Headlines News :
Home » » မူးယစ်ရာဇာ နော်ခမ်းကို သေဒဏ်ချ

မူးယစ်ရာဇာ နော်ခမ်းကို သေဒဏ်ချ

Written By လွင့်မောင်မောင် on Tuesday, November 6, 2012 | 7:51 PM

 
ဧရာဝတီ| November 6, 2012

မူးယစ်ရာဇာ စိုင်းနော်ခမ်းနှင့် နောက်လိုက် ၃ ဦးကို တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ တရားရုံးက ယနေ့ သေဒဏ် ချမှတ် လိုက်ကြောင်း သိရသည်။

အခြားသောနော်ခမ်း၏ အဖွဲ့ဝင်ထဲမှ ၁ ဦးကို ထောင်ဒဏ် ၈ နှစ် ချမှတ်ပြီး ကျန်သူများကို ဆိုင်းငံ့ပြစ် ဒဏ် သေဒဏ် ချမှတ်ခြင်း ဖြစ်သည် ဟု AP သတင်းတွင် ဖော်ပြထားသည်။

၎င်းတို့သည် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် အောက်တိုဘာ လ အတွင်းက ရွှေတြိဂံ ဒေသ မဲခေါင် မြစ်အတွင်း ကူးသန်း သွားလာသည့် ကုန်တင်သဘောင်္ပေါ်မှ တရုတ် နိုင်ငံသား ၁၃ ဦးကို သတ်ဖြတ်ခဲ့မှုဖြင့် ယင်းသို့ ပြစ်ဒဏ် စီရင်ခံရခြင်း ဖြစ်ကြောင်း သိရသည်။

နော်ခမ်းနှင့် အဖွဲ့ကို ပြီးခဲ့သည့် ဧပြီလအတွင်း က လာအိုနိုင်ငံ ၌ ဖမ်းဆီးခဲ့ပြီး မေလအတွင်း၌ တရုတ် အာဏာပိုင်များ ဘက်သို့ လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်ကြောင်း အစိုးရ သတင်းစာများတွင် ဖော်ပြ ခဲ့သည်။

မေလလယ်ပိုင်း၌ နော်ခမ်း ၏ တပ်ဖွဲ့ဝင် ၂၅ ဦးသည်လည်း မြန်မာ စစ်တပ်ထံ လက်နက်ချခဲ့သေးသည်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template