Headlines News :
Home » » အစိုးရကလက်နက်များအပ်နှံ့ရန်ထုတ်ပြန်ထားသော်လည်း ဘင်္ဂလီများသည် အပ်နှံမှုမရှိဘဲ ယင်း လက်နက်များဖြင့်ပင် တိုက်ခိုက်နေ

အစိုးရကလက်နက်များအပ်နှံ့ရန်ထုတ်ပြန်ထားသော်လည်း ဘင်္ဂလီများသည် အပ်နှံမှုမရှိဘဲ ယင်း လက်နက်များဖြင့်ပင် တိုက်ခိုက်နေ

Written By လွင့်မောင်မောင် on Tuesday, November 6, 2012 | 8:56 AM

အစိုးရကလက်နက်များအပ်နှံ့ရန်ထုတ်ပြန်ထားသော်လည်း ဘင်္ဂလီများသည် အပ်နှံမှုမရှိဘဲ ယင်း လက်နက်များဖြင့်ပင် တိုက်ခိုက်နေကြောင်းသိရှိရသည်။

၎-၁၁- ၂၀၁၁ နေ့ည ၆ နာရီအချိန်ခန့်တွင် စိုးဝင်း၊ ဘ-ဦးမောင်ဘချေ၊ ၂၈ နှစ်၊ မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာအရှေ့ဘက်ရှိ ဂင်္ဂါဂျိုင်တွင် ကွမ်းခင်းနှင့် ဥယျာဉ်ခြံများလုပ်ကိုင်နေထိုင်စဉ် ညနေ၀င်ချိန် တဲပြင်သို့ထွက်နေစဉ် ဘင်္ဂလီ ၂၀ ဦးခန့်လာပြီး လေးဂွ၊ ဂျင်ကလိများဖြင့်ပစ်ခတ်ခဲ့သဖြင့် ဒူးအောက် ပိုင်းထိမှန်ကာ ဒဏ်ရာရှိခဲ့ပါသည်။

အဆိုပါ စိုးဝင်သည် ထွက်ပြေးခဲ့ခြင်းကြောင့် လွတ်မြောက်လာခဲ့ရခြင်းဖြစ်ကြောင်းလည်းသိရသည်။ ကွမ်းခြံတစ်ခုဖျက်ဆီးခံရပြီး ၊ တစ်ခြားငှက်ပျောပင်များနှင့် ဥယျာဉ် ခြံအတွင်းရှိ စားပင်များ၊ တဲများ ကိုလည်းဖျက်ဆီးခဲ့ကြောင်းသိရသည်။ ထိုသို့ ဖျက်ဆီးသူများမှာ သရက်အုပ်ဘက်မှ ထွက်ပြေး သွားသောဘင်္ဂလီများဖြစ်ပြီး နဂနာဘက်တွင်ရောက်ရှိနေသူများဖြစ်နိုင်ကြောင်းသိရသည်။

ပန်းမြောင်းကျေးရွာဟောင်း ရွာသစ်ရပ်မှ ရခိုင်တစ်ဦး၏ နွားထီးကြီး ၂ ကောင်အားလည်း ဘင်္ဂလီများ ခိုးယူသွားခဲ့ကြောင်းသိရသည်။ အလားတူ အိုးပြန်တောင်ဘက်မှ ရခိုင်တစ်ဦးက နွားထီးတစ်ကောင် ကိုလည်း စားကျက်မှ ခိုးယူသွားခဲ့ကြောင်းသိရသည်။

အဆိုပါအမှုအား မင်းပြားရဲစခန်တွင် မနေ့ ၅ ရက်နေ့က အမှုဖွင့်ထားကြောင်းလည်းသိရှိရပါသည်။ ယင်းအတွက် ထိရောက်စွာအရေးယူရန်လိုအပ်နေပြီဖြစ်ပြီး ရခိုင်များလုပ်ကိုင်စားသောက်ရန်ခက် ခဲ အောင် တစ်ဦးချင်းတစ်ယောက်ချင်းမနေရဲအောင် တိတ်တဆိတ် သတ်ဖြတ်ရန်ကြံစည်မှုများအပေါ် အရေးယူမှု ပြင်းပြင်းထန်ထန် ပြုလုပ်ရန်လိုအပ်နေပြီဖြစ်ပါသည်။ အစိုးရမှ ထုတ်ပြန်ထားသော ဒုတ်၊ဓါးလက်နက်များအပါအ၀င် အခြားသောလက်နက်များကိုလည်း အပ်နှံ့ရမည်ဆိုသည့်အချက်များကို လိုက်နာမှုမရှိသော ဘင်္ဂလီများအား အရေးယူနိုင်မှုမရှိပါက ထိုသို့ သောကိစ္စရပ်များစွာ ပြန်လည်ဖြစ်ပေါ်လာနိုင်ကြောင်းနှင့် ဥယျာဉ်ခြံများလုပ်ကိုင်စားသောက်ရန်ပင် အခက်အခဲများဖြစ်ပေါ်လာနိုင်ကြောင်းလည်း ဒေသခံများက စိုးရိမ်စွာပြောဆိုကြပါသည်။ အေးချမ်းမွန်မှ Rakhine Straight Views တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template