သတင်းနှင့်ဓာတ်ပုံ--Zaw Zaw Myeik(Facebook)
မြိတ်မြို့ ပထမဆုံး လူထုဆန္ဒဖော်ထုတ်ပွဲ ၂၀၁၂
ခုနှစ် နိုဝင်ဘာလ (၄ )ရက်နေ့ မနက်၈.၀၀ တိတိ မှ နောက်လယ်
အမှတ်(၁)ဘောတံတားရှေ့တွင် စတင် စုဝေး ငါးမှုန့်စက်ရုံ အနံ့ဆိုးပ ပျောက်ရေး၊
ထင်းလောင်စာ မသုံးစွဲရေး နှင့် ကျောက်မီးသွေး စီမံကိန်း တို့အား ဆန့်ကျင်
ကန့်ကွက် ဆန္ဒထုတ်ဖော်ကြရာ လူထုအင်အား ၅၀၀ ခန့်စုဝေးချီတက်ခဲ့ကြသည်။
ကျောက်မီးသွေးစက်ရုံ အလိုမရှိ၊ ငါးမှု့န့်စက်ရုံ အနံဆိုး ပပျောက်ရေး ဒို့အရေး၊ ငါးမှုန့်စက်ရုံ ထင်းလောင်စာ
မသုံးစွဲရေး၊ ဒို့အရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဒို့အရေး၊ ၊ သဘာဝဓာတ်ငွေံ ဓာတ်အားပေး စက်ရုံ တည်ဆောက်ပေး ကြွေးကြော်သံများ ဖြင့် ကြွေးကြော်ပြီး ငြိမ်းချမ်းစွာ
စုဝေးခြင်းနှင့် စီတန်း လှည့်လည် ဆန္ဒဖော်ထုတ်ခြင်းအား အင်အား (၂၅၀) ဦးခန့်ဖြင့် (၄-၁၁-၂၀၁၂) ရက်နေ့ နံနက် (၀၈၀၀) နာရီအချိန်တွင် မြိတ်မြို့ နောက်လယ်ရပ်ကွက် အမှတ်(၁) ဘောတံတားရှိ မြေကွက်လပ်တွင် စတင် စုဝေးပြီး ကမ်းနားလမ်း တစ်လျှောက် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ကာ ဆိပ်ငယ်ရပ်ကွက် ပုလဲရတနာ ခန်းမတွင် စုဝေးခဲ့သည်။
ထိုနောက် ဦးလှမော်က ငါးအမှုန့်ကြိတ်စက်ရုံ အနံ့ဆိုး ပပျောက်ရေး၊ ထင်းလောင်စာ မသုံးစွဲရေး၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပတ်သက်ပြီး (၃၀) မိနစ် ကြာခန့် ဟောပြောခဲ့သည်။
ပြီးနောက် ဦးမိုးသူအောင်က ကျောက်မီးသွေးဓာတ်အားပေး စက်ရုံ တည်ဆောက်မှု ကန့်ကွက်ရေးနှင့် ပတ်သက်ပြီး (၁၀) မိနစ်ခန့် ဟောပြောကာ (၀၉၀၀) နာရီ အချိန်ခန့်တွင် ကြွေးကြော်သံများဖြင့် ကြွေးကြော်ပြီး ဆန္ဒဖော်ထုတ်ပွဲအား ရုပ်သိမ်းလိုက်သည်။ ဆန္ဒဖော်ထုတ်ပွဲတွင် မြိတ်ခရိုင် လူထု၏ ဆန္ဒ သဘောထား ကြေညာချက် ၊ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ထံသို့ အိတ်ဖွင့်ပေးစာ၊ ၈၈ မျိုးဆက်ကျောင်းသားများ၏ ငါးအမှုန့်ကြိတ်စက်ရုံကြီးများအပေါ် တောင်းဆိုချက်၊ မြိတ်မြို့နယ် လူငယ်ဆရာဝန်များ ကွန်ယက် သဘောထား ကြေညာချက်များကို ဖြန့်ဝေခဲ့သည်။
သတင်းနှင့်ဓာတ်ပုံ--Zaw Zaw Myeik(Facebook)
အခုထိလူငယ်လေးတစ်ယောက်ပါ ချစ်သူ
-
အခုထိလူငယ်လေးတစ်ယောက်ပါ ချစ်သူ
❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿
လွန်ခဲ့တဲ့နှစ်များဆီသို့ပြန်တမ်းတတိုင်း
မျက်ဝန်းထဲမှာ သခင့်ရုပ်လွှာ သက...
8 years ago