
၈၈ မျိုးဆက် ကျောင်းသားအဖွဲ့၏ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း မွန်ပြည်နယ် ခရီးစဉ်ကို နိုဝင်ဘာလ ၉ ရက်နေ့က စတင်ခဲ့သည်။ အဆိုပါ အဖွဲ့ အနေဖြင့် နိုဝင်ဘာလ ၉ ရက်နေ့တွင် မော်လမြိုင်၊ မုတ္တမမြို့ အစရှိသည့် ဒေသများသို့ သွားရောက်ခဲ့ပြီး နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ကျိုက်မရောနှင့် မုဒုံ၊ နိုဝင်ဘာလ ၁၁ ရက်နေ့တွင် သံဖြူဇရပ်နှင့် ရေး၊ နိုဝင်ဘာလ ၁၂ ရက်နေ့တွင် လမိုင်းမြို့နယ်ခွဲ၊ နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ကမာဝက်နှင့် ဘားအံ အစရှိသည့် ဒေသများသို့ သွားရောက်ရန် စီစဉ်ထားကြောင်း သိရသည်။

