Headlines News :
Home » » ဂွာတီမာလာတွင် ငလျင်ပြင်းလှုပ်ခတ်မှုကြောင့် အနည်းဆုံး လူ ၄၈ ဦးသေဆုံး

ဂွာတီမာလာတွင် ငလျင်ပြင်းလှုပ်ခတ်မှုကြောင့် အနည်းဆုံး လူ ၄၈ ဦးသေဆုံး

Written By လွင့်မောင်မောင် on Friday, November 9, 2012 | 11:38 AM


ပြင်းအား ရစ်ခ်ျတာစကေး (၇.၄) အဆင့်ရှိ ငလျင်တစ်ခု ဗုဒ္ဓဟူးနေ့က လှုပ်ခတ်သွားရာ အနည်းဆုံး လူ(၄၈)ဦး သေဆုံးပြီး (၁၅၀)ကျော် ဒဏ်ရာရခဲ့ကြောင်း သိရသည်။ ပျောက်ဆုံးစာရင်းမှာ (၂၃)ဦး ရှိနေသည်ဟု အစိုးရ တာဝန်ရှိသူများက ဆိုသည်။

ဂွာတီမာလာနိုင်ငံတွင် ငလျင်လှုပ်ခတ်မှုကြောင့် လူပေါင်း ဒါဇင်နှင့်ချီ သေဆုံးခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။ ပြင်းအား ရစ်ခ်ျတာစကေး (၇.၄) အဆင့်ရှိ ငလျင်တစ်ခု ဗုဒ္ဓဟူးနေ့က လှုပ်ခတ်သွားရာ အနည်းဆုံး လူ(၄၈)ဦး သေဆုံးပြီး (၁၅၀)ကျော် ဒဏ်ရာရခဲ့ကြောင်း သိရသည်။ ပျောက်ဆုံးစာရင်းမှာ (၂၃)ဦး ရှိနေသည်ဟု အစိုးရ တာဝန်ရှိသူများက ဆိုသည်။ အသေအပျောက် စာရင်းသည် တိုးပွားလာဆဲ ဖြစ်နိုင်ကြောင်းလည်း သိရသည်။

ယခုငလျင်သည် ဂွာတီမာလာတွင် (၁၉၇၆)ခုနှစ် နောက်ပိုင်း အင်အား အပြင်းထန်ဆုံးလည်း ဖြစ်ကြောင်း သိရသည်။ သမ္မတ အိုတိုပီရက်ဇ် မိုလီနာက သတင်းစာရှင်းလင်းပွဲတွင် မိမိတို့ အနေဖြင့် လူပေါင်း (၂၃၀၀၀)သေဆုံးခဲ့သည့် ယခင်ငလျင်ကြီး၏ အတွေ့အကြုံများဖြင့် စီမံဆောင်ရွက်ရန် လိုကြောင်း ပြောဆိုခဲ့သည်။ ပစိဖိတ် ကမ်းခြေဒေသရှိ ဂွာတီမာလာတွင် လှုပ်ရှားခဲ့သော ဗုဒ္ဓဟူးနေ့ ငလျင်ကြောင်း ကျောင်းများ၊ အိမ်များနှင့် အခြားအဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့သလို လမ်းများလည်း ပက်ကြားအက် ပျက်စီးခဲ့သည်။

"ငလျင်က သိပ်ပြင်းတယ်။ အရင်တုန်းက ဒါမျိုး တစ်ခါမှ မကြံဖူးဘူး"ဟု အသက်(၃၀)အရွယ် ခရစ်ယာန် တရားဟောစရာ ယာဆီနီရာ မီရန်ဒါက ပြောကြားခဲ့သည်။ ငလျင်လှုပ်ခတ်နေစဉ် အဆောက်အအုံ မှန်ပြူတင်းပေါက်များ ကွဲထွက်ကုန်သလို ဒဏ်ရာရမှုများလည်း ရှိခဲ့သည်။ လတ်တလောတွင် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေဆဲဖြစ်ပြီး ငလျင်ကြောင့် ထောင်နံရံတစ်ခုလည်း ပြိုကျသွားရာ ထောင်သား(၉၈)ဦးကို အခြားထောင်တစ်ခုသို့ ရွှေ့ပြောင်းခဲ့ရကြောင်း သိရှိရသည်။

Source: NY Times
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template