Headlines News :
Home » » ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင် နိုဝင်ဘာလဒုတိယပတ်အတွင်း မြန်မာနိုင်ငံသို့လာရောက်ကာ သမ္မတနှင့်တွေ့ဆုံမည်

ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင် နိုဝင်ဘာလဒုတိယပတ်အတွင်း မြန်မာနိုင်ငံသို့လာရောက်ကာ သမ္မတနှင့်တွေ့ဆုံမည်

Written By လွင့်မောင်မောင် on Wednesday, November 7, 2012 | 3:17 PM

ထိုင်းနိုင်ငံ၏ ၀န်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာသည် နိုဝင်ဘာလ ဒုတိယပတ်အတွင်း မြန်မာနိုင်ငံသို့လာရောက်မည်ဖြစ်ပြီး ၎င်းခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်တွေ့ဆုံသွားရန် စီစဉ်ထားကြောင်း ထိုင်းနိုင်ငံ၏ The Nation သတင်းစာတွင် ဖော်ပြချက်အရ သိရသည်။
သက်ဆင်သည် နိုဝင်ဘာ ၈ ရက် ကြာသပတေးနေ့မှ စနေနေ့အထိ လာရောက်မည်ဖြစ်ပြီး ရောက်ရှိသည့်နေ့တွင်ပင် နေပြည်တော်၌ သမ္မတနှင့်တွေ့ဆုံသွားမည်ဖြစ်ကြောင်း ၎င်း၏ဥပဒေအကြံပေး နော့ပါဒွန်ပတ်တမာက ပြောကြားခဲ့သည်။
သို့သော် ၎င်းကသောကြာနေ့တွင် ထိုင်းနိုင်ငံနယ်စပ်ရှိ တာချီလိတ်မြို့သို့ သွားရောက်ရန်အစီအစဉ်ကို လုံခြုံရေးအခြေအနေကြောင့် ဖျက်သိမ်းလိုက်ကြောင်း ပြောကြားခဲ့သည်။
နော့ပါဒွန်က တာချီလိတ်တွင် မကြာမီကသိမ်းဆည်းမိခဲ့သော RPG အပါအ၀င် လက်နက်ပစ္စည်းများကြောင့် အဆိုပါခရီးစဉ်ကို ဖျက်သိမ်းလိုက်ခြင်းဖြစ်ကြောင်းပြောသည်။ အဆိုပါပြစ်မှုတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသော သံသယရှိသူက သက်ဆင်ကိုလုပ်ကြံရန် ရည်ရွယ်ထားခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရှိရသည်။
သက်ဆင်သည် မြန်မာနိုင်ငံသမ္မတနှင့် မည်သည့်စီးပွားရေး သဘောတူညီချက်ကိုမျှ ပြုလုပ်မည်မဟုတ်ဟု ပြောကြားခဲ့ကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template