Headlines News :
Home » » ကားတင်သွင်းသူများ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှစ၍ မော်ဒယ်ပြောင်းလဲတင်သွင်းရန် တရားဝင်ထုတ်ပြန် ကားအမျိုးအစားအလိုက်၊ မော်ဒယ်အလိုက် CIF ဈေးများကိုလည်း ညှိနှိုင်းကာ အချိန်မီ ထုတ်ပြန်ပေးမည်

ကားတင်သွင်းသူများ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှစ၍ မော်ဒယ်ပြောင်းလဲတင်သွင်းရန် တရားဝင်ထုတ်ပြန် ကားအမျိုးအစားအလိုက်၊ မော်ဒယ်အလိုက် CIF ဈေးများကိုလည်း ညှိနှိုင်းကာ အချိန်မီ ထုတ်ပြန်ပေးမည်

Written By လွင့်မောင်မောင် on Saturday, November 10, 2012 | 3:03 PM

ကားတင်သွင်းမည့်သူများ အနေဖြင့် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှစ၍ မော်ဒယ်ပြောင်း လဲတင်သွင်းရန်အတွက် ကြေညာချက်အား ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့က ထုတ်ပြန်ခဲ့သည်။
မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာ ကြီးကြပ်ရေးကော်မတီ အနေဖြင့် ၂၀၁၂ ခုနှစ် ပြက္ခဒိန်နှစ် ကုန်ဆုံးပြီးနောက် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှစ၍ ကားတင်သွင်းခွင့်နှင့် လျောက်ထားမှုများအား မော်ဒယ် ခုနှစ်အလိုက် ပုံမှန်ပြောင်းလဲ ဆောင်ရွက်ပေးမည်ဟု အသိပေး ကြေညာချက် ထုတ်ပြန်ထားခြင်း ဖြစ်သည်။
ထုတ်ပြန်ချက်တွင် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှစ၍ ယာဉ်အို ယာဉ်ဟောင်းများ အပ်နှံကာ အစားထိုးတင်သွင်းမည့်သူများ အနေဖြင့် ၁၉၉၇ ခုနှစ် မှ ၂၀၀၇ ခုနှစ်အတွင်း ထုတ်လုပ်သည့် မော်တော်ယာဉ်များအား လျောက်ထားတင်သွင်းရမည်ဖြစ်ကြောင်း၊ ၂၀၀၈ ခုနှစ်နှင့် အထက် ၁၃၅၀ စီစီနှင့် အောက်ကားများကို လျောက်ထားတင်သွင်းရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
နိုင်ငံခြားသင်္ဘောသား၊ နိုင်ငံခြားရေး ၀န်ထမ်းများ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ စစ်သံဝန်ထမ်းများ၊ ပြည်တွင်းကုမ္ပဏီများ၊ ဟိုတယ်လုပ်ငန်းရှင်များ၊ ပြည်ပတွင် သွားရောက်အလုပ်လုပ်ကိုင်နေသည့် အလုပ်သမားများအနေဖြင့် မော်တော်ယာဉ်တင်သွင်းခွင့် လျောက်ထားရာတွင် ၂၀၀၈ ခုနှစ်နှင့်အထက် လူစီးမော်တော်ယာဉ်များကို တင်သွင်းရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
တစ်ဦးချင်း နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်ကာ တင်သွင်းမည့်သူများ အနေဖြင့် ၂၀၀၈ ခုနှစ်နှင့်အထက် လူစီးမော်တော်ယာဉ်များကို လည်းကောင်း၊ ၂၀၀၃ ခုနှစ်နှင့်အထက် Light Truck/ Truck  တစ်တန်နှင့် အထက် မော်တော်ယာဉ်များကို လည်းကောင်း၊ ၂၀၀၃ ခုနှစ်နှင့်အထက် ဘယ်မောင်း City Bus မော်တော်ယာဉ်များနှင့် ၂၀၀၈ ခုနှစ်အထက် ဘယ်မောင်း Bus မော်တော်ယာဉ်များကို လည်းကောင်း လျောက်ထားတင်သွင်းရမည်ဟု ပါရှိသည်။
တက္ကစီယာဉ်များ တင်သွင်းခွင့်လျောက်ထားရာတွင် တိုင်းဒေသကြီး/ပြည်နယ် အစိုးအရဖွဲ့ထောက်ခံချက်ဖြင့် တင်သွင်းခွင့်ပြုသော တက္ကစီယာဉ်များအတွက် ၂၀၀၈ ခုနှစ်နှင့်အထက် တက္ကစီယာဉ်များကို လည်းကောင်း လျောက်ထားတင်သွင်းခွင့် ပြုသွားမည်ဟု ထုတ်ပြန်ထားသည်။
ကားအမျိုးအစားအလိုက်၊ မော်ဒယ်အလိုက်၊ Brand အလိုက်၊ အင်ဂျင်ပါဝါအလိုက် ဆိပ်ကမ်းအရောက် အနိမ့်ဆုံးဈေးနှုန်း CIF တန်ဖိုးများကို သက်ဆိုင်ရာဌာနများ၊ အသင်းအဖွဲ့ လုပ်ငန်းရှင်များနှင့် ဆွေးနွေးညှိနှိုင်းကာ အချိန်မီထုတ်ပြန် ပေးသွားမည်ဟုလည်း အသိပေး ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားပါသည်။
ယခုအသိပေးကြေညာချက် ထုတ်ပြန်မှုနှင့် ပတ်သက်၍ နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ ရုံးအဖွဲ့မှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတိုးအောင်မြင့်မှ ''နှစ်တစ်နှစ် ကူးတော့မှာဖြစ်လို့ မော်ဒယ်တွေကို တစ်နှစ်သက်တမ်းလိုက် ပြောင်းပေးတာပါ။ ပုံမှန်အတိုင်း ပြောင်းလဲပေးတာပါ။ ဥပမာ-အခု ၂၀၁၂ ခုနှစ်မှာ ကားဟောင်းအပ်ပြီး သွင်းတဲ့သူတွေအနေနဲ့ ၁၉၉၆ ကနေ ၂၀၀၆ အထိ လျောက်ထားတင်သွင်းခွင့် ပြုထားတယ်။ ၂၀၁၃ ခုနှစ်ရောက်ရင် တစ်နှစ်တိုးသွားတဲ့အတွက် ၁၉၉၇ ကနေ ၂၀၀၇ မော်ဒယ်ကို ပြောင်းတဲ့နှစ်အတိုင်း တစ်နှစ်တိုးပေးလိုက်တာပါ။ ဒီလိုပဲ တစ်ဦးချင်း သွင်းတဲ့သူတွေလည်း လက်ရှိ ၂၀၀၇ မော်ဒယ်အထက်သွင်းဖို့ သတ်မှတ်ထားတာကနေ ၂၀၁၃ ရောက်ရင် တစ်နှစ်တိုးသွားလို့ ၂၀၀၈ မော်ဒယ်အထက် သွင်းဖို့ သတ်မှတ်လိုက်တာပါ။ ဒီလို မော်ဒယ်ပြောင်းလိုက်တဲ့အတွက် အခုတင်သွင်းတဲ့အခါ အနိမ့်ဆုံးဈေး သတ်မှတ်ပေးထားတဲ့ကား CIF ဈေးတွေကိုလည်း ဆွေးနွေးရမှာပေါ့။ ဒီအတွက် ကား CIF ဈေးတွေကို အချိန်မီထုတ်ပြန်ပေးမယ်လို့ ကြေညာထားတာပါ။ ကား CIF ဈေး ထုတ်ပြန်ပေးမယ့် အစီအစဉ်က ဒီလိုပါ။ အခု ၁၉၉၆ ကနေ ၂၀၀၆ အတွင်း ကားအမျိုးအစားအလိုက် ကား CIF ဈေးတွေကို ထုတ်ပြန်ထားတယ်။ လက်ရှိထုတ်ပြန်ထားတဲ့ ဈေးနှုန်းဇယားမှာပါတဲ့ တန်ဖိုးတွေကို ပြောင်းပစ်မှာ မဟုတ်ဘူး။ အခြေခံဈေးတွေကို ဒီအတိုင်းထားမှာ။ အခု ၁၉၉၆ မော်ဒယ်နေရာမှာ ၁၉၉၇ လို့ တစ်နှစ်တိုးပြီး အဲဒီအတိုင်း ခုနှစ်တွေကိုပဲ ပြင်လိုက်တဲ့ သဘောပါ။ ဥပမာ-အခု ၁၉၉၆ မော်ဒယ် Honda Saloon ကို CIF ဈေး သတ်မှတ်ထားတာက ဒေါ်လာ ၃၈၀၀ သတ်မှတ်ထားတယ်။ အဲဒီဈေးကို မပြောင်းဘူး ၁၉၉၆ ဆိုတဲ့ ခေါင်းစဉ်ကို ၁၉၉၇ လို့ ပြင်လိုက်မှာ'' ဟု နိုဝင်ဘာလ ၉ ရက်နေ့က ပြောကြားခဲ့သည်။
Eleven Media Group
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template