Headlines News :
Home » » “ International Beauty Competition မှာ ဘာကြောင့် Miss Myanmar ယမုံမိုးကို ဘာကြောင့်အားပေးတာလဲ ”

“ International Beauty Competition မှာ ဘာကြောင့် Miss Myanmar ယမုံမိုးကို ဘာကြောင့်အားပေးတာလဲ ”

Written By လွင့်မောင်မောင် on Tuesday, November 6, 2012 | 10:42 AM



ကျွန်တော့်ကို ယမုံမိုးကို ဆန့်ကျင်တဲ့ သူတစ်ဦးက ဖန်ပေ့ခ်ျမက်ဆေ့ထဲကို အောက်ပါပုံလေးကိုပို့လာခဲ့
ယ် ။ “ ကဲ ခင်ဗျားတို့အားပေးနေတဲ့ ယမုံမိုးက ဒီလိုပဲတဲ့ခင်ဗျားသိအောင်ပို့လိုက်တာတဲ့ ” ကျွန်တော်အတော်ရီချင်မိသွားတယ် ။

ဟုတ်ကဲ့ သိပါတယ်ခင်ဗျာ ဒီထက်ဆိုးတဲ့ပုံတွေလည်းထွက်လာနိုင်ပါသေးတယ် ။ ဒီပုံကိုကြည့်ပါ

၁ ။ ယဉ်ကျေးမှုထွန်းကားတဲ့မြန်မာနိုင်ငံမှာရိုက်ထားတာလား
၂ ။ ခိုးကြောင်ခိုးဝှက် လူသိမခံပဲရိုက်ထားတဲ့ပုံလား
၃ ။ ဘာရည်ရွယ်ချက်နဲ့ ရိုက်တာလဲ

သေချာပြန်စဉ်းစားသုံးသပ်ကြည့်ရအောင် ။ ( ၁) ဒါမြန်မာနိုင်ငံမှာရိုက်ထားတာမဟုတ်ပါဘူး သူ့ရဲ့ Modelling အလုပ်အရ သူရိုက်ထားတဲ့ပုံပါ ။ ဒီပုံဟာ ယုတ်စွအဆုံး sexing ဖြစ်နေပါစေ ယုတ်စွအဆုံး prostitute ဖြစ်နေပါစေ ကျွန်တော်တို့ အားပေးနေတာ personal ကိုမဟုတ်ဘူးဆိုတာ ပြောခဲ့ပြီးသားပါ ။ သေချာ လေ့လာသုံးသပ်သူတွေအနေနဲ့တွေ့နိုင်တာကတော့ ဒီပုံဟာ Modelling post ဖြစ်တယ်ဆိုတာပါပဲ ။ သူ့ဘာသာသူ ပြက္ခဒိန်ပဲရိုက်ရိုက် Playboy မှာ မော်ဒယ်အဖြစ်ပဲ မျက်နှာဖုံးရိုက်ခံခံ ကျွန်တော်တို့ စိတ်ဝင်စားဖို့မရှိပါဘူး ။ ကျွန်တော်တို့စိတ်ဝင်စားရမှာ သူ့ပခုံးပေါ်က မြန်မာဆိုတဲ့စာတမ်းဆိုတာ ကျွန်တော်အထပ်ထပ်အခါခါရေးခဲ့ပြီးဖြစ်ပါတယ်။

(၂) ဒါဟာ ခိုးကြောင်ခိုးဝှက် Spycam နဲ့ရိုက်ထားတာမဟုတ်ပါဘူး ။ လူပေါင်းများစွာရှေ့မှာ ကြော်ငြာတစ်ခုအတွက်ဖြစ်စေ သို့မဟုတ် Modelling အတွက်ဖြစ်စေရိုက်နေပုံဆိုတာ ရှင်းပြနေစရာမလိုပါဘူး ။ ကြည့်တတ်သူတိုင်းတွေ့မြင်နိုင်ပါတယ် ။ ကျွန်တော်တို့အမြင်နဲ့ကြည့်နေရင်တော့ ဟုတ်ကဲ့ ရိုင်းပါတယ် ကျွန်တော်ဝန်ခံပါတယ် ။ ဘာကြောင့်ဒီလိုအချိန်မှာ ဒီပုံတွေ ပေါ်ထွက်လာရသလဲ ဆိုတာ ကျွန်တော် အများကြီးစဉ်းစားစရာမလိုပါဘူး ။ အဓိကကတော့ ကိုယ်လုပ်စရာရှိတဲ့အလုပ်ကို အဆုံးထိ အားပေးကူညီလိုက်ဖို့ပါပဲ ။

(၃) ဘာရည်ရွယ်ချက်နဲ့ရိုက်တာလဲ ဆိုတာကတော့ ရိုက်တဲ့သူရယ်အရိုက်ခံတဲ့သူရယ် ပဲသိကြမှာပါ ။ ကျွန်တော်တို့ဘာကြောင့် များ ဒီလောက်ထိ ရှုပ်ထွေးပွေလီစွာ စဉ်းစားနေကြမလဲ ။

“ ကိုယ်လိုချင်တာကို စိတ်ရှင်းရှင်းထားရမယ် ”

အမေရိကမှာနေသူတစ်ယောက်အတွက် Bikini နဲ့ဖြစ်စေ Naked နဲ့ဖြစ်စေ တခြား ဘာပုံပဲဖြစ်စေ ထွက်လာနိုင်ပါတယ်။ ဒါပေမယ့် . .ဒါပေမယ့် အခုသူဟာ ပြိုင်ပွဲတစ်ခုမှာ မြန်မာ့စလွယ်ကို သိုင်းထားတယ်ဗျ ။ အဲဒါအရေးကြီးနေတယ် ။ သူဟာ မြန်မာ့စလွယ်မသိုင်းထားဘူးဆိုရင်တော့ ထူးထူးခြားခြား ကျွန်တော်တို့ ၀င်ပါစရာလည်းမရှိသလို လစ်လျှုရှုထားလိုက်ယုံပါပဲ ။ လူဆိုတာ ကိုယ့်ဘ၀လမ်းကို ကိုယ်ကိုယ်တိုင်ဖန်တီးလျှောက်လှမ်းနေကြတာပဲမဟုတ်လား ။

အခုတော့ . . အွန်လိုင်းမှာ သူ့ကို ဝေဖန်တိုက်ခိုက်သူတွေဟာ အုပ်စုကြီးတစ်ခုလို တစ်မျိုး တစ်ယောက်ချင်းစီတစ်မျိုး ပုံအမျိုးမျိုးအကြောင်းအရာအမျိုးမျိုးခေါင်းစဉ်အမျိုးမျိုးနဲ့ တိုက်ခိုက်နေကြတာတွေ့ရတယ် ။ ဒီတော့ ကျွန်တော်တို့ တစ်မျိုးစဉ်းစားကြည့်ရအောင်ဗျာ ။ သူဟာ မြန်မာ့သွေး မြန်မာလူမျိုးတစ်ယောက် အကြောင်းအမျိုးမျိုးကြောင့် အမေရိကနိုင်ငံသူအဖြစ်ခံယူသူဖြစ်တယ်ဆိုပါစို့ ပြိုင်ပွဲပေါ်ပေါက်လာတဲ့အခါ ကျွန်မ မြန်မာ ကိုယ်စားပြုအဖြစ် ၀င်ပြိုင်မယ်ဆိုပြီး မြန်မာ့စလွယ်ကို ရဲဝံ့စွာ ပခုံးပေါ်ထမ်းတင်ခဲ့တာ သူအတွက် တာဝန်ကြီးမားလှသလို ကျွန်တော်တို့ကလည်းသူ့ကို သာမန်မော်ဒယ်အဖြစ်မှတ်ယူလို့မရတော့တာကျိန်းသေပါတယ် ။ ဟုတ်ကဲ့သူဟာ Miss Myanmar ဖြစ်သွားလို့ပါပဲ ။ နောက်တစ်ခုပြောချင်တာကတော့ ညီမလေးနန်းခင် ဟာ MI 2012 မှာ ၀င်ပြိုင်နေတဲ့အချိန် ကျွန်တော်တို့ နေ့မအိပ်ညမအိပ်အင်တိုက်အားတိုက် အားပေးနေကြတဲ့အချိန်မှာ အနောက်ကမ္ဘာမှာလည်း မြန်မာ့စလွယ်လွယ်ထားသူတစ်ယောက်ဟာ မြန်မာနိုင်ငံကိုယ်စားပြုဝင်ပြိုင်နေခဲ့တယ် ။ အဲဒီအခါ နန်းခင်ကိုကျတော့အားပေးပြီး ယမုံမိုးကို လစ်လျှုရှုထားလိုက်တဲ့စိတ်ခံစားမှု လိပ်ပြာမသန့်မှုမျိုး ကျွန်တော့်ဘ၀တလျှောက်လုံးမခံစားချင်ပါဘူး ။ Diaspora agency သည် ဘယ်လို အဆင့်အတန်းနဲ့ရပ်တည်နေပါစေ ယမုံမိုးဟာ ဘာတွေလုပ်ခဲ့ပါစေ ဘာတွေ ဖြစ်နေပါစေ ကျွန်တော်တို့ သည် စိတ်ကိုရှင်းရှင်းထားဖို့တော့လိုနေပါပြီ ။ အဓိကတော့ တဏှာနဲ့အားမပေးပဲ personal ပုဂ္ဂိုလ်ရေးခံစားမှုမထားပဲ “ မြန်မာ ” ဆိုတဲ့စလွယ်လေးသိုင်းထားတဲ့ပခုံတစ်စုံကိုအားပေးနေတယ်လို့ မှတ်ယူရမှာဖြစ်ပါတယ် ။

တစ်ခုတော့ တိုက်ခိုက်ဝေဖန်သူတွေ အမျိုးမျိုးအဖုံဖုံသူ့မကောင်းကြောင်းမက်ဆေ့ပို့ကြသူတွေကို တောင်းဆိုစရာလေးတစ်ခုတော့ရှိပါတယ် ။ တကယ်ဆို သူ့ကို ရော ကျွန်တော့်ကိုရော သူ့ကိုအားပေးတဲ့ ကျွန်တော့်ဖန်မန်ဘာတွေကိုပါ စာတွေအမျိုးမျိုးရေးတင်ပြီး ဝေဖန်နေတယ်ဆိုတာ ကျွန်တော်သိထားပြီးဖြစ်ပါတယ် ။ ဒါဟာလည်း တကယ်တော့ စိတ်လှုပ်ရှားစရာကောင်းလောက်အောင် အံ့သြသွားလောက်အောင်ထူးဆန်းတဲ့အရာမဟုတ်ပါဘူး ။ ကျွန်တော့်ထက် အစစအရာရာမြင့်မြတ်ပြီးအောင်မြင်ကျော်ကြားတဲ့တော်တဲ့သူတွေတောင်ဝေဖန်ခံရသေးတာပဲ ။ ကျွန်တော်ကဘာမို့လို့လဲလို့ ကျွန်တော်တွေးပါတယ် ။ ဝေဖန်တယ်ထောက်ပြတယ်ဆိုတာ တကယ်တော့အွန်လိုင်းလူမှုကွန်ယက်မှာ မရှိမဖြစ် အခန်းကဏ္ဍ တစ်ရပ်အနေနဲ့ရပ်နေတယ်လို့မြင်မိပါတယ် ။ ဒါပေမယ့် ဝေဖန်တာလည်းဝေဖန်တာပေါ့ မသိစိတ်ကလေးကိုဖျောက် သိစိတ်လေးတစ်ခုနဲ့ အင်းငါ like လေးနှစ်ခုလောက်ပေးလိုက်ဦးမှဆိုပြီးလဲ ကလစ်ပေးကြပါဦးး)) ကျေးဇူးပြုပြီး သူ့ကို ကိုယ့်ညီမလေး ကိုယ့်သမီးအဖြစ်မြင်ကြည့်ပေးလိုက်ပါ ။ အကြာကြီးမဟုတ်တောင် နာရီပိုင်း ရက်ပိုင်းလေးအတွင်းပေါ့ ။ အဲဒီအခါ ကိုယ့်ညီမလေးကိုယ့်သမီးလေး အကြောင်းအမျိုးမျိုးကြောင့်နိုင်ငံခြားမှာ ခိုလှုံရောက်ရှိနေတဲ့ ကိုယ့်နှမငယ်တစ်ယောက်ကို တိုင်းတပါးကဖြစ်စေ ကိုယ့်အချင်းချင်းကဖြစ်စေ မကောင်းပြောအပုပ်ချနေရင် ( သူဟာ တကယ်ပဲ ကောင်းသည်ဖြစ်စေမကောင်းသည်ဖြစ်စေ ) ကျွန်တော်တို့ခံနိုင်ကြမလား ။ ကြည်ဖြူနိုင်ကြမလားဆိုတာပါပဲ ။ ဒါကြောင့် ကျွန်တော်ပြောသလိုလေး သဘောထားပြီး နူးညံ့စွာနဲ့ Like လုပ်ပေးကြပါ ။ ဒီလောက်လုပ်ပေးနေရအောင်မင်းနဲ့ဘာတော်နေလို့လဲလို့ မေးစရာရှိပါတယ် ။ ဟုတ်ကဲ့ ဘာမှမတော်ပါခင်ဗျာ ။ ဒါဖြင့် . . ရှင်းပါတယ်ခင်ဗျာ . .
 သူ့ပခုံးထက်ကမြန်မာ့စလွယ်လေးကိုနှစ်သက်မြတ်နိုးမိလွန်းလို့ပါ ။

-----------------------------------

အခုလောလောဆယ်တော့ဂျော်ဂီရာက နိုင်နေပါတယ် ။ ကွာခြားချက်က သိပ်တော့မများပါဘူး မဲ ၆၀၀ လောက်နဲ့ ပထမရနေပါတယ် ။ အခု online votingဆိုတာသည် ဒီပြိုင်ပွဲအတွက် ၁၀ % သာ အထောက်အကူပေးတာဖြစ်ပါတယ်။ကျန်တဲ့ ၉၀ % ရာခိုင်နှုန်းကတော့ သူတို့အရည်အချင်းပေါ်မူတည်ပါတယ် ။ အရည်အချင်းနဲပတ်သတ်ပြီးပြောရရင်တော့ ယမုံမိုးဟာ ကနဦးပြိုင်ပွဲဝင် ၅၀ ထဲမှာ ဇကာတင် ၂၄ ယောက်ထဲပါလာတဲ့အပြင် အာရှမှာ သူတစ်ယောက်ပဲကျန်ခဲ့ပါတော့တယ် ။ အဲဒီ ၂၄ ယောက်ထဲမှာလည်း သူဟာ အလားအလာအရှိဆုံးသူတစ်ဦးအဖြစ် ရေပန်းစားလို့နေပါတယ် ။ Like ကိုမြန်မြန်တက်သွားစေတဲ့နည်းတော့ရှိပါတယ် ။ ဒါပေမယ့် Illegal ဖြစ်သွားမှာစိုးတဲ့အတွက် ( သူတို့ကလည်း တရားဝင် fake voting count တွေစစ်မယ်လို့ ပြိုင်ပွဲဝင်တွေကို စာပို့ထားတာကြောင့် ) ကျွန်တော်မတင်ရဲသေးပါဘူး ။ ဒီအတိုင်းပဲ ရိုးရိုးတန်းတန်းဖြူစင်စွာပဲ အင်တိုက်အားတိုက်ကြိုးစားကြည့်ရအောင် ။

ယမုံမိုးကိုမှာချင်တာတွေရှိပါတယ် ။

“ ညီမရေ . . လူဆိုတာ အခက်အခဲအတားအဆီး ဝေဖန်မှုကို မကြုံရပဲ ဘယ်တော့မှ အမြင့်မားဆုံးအောင်မြင်မှုကို မရနိုင်ဘူး ။ ညီမဟာ ဘယ်နေရာမှာ ရှင်သန်နေပါစေ မြန်မာ့စလွယ်လွယ်ထားသရွှေ့ အကို့ညီမတစ်ဦးအဖြစ်အကိုမှတ်ယူတယ် ။ ဒီတော့ ညီမ ကိုမှာချင်တာသည် ဘယ်နေရာရောက်ရောက်ဘာတွေပဲလုပ်လုပ် ကောင်းတာလုပ်သည်ဖြစ်စေ မကောင်းတာလုပ်သည်ဖြစ်စေ “ ငါမြန်မာပါလား ” ဆိုတဲ့အသိလေးကို ဘယ်တော့မှမပျောက်သွားစေပါနဲ့ ။ ညီမလေးဟာ ဘယ်ဘာသာကိုကိုးကွယ်သည်ဖြစ်စေ လောကမှာ အမှားနဲ့အမှန် အကျိုးနဲ့အကြောင်းကို သုံးသပ်ပါ ။ ငါမြန်မာတစ်ယောက်ဖြစ်နေတဲ့အတွက် မြန်မာ့ဂုဏ်မငယ်ရအောင်ငါ့မှာတာဝန်ရှိတယ် ဆိုတဲ့စိတ်ထားကလေးကိုမွေးမြူထားပါ ။ မကြာခင်မြန်မာဝတ်စုံတွေနဲ့ရိုက်နေပြီးတင်မယ်လို့ပြောထားတဲ့အတွက်လည်း ၀မ်းသာမိပါတယ် ။ ညီမရေ . . ညီမဆုရသည်ဖြစ်စေ မရသည်ဖြစ်စေ အောင်မြင်သည်ဖြစ်စေမအောင်မြင်သည်ဖြစ်စေ အကိုတို့ဟာ အွန်လိုင်းပေါ်က ကိုယ်လုပ်ပေးနိုင်တဲ့ ၁၀ % ကို ရှင်းသန့်ဖြူစင်စွာနဲ့လုပ်ပေးခဲ့တယ် အားပေးခဲ့ပါတယ်ဆိုတဲ့အသိလေးတစ်ခုနဲ့ အကိုတို့ ရပ်တည်ရကျိုးနပ်တယ်လို့အကိုမြင်မိပါတယ် ”

နိုဝင်ဘာ ၉ ရက်နေ့အထိ အချိန်ရတဲ့အတွက် ကျွန်တော်တို့ပြန်ကြိုးစားရင်တော့မှီနိုင်ပါသေးတယ် ။ like လုပ်ပြီးသူတွေအနေနဲ့တတ်နိုင်တာကတော့ သူများကိုမျှဝေခြင်း share နဲ့တိုက်တွန်းခြင်းပဲဖြစ်ပါတယ် ။ အမြင်မတူသူတွေ ရှိနေဦးမှာပါပဲ ။ ဒီကိစ္စမှမဟုတ်ပါဘူး ။ ဘယ်လိုကိစ္စပဲဖြစ်စေ ရှိနေမှာပါ ။ အဲဒါကို လည်းအတတ်နိုင်ဆုံးလစ်လျှုရှု ပြီး ကိုယ့်ကို ဒီလိုဆက်လုပ်နိုင်အောင် သွယ်ဝှိုက်သောနည်းနဲ့ တွန်းအားပေးနေတယ်လို့မှတ်ယူလိုက်ရင်အားလုံးအဆင်ပြေ့သွားမှာပါ ။

--------------------------------------------

“ ယမုံမိုးကို ကူညီချင်သူများအတွက် ”

အဆင့်၁ ။ https://www.facebook.com/DiasporaModels ကိုသွားပြီး Like လုပ်ပါ ပြီးတော့ မြန်မာပုံကိုရှာပြီး like လုပ်ပေးရမှာပါ ကျွန်တော်လိုက်ရှာတာတော့အောက်ပါလင့် ၂ ခုကိုတွေ့ပါတယ် အဆင်သင့်ဖြစ်အောင် အောက်မှာဖော်ပြပေးထားပါတယ် ။

အဆင့် ၂ ။ https://www.facebook.com/photo.php?fbid=10151123454943892&set=a.190030878891.129096.8336438891&type=1&relevant_count=1 
ကိုဖွင့်ပါ Like လုပ်ပါ ။ ဖေ့ဘုတ်အကောင့်တစ်ခုကို like တစ်ကြိမ်ပဲရပါတယ် ။

အဆင့် ၃ ။ https://www.facebook.com/photo.php?fbid=10151136887763892&set=a.190030878891.129096.8336438891&type=1&relevant_count=1 
ကိုဖွင့်ပါ like လုပ်ပါ ။ ဖေ့ဘုတ်အကောင့်တစ်ခုကို like တစ်ကြိမ်ပဲရပါတယ် ။

(အရေးအကြီးဆုံးမှာချင်တဲ့အချက်က ကျွန်တော်တင်တဲ့ပုံတွေမှာ like လုပ်ဖို့မဟုတ်ပါဘူးအခု အပေါ်မှာပေးထားတဲ့ like သုံးခုမှာ like လုပ်မှသာ အမှတ်တက်လာမှာဖြစ်ပါတယ်ဆိုတာ “ အထူး ” သတိပေးပါရစေ ခင်ဗျာ )
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template