လျက် ရှိကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှစုံစမ်းသိရသည်။
အောက်တိုဘာလ ၃၁ ရက်နေ့တွင် သံတွဲမြို့ပေါ်ရှိဗလီနှင့် ဘုန်းကြီးကျောင်းများအား စစ်ဆေးရှာ ဖွေရန်ဆုံးဖြတ်ချက် အရ သံတွဲမြို့နယ်ရဲမှူး၊ စသုံးလုံး၊ မြို့နယ်ထွေအုပ်၊ မြို့မိမြို့ဖများ၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးများပါဝင်သည့်အဖွဲ့သည် ယင်းနေ့၊ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်အချိန်တွင် သံတွဲမြို့ ၃ ရပ်ကွက်ရှိ ဂျာမေ့ဗလီသို့ရှောင် တခင်ဝင်ရောက် ရှာဖွေခဲ့ရာ ဗလီဆရာတစ်ဦးနှင့် ဗလီဂေါပက တစ်ဦးတို့ အားတွေ့ ရှိပြီး ဗလီအတွင်းမှ သံပိုက်လုံးတပ်ဆင်ထားသော အရှည် ၅ ပေ ၉ လက်မခန့်ရှိ အသွားသံလျက် ပုံပါ လှံ တစ်ချောင်း၊ ဓါးအရိုးသံပိုက်လုံး ၂ ပေ ၃ လက်မခန့်ရှိ ဓါးဦးချွန်ဓါးရှည်တစ်ချောင်း၊ ဝါးရိုးတပ်ထား သော ၂ ပေ ၃ လက်မခန့်ရှိ ဓါးရှည်တစ်ချောင်း၊ သံဖြင့်ပြုလုပ်ထားသော ဂျင်ဂလိ ၁၅ ချောင်း၊ ဖူဂျီ ဆပ်ပြာပလက်စတိတ်ဘူးဖြင့် ထည့်ထားသော ဂေါ်လီလုံး ၁၇၈ လုံး၊ လောက်စာလုံးလေးဂွပိုက်အရွယ် ကျောက်ခဲ ၁၃ လုံး၊ ကျွဲချိုဖြင့်ပြုလုပ် ထား သော လေးဂွ ၂ ခုနှင့် သစ်သားလေးဂွ ၁ ခု၊ အလျား ၁ ပေခန့် အနံ ၁၀ လက်မခန့်ရှိ လွယ်ကြိုးပါသော လွယ်အိပ်သားရေ အညိုရောင်အိပ်တစ်လုံး၊ အနီရောင်ဆေး သုတ်ထားသော ၃ ပေခန့်ရှိ သံပိုက်လုံး ၁ ချောင်း၊ အနီရောင်ဆေးသုတ်ထားသော ၂ ပေခန့်ရှိ သံပိုက်လုံး ၁ ချောင်း၊ BINOCULARS တံဆိပ်ပါ ပြောက်ကျား မှန်ဘီလူး ၁ ခုနှင့် မှန်ဘီလူးထည့်သည့် အစိမ်းရောင်ပြောက်ကျား အိပ်တစ်ခုတို့ကို သိမ်းဆည်းရမိခဲ့ ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှသိရသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သတ်၍ ဗလီဆရာဦးချစ်ဦး (ခ)ဝါဟစ် (၆၁ နှစ်၊ ဘ-ဦးညီလေး၊ ဘင်္ဂလီ/ အစ္စလာမ်၊ သံတွဲမြို့ ၂ ရပ်ကွက်နေသူ)နှင့် ဗလီဂေါပက ဦးတင်အောင်(ခ)ဟာနီဖာ (၇ဝနှစ်၊ ဘ-ဦးရွှေသီး၊ ဘင်္ဂလီ/အစ္စလာမ်၊ သံတွဲမြို့ ၂ ရပ်ကွက်နေသူ)တို့အား သံတွဲရဲစခန်းမှ (ပ)၁၁၄/၂၀၁၂၊ လက်နက်ပုဒ်မ ၁၉(င) အရ အမှုဖွင့်အရေး ယူစစ်ဆေးလျက် ရှိကြောင်း သိရသည်။
ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားနေသော ပဋိပက္ခအခြေအနေများကို ထိမ်းသိမ်းနိုင်ရန် တရားမဝင် ကိုင်ဆောင်ထား သော လက်နက်ဥပဒေပါ လက်နက်ခဲယဉ်းများကို နီးစပ်ရာရဲစခန်းများနှင့် လုံခြုံရေးအဖွဲ့ များထံ ၃ ရက်အတွင်းအပ်နှံရမည်ဖြစ်ပြီး ယင်းတရားမဝင်ကိုင်ဆောင်ထားသော လက်နက်များအား သတ်မှတ်အချိန် အတွင်းလာရောက် အပ်နှံခြင်း မရှိပါကဥပဒေအရ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်းေ အာက်တိုဘာလ ၃၁ ရက်နေ့ ထုတ် နိုင်ငံပိုင်သတင်းစာ များတွင်ထုတ်ပြန်ကြေငြာခဲ့သည်။ ယင်းနောက်ပိုင်း ရခိုင်ပြည်နယ်အတွင်းရှိ တစ်ချို့ဒေသများတွင် လက်နက်များအား သက်ဆိုင်ရာသို့ လာရောက်အပ်နှံမှုများ ရှိကြကြောင်း အောက်တိုဘာလ ၅ ရက်နေ့က ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
မာန်ယုကျော်(ရွှေဝမြေ) - Yangon Media Group