ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြသော ဆက်သွယ်ရေး ဥပဒေကြမ်း၌ အင်တာနက်၊ ဖုန်းစသည့် ဆက်သွယ်မှုများ တွင် နှောင့်ယှက်မှုများ အား ထောင်ဒဏ် ချမှတ် အရေးယူမည်ဟု ထည့်သွင်း ဖော်ပြထားသည်ကို အောက်ပါအတိုင်း တွေ့ရှိရသည်။
ဆက်သွယ်ရေး ကွန်ရက်အတွင်းသို့ ယင်းပိုင်ရှင် (သို့) စီမံခန့်ခွဲခွင့်ရှိသူ၏ ခွင့်ပြုချက် (သို့) သဘောတူညီချက် မရှိဘဲ ဝင်ရောက်ခြင်း ၊ ကြည့်ရှုခြင်း ၊ နှောင့်ယှက်ခြင်း ၊ စံချိန်စံညွှန်း သတ်မှတ်ချက်များကို ဖြစ်စေ မူလအနေအထားကိုဖြစ်စေ ပြောင်းလဲခြင်း (သို့) ဖျက်ဆီးခြင်း ၊
ဆက်သွယ်ရေး ကွန်ယက်ကို ထိခိုက် ပျက်စီးစေနိုင်ရန် ရည်ရွယ်၍ မရိုးဖြောင့်သော သဘောဖြင့် ဗိုင်းရပ်စ် သို့ အခြားနည်းလမ်း တစ်ခုခုဖြင့် ဝင်ရောက်ဖျက်ဆီးခြင်း ၊ ဆက်သွယ်ရေး ကွန်ရက် တစ်ခုခုကို အသုံးပြု၍ ငွေကြေးနှင့် ပစ္စည်းတစ်ရပ်ရပ်ကို ခိုးယူခြင်း၊ လိမ်လည်ခြင်း ၊ အလွဲသုံးစားပြုခြင်း သို့ ပျက်စီးစေခြင်း ၊ ဆက်သွယ်ရေး ကွန်ရက်တစ်ခုခု ကို အသုံးပြု၍ ပုဂ္ဂိုလ်တစ်ဦးဦးအား ခြောက်လှန့်တောင်းယူခြင်း ၊ အနိုင်အထက်ပြုခြင်း ၊ အသရေဖျက်ခြင်း ၊နှောင့်ယှက်ခြင်း ၊ မလျော်သြဇာသုံးခြင်း သို့ ခြိမ်းခြောက်ခြင်း ၊ တို့
အတွက် ပြစ်မှု ထင်ရှားကြောင်းတွေ့ရှိရပါက ( ၅ )နှစ် ထက်မပိုသော ထောင်ဒဏ် ဖြစ်စေ ၊ ငွေဒဏ်ဖြစ်စေ ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်မည်ဖြစ်ကြောင်းပါရှိသည် ။
ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင်ဖော်ပြသော ဆက်သွယ်ရေး ဥပဒေကြမ်း၌ လျို့ဝှက်၊ ညစ်ညမ်း သတင်းများ ဖြန့်ချိလျှင် အရေးယူမည်ဟု ဖော်ပြ ထားပြီး မည်သူမဆို ညစ်ညမ်းသော သတင်း အချက်အလက်များကို ပေးပို့ခြင်း သို့ ဖြန့်ချိခြင်း သို့ ပါဝင် ဆောင်ရွက်ခြင်း ၊
သိုမှီး ထိန်းသိမ်းထားသည့် သတင်းအချက်အလက်များ တစ်ရပ်ရပ်ကိုဖြစ်စေ ၊ လျှို့ဝှက်ချက် နှင့် သက်ဆိုင်သော သတင်းအချက်အလက် တစ်ရပ်ရပ်ကိုဖြစ်စေ ပိုင်ရှင်၏ ခွင့်ပြုချက် သို့ သဘောတူညီချက် မရှိဘဲ ဝင်ရောက်ကြည့်ရှုခြင်း ၊ ရယူခြင်း ၊ ကူးယူခြင်း ၊ ထုတ်နုတ်ခြင်း ၊ပျောက်ဆုံးစေခြင်း သို့ ပေးပို့ ဖြန့်ချိခြင်း ၊ မူပိုင်ခွင့်ပိုင်ရှင် ၏ ခွင့်ပြုချက်မရှိဘဲ စာပေ အနုပညာ လက်ရာ ကိုဖြစ်စေ ၊ မူပိုင်ခွင့် နှင့် ဆက်နွယ်သည့် အခွင့်အရေးတစ်ရပ်ရပ်ကိုဖြစ်စေ စီးပွားရေး အလို့ငှာ မူပွားခြင်း ၊အရုပ်နှင့်အသံတို့ကို ပေါင်းစပ်ခြင်း၊ ရောင်းချခြင်း ၊ ဖြန့်ချိခြင်း ၊ ထုတ်လွှင့်ခြင်း နှင့် ပြည်တွင်း သို့ တင်သွင်းခြင်း တို့ကို သိလျက်နှင့် တမင်တကာကျူးလွန်ခြင်း တို့ကို ကျူးလွန်ကြောင်းပြစ်မှု ထင်ရှား စီရင်ခြင်းခံရလျှင် သုံးနှစ်ထက် မပိုသော ထောင်ဒဏ် ဖြစ်စေ ၊ ငွေဒဏ်ဖြစ်စေ ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ကျခံရမည် ဟုပါရှိသည် ။
The Voice Weekly
အခုထိလူငယ်လေးတစ်ယောက်ပါ ချစ်သူ
-
အခုထိလူငယ်လေးတစ်ယောက်ပါ ချစ်သူ
❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿
လွန်ခဲ့တဲ့နှစ်များဆီသို့ပြန်တမ်းတတိုင်း
မျက်ဝန်းထဲမှာ သခင့်ရုပ်လွှာ သက...
8 years ago