ခေါ်ယူမေးမြန်းနေကြောင်း သိရသည်။

ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီမှ အတွင်းရေးမှူးအဖွဲ့ဝင် ဦးခိုင်ပြည် စိုးနှင့် ဗဟိုကော်မီ တီဝင် ရှေ့နေဒေါ်အေးနုစိန်တို့အားလည်း  ခေါ်ယူမေးမြန်းခဲ့သည်။
“ရဲမှူးကြီးက ခေါ်စစ်တဲ့ အနေအထားတော့ မဟုတ်ပါ။ ဆွေးနွေးတဲ့ ပုံသဏ္ဍာန်နဲ့မေးတာပါ။ ပထမ တစ်ကြိမ် တုန်းကဆိုရင် တမျိုးတဖုံပြောလို့ရတယ်။ နောက်ထပ် ဖြစ်လာတဲ့ကိစ္စမှာ ကြိုးကိုင် သူတွေရှိနေတယ်။ သွေးထိုး လှုံဆော်မှုတွေ ရှိနေတယ်ဆိုတာတွေနဲ့ ပတ်သတ်လို့ RNDP က အောက်ခြေက လူငယ်တ ချို့ ပါကောင်းပါနိုင်တယ်ဆိုပြီး သုံးသပ်ချက်တွေရှိတယ်။ နိုင်ငံတော် သမ္မတ ရုံးကလည်း ကြေငြာချက် မှာလည်း နိုင်ငံရေးပါတီတွေ ကြိုးကိုင်မှုရှိနေတယ်လို့ ပါတဲ့အ တွက် အနေအထားတစ်ခုကို မေးကြည့် တဲ့သဘောပါ” ဟု ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီမှ အတွင်းရေးမှူးအဖွဲ့ဝင် ဦးခိုင်ပြည်စိုးက ပြောသည်။ 
ဦးခိုင်ပြည်စိုးကို နိုင်ဝင်ဘာလ ၈ ရက်နေ့ညနေ ၄ နာရီခန့်တွင် ခေါ်ယူဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
ရဲမှူးကြီးမှ ဦးခိုင်ပြည်စိုးအား ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ပြဿနာသည် မည်သည့် အကြောင်း ရင်းကြောင့်  ဖြစ်ပွားရပါ သလဲဟု မေးမြန်းခဲ့သည့်အပေါ် ဦးခိုင်ပြည်စိုးက ယခုကဲ့ သို့ ဖြေကြားခဲ့ကြောင်း ပြောသည်။
“ကျွန်တော်က အခုဖြစ်နေတဲ့ပြဿနာတွေရဲ့ အကြောင်းအရင်း အချက် ၂ ချက်ဘဲတွေ့တယ်။ ပထမ တစ်ချက်က ရိုဟင်ဂျာဆိုတဲ့ မရှိတဲ့ လူမျိုး တစ်မျိုးကို လူမျိုးတစ်ခု အဖြစ် ဖန်တီးချင်တယ်။ ဒုတိယ အချက်က  ဘူးသီးတောင်၊ မောင်တောနဲ့ ရသေ့တောင်နယ်မြေ တချို့ကို အစ္စလာမ် မစ်နိုင်ငံ ထူထောင် လိုတယ်။ အဲဒီ အချက်နှစ်ချက်အပေါ်မှာ ဒီပြဿနာ ဖြစ်ရတာဖြစ်တယ်လို့ ကျွန်တော် ပြောခဲ့ တယ်” ဟု ဆိုသည်။
မြို့မိမြို့ဘများထဲမှ ဆရာဦးဗသိန်း၊ ဆရာ ဦးအောင်ဇံတို့အပါ အ၀င် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် မှ ခေါင်း ဆောင်တချို့နှင့် လူမှုရေးအသင်းအဖွဲ့မှ ကိုယ်စားလှယ်များကိုလည်း တစ်ဦးချင်း စီ ခေါ်ယူမေးမြန်း ခဲ့ ကြောင်း သိရသည်။
မောင်အေး(နိရဉ္စရာ)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template