Headlines News :
Home » » ထားဝယ်ကန်ပေါက်သို့ ရောက်ရှိလာသော ဘင်္ဂလီ ၁၅၀ အား နိင်ငံတကာရေပိုင်နက်သို့ ပြန်ပို့

ထားဝယ်ကန်ပေါက်သို့ ရောက်ရှိလာသော ဘင်္ဂလီ ၁၅၀ အား နိင်ငံတကာရေပိုင်နက်သို့ ပြန်ပို့

Written By လွင့်မောင်မောင် on Thursday, November 8, 2012 | 10:26 PM

 
နိုဝင်ဘာ ၇ ရက်နေ့ နေ့လည်ပိုင်းက တနင်္သာရီတိုင်း ဒေသကြီး ၊ ထားဝယ်ခရိုင် ကန်ပေါက်မြို့သို့ ဘင်္ဂလီလူမျိုး ၁၅၀ခန့် တင်ဆောင် လာသော ကွန်တိန်နာ သင်္ဘောတစ်စီး ၀င်ရောက် လာခဲ့ကြောင်း တနင်္သာရီတိုင်း ဒေသကြီး အစိုးရ အဖွဲ့ထံမှ သိရသည်။

ယင်းသင်္ဘောပေါ်တွင် ဘင်္ဂလီလူမျိုး အမျိုးသား ၁၅၀ ပါဝင်ပြီး မြန်မာ စကား ပြောတတ်သူ သုံးဦးခန့်သာ ပါဝင်ကြောင်း သိရသည်။ ၄င်းတို့ သင်္ဘော အနေဖြင့် မလေးရှား နိုင်ငံသို့ သွားစဉ် မြန်မာရေပိုင်နက် အတွင်းလမ်းမှား ၀င်ရောက်လာခြင်း ဖြစ်ကြောင်း ပြောခဲ့သည်ဟု သိရသည်။

တပ်မတော်(ရေ) မှ အဆိုပါသင်္ဘောကိုရိက္ခာများဖြည့်တင်းပေး၍ မြန်မာနိုင်ငံအတွင်း ယခုကဲ့သို့ထပ်မံဝင်ရောက်ခြင်းမပြုရန် သတိပေးကာ နိုင်ငံတကာရေပိုင်နက်အတွင်းသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း အစိုးရအဖွဲ့မှာတာဝန်ရှိသူတစ်ဦးက နိုဝင်ဘာ ၈ရက်နေ့တွင်ပြောသည်။

ထို့ပြင် နိုဝင်ဘာလ ၄ရက်နေ့ကလည်း ဘင်္ဂလီလူမျိုး ၇၉ ဦးလိုက်ပါလာသော စက်လှေတစ်စီးသည် ကော့သောင်းမြို့သို့ ရောက်ရှိခဲ့သည့်အတွက် တပ်မတော်(ရေ) မှ နိုင်ငံတကာရေပိုင်နက်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။

မိုးငယ် - Popular Myanmar News Journal
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template