ရန်ကုန်၊ အောက်တိုဘာ ၆
ပြည်သူ့လွှတ်တော် တရား ဥပဒေ စိုးမိုးရေး နှင့် ငြိမ်းချမ်းရေး ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် သည် နိုဝင်ဘာလ ၁၂ ရက်နေ့ မှ စတင်ကာ အိန္ဒိယ နိုင်ငံသို့ တစ်ပတ် ကြာ သွားရောက် လည်ပတ်မည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ အတွင်းရေးမှူး ဦးညဏ်ဝင်း က The Voice Weekly သို့ ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည် သည် နိုဝင်ဘာ လ ၁၂ရက်နေ့ တွင် အိန္ဒိယ နိုင်ငံသို့ သွားရောက် မည် ဖြစ် သော်လည်း ခရီးစဉ် အတိအကျ ကို မသိရှိရ
သေးကြောင်း၊ အချိန် နီးကပ် လာပါက ပြန်လည် ထုတ်ပြန် ပေးမည်
ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည် ၏ ခရီးစဉ် အတွင်း အိန္ဒိယ နိုင်ငံ ပါလီမန် လွတ်တော် သို့ သွားရောက် လေ့လာဖွယ် ရှိ ပြီး ၊အစိုးရ အဖွဲ့
ခေါင်းဆောင်ပိုင်း များနှင့် လည်း တွေ့ဆုံ နိုင်ခြေ ရှိကြောင်း ဦးညဏ်ဝင်း က ပြောကြားသည်။
The Voice Weekly