Headlines News :
Home » » ပြဿနာဖြစ်ပွားခဲ့တဲ့ လူကြီးမင်းဖုန်းဆိုင် သတင်းစာရှင်းလင်းပွဲလုပ်

ပြဿနာဖြစ်ပွားခဲ့တဲ့ လူကြီးမင်းဖုန်းဆိုင် သတင်းစာရှင်းလင်းပွဲလုပ်

Written By လွင့်မောင်မောင် on Sunday, November 4, 2012 | 9:43 PM

Photo: RFA/Kyaw Myo Htun
လူကြီးမင်းဖုန်းဆိုင်က ကံစမ်းမဲပြုလုပ်မယ့်အစီအစဉ် လက်ကမ်းကြော်ငြာကို လသာမြို့နယ်မှာနေထိုင်သူတစ်ဦးက ပြသနေစဉ်
 2012-11-04
 လူကြီးမင်းဖုန်းဆိုင်ရဲ့ ဆိုင်ခွဲ ၁၁ ဆိုင်မှာ မနေ့က ပြုလုပ်ခဲ့တဲ့ ကံစမ်းမဲအစီအစဉ်ကို ဖျက်သိမ်းလိုက်တာကြောင့် အချို့နေရာတွေမှာ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့တာနဲ့ ပတ်သက်ပြီး Parkroyal ဟိုတယ်မှာ ဒီကနေ့ မနက်ပိုင်းက သတင်းစာရှင်းလင်းပွဲ တစ်ခုပြုလုပ်ခဲ့ပါတယ်။ ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ မနေ့က ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့မှုတွေအတွက် လူကြီးမင်း ဖုန်းအရောင်းဆိုင်အနေနဲ့ အများပြည်သူကို အနူးအညွတ် တောင်းပန်ကြောင်းနဲ့ တောင်ကြီးမြို့နဲ့ နေပြည်တော်မှာရှိတဲ့ လူကြီးမင်းဖုန်းဆိုင်တွေမှာတော့ မူလအစီအစဉ်အတိုင်း ကံစမ်းမဲအစီအစဉ်ကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
ရန်ကုန်မြို့မှာ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ ကံစမ်းမဲအစီအစဉ်ကိုတော့ အခြားသော ပုံစံနဲ့ ဆက်လက်ပြုလုပ်သွားမယ်လို့ သိရပါတယ်။
မနေ့က ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့တဲ့ လူကြီးမင်းဖုန်းဆိုင်တွေရဲ့ တစ်သိန်းကျော်တန် Samsung Galaxy Mini ကို ၅၀၀၀ ကျပ်နဲ့ ရောင်းချမယ့် ကံစမ်းမဲအစီအစဉ်မှာ ကံစမ်းမဲကူပွန် ထုတ်ယူသူတွေနဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေအကြား ရုန်းရင်းဆန်ခတ်မှုဖြစ်ပွားခဲ့တာကြောင့် အစီအစဉ် ဖျက်သိမ်းခဲ့ရပါတယ်။
RFA
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template