Headlines News :
Home » » ခွင့်ပြုမိန့်ရ နိုင်ငံခြားငါးဖမ်းစက်လှေအချို့ ပုံတူပွား စက်လှေလုပ်ကာ တရားမဝင် ငါးဖမ်းမှုများ ပြုလုပ်နေ

ခွင့်ပြုမိန့်ရ နိုင်ငံခြားငါးဖမ်းစက်လှေအချို့ ပုံတူပွား စက်လှေလုပ်ကာ တရားမဝင် ငါးဖမ်းမှုများ ပြုလုပ်နေ

Written By လွင့်မောင်မောင် on Thursday, November 8, 2012 | 12:39 PM

 ရန်ကုန်၊ နိုဝင်ဘာ ၃
 မြန်မာ့ရေပိုင်နက်အတွင်း ဒေါ်လာပုတ်ပြတ်စနစ်ဖြင့် ငါးဖမ်းဆီးခွင့်ရနေသည့် နိုင်ငံခြားငါးဖမ်း စက်လှေများသည် ပုံတူပွားစက်လှေများ ပြုလုပ်ကာ မြန်မာ့ငါးဖမ်းလုပ် ကွက်များအတွင်း တရားမဝင်ငါးဖမ်းမှုများ ပြုလုပ်နေကြသည်ဟု တနင်္သာရီဒေသခံများထံမှ သိရှိရသည်။

၂ဝဝ၆ ခုနှစ်မှစတင်ကာ ထိုင်း၊ တရုတ်နှင့်မလေးရှား နိုင်ငံသားများအား မြန်မာ့ရေပိုင်နက်များ အတွင်း နိုင်ငံခြားငွေပုတ်ပြတ်စနစ်ဖြင့် ငါးဖမ်းဆီးခွင့်ပြုခဲ့သည်။ အဆိုပါ တရားဝင် ဖမ်းဆီးခွင့်ရ နိုင်ငံခြား ငါးဖမ်းစက်လှေများအနေဖြင့် ယခုအခါ စက်လှေတစ်စင်းလျှင် နှစ်စင်း သုံစင်းကျ ပုံစံတူပြုလုပ်ကာ မြန်မာ့ရေပိုင်နက် အတွင်း နိုင်ငံ တကာ၏ စံနှုန်းများကို လိုက်နာမှုမရှိဘဲ ကိုယ်ကျိုးရှာ စီးပွားဖြစ် ငါးဖမ်းဆီးနေကြကြောင်း ဒေသခံတို့က ပြောသည်။

”ပုတ်ပြတ်စနစ်နဲ့ ငါးဖမ်းဖို့ စက်လှေတစ်ရာကို ခွင့်ပြုထားတယ်ဆိုရင် သူတို့က အဲဒီစက်လှေတွေ အတိုင်းပဲ နံပါတ်တူအရောင်တူ ပုံစံတူတွေကို စက်လှေအစင်း သုံးလေးရာလောက် ထပ်ပွားပြီး ပင်လယ်ထဲမှာ ငါးလိုက်ဖမ်းနေကြတယ်။ အဲဒါကို ခွင့်ပြုထားတဲ့သူတွေက လိုက်ကြည့်မယ့်သူလည်း မရှိဘူး”ဟု ကော့သောင်းမြို့ ဒေသခံ တစ်ဦးက ပြောသည်။

ဒေါ်လာပုတ်ပြတ်စနစ်ဖြင့် ငါးဖမ်းဆီးခွင့် ဆိုသည်မှာတစ်လ (သို့) သတ်မှတ်ကာလအတွင်း စက်လှေတစ်စင်းလျှင် ဒေါ်လာမည်ရွေ့မည်မျှ ဟူ၍သတ်မှတ်ကာ ယင်းအချိန် ကာလအတွင်း ငါးဖမ်းဆီးခွင့်ကို ကြိုက်သလောက် အနေအထား အဖြစ်ဖမ်းဆီးခွင့်ပြုပေးထားခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းသို့ ခွင့်ပြုပေးထားသည့် အတွက် နိုင်ငံခြားငါးဖမ်းစက်လှေ များမှာ ကိုယ်ကျိုးစီးပွားကို ရှေးရှု သည့်အတွက် နိုင်ငံတကာ၏စံ သတ်မှတ်ချက်များကို မလိုက်နာနိုင်ဘဲ တစ်ကမ္ဘာလုံးက တားမြစ်ထားသည့် တရွတ်ဆွဲစနစ်များကို အသုံးပြုခြင်း၊ ပိုက်အစိပ်အကျဲများကို အလေးမထားဘဲ ဖမ်းဆီးခြင်း စသည့်အချက်များကြောင့် ရေအောက်ရှိ သန္တာကျောက်တန်းများ ပျက်စီးကာ ငါးမျိုးစိတ်များလည်း ရှားပါးမှုနှင့်ရင်ဆိုင်ကြုံတွေ့လာ နိုင်ခြေရှိကြောင်း ဒေသခံများက ပြောသည်။

”ဒီစနစ်ကို တစ်ကမ္ဘာလုံးမှာ နိုင်ငံတော်တော်များများ မသုံးကြတော့ဘူး။

သိပ်ပြီးဖွံ့ဖြိုးမှု နောက်ကျနေတဲ့ နိုင်ငံမျိုးတွေလောက်ပဲ အသုံးပြု ကြတာဖြစ်တယ်။ အဲဒီလို အသုံးပြုရာမှာလည်း စနစ်တကျ မကိုင်တွယ်နိုင်ဘူးဆိုရင် နောက်ဆက်တွဲပြဿနာတွေက အများကြီး ဖြစ်လာတတ်ပါတယ်”ဟု သွင်းကုန်ထုတ် လုပ်ငန်းရှင်ကြီးတစ်ဦး က ပြောသည်။

မြန်မာနိုင်ငံတွင်း၌ ငါးဖမ်း လုပ်ကွက် လေးနေရာရှိပြီး ယင်းတို့ မှာ မြိတ်၊ ထားဝယ်၊ ကော့သောင်း နှင့် ရခိုင်ဒေသတို့ဖြစ်ကြောင်း သိ ရသည်။

”ပုတ်ပြတ်စနစ်က တန် ၁ဝဝ ကို ဒေါ်လာတစ်သောင်းပေးတယ်။ အစ်မတို့ဆီက ဒေါ်လာတစ်သောင်း ပဲရလိုက်တာ။ ဒါပေမဲ့ သူတို့က စစ်ဆေးရေးဂိတ်တွေမှာ အစစ်ဆေး မခံတဲ့အတွက်ကြောင့် ဒီကဘာတွေ ဘယ်လောက်ပါသွား လဲဆိုတာ မသိရသလို ဘယ် ငါးဖမ်းစနစ်နဲ့ ဖမ်းသွားလဲဆိုတာကို မသိရဘူး။

ဒါ့အပြင် နောက်တစ်ခုက ဒီဘက် စက်ရုံတွေမှာ ကုန်ကြမ်း မလုံလောက်တဲ့အတွက် စက်ရုံတွေ မလည်ပတ်နိုင်လို့ ဒီက နယ်ခံလူ တော်တော်များများ သူများနိုင်ငံတွေကို သွားပြီး အလုပ်လုပ်နေရပါ တယ်”ဟု ရေလုပ်ငန်း လုပ်ကိုင်နေသည့် မြိတ်မြို့ဒေသခံတစ်ဦးက ပြောကြားသည်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template