ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေအား ဒုတိယသမ္မတအဖြစ် တပ်မတော်သားကိုယ်စားလှယ်များအစုအဖွဲ့က အမည်စာရင်းတင်သွင်းရန်ရှိနေကြောင်း နေပြည်တော်ရှိအစိုးရသတင်းရပ်ကွက်များမှ သတင်းများထပ်မံထွက်ပေါ်နေသည်။
ယနေ့ဇူလိုင်(၁၀)ရက်နေ့တွင် အမည်စာရင်းတင်သွင်းရန်ဖြစ်သော်လည်း တရားဝင်ထုတ်ပြန်သော အစည်းအဝေးအစီအစဉ်များတွင် ယင်းအစီအစဉ်မတွေ့ရှိရကြောင်း နေပြည်တော်မှ ရန်ကုန်မီဒီယာသတင်းထောက်က သတင်းပေးပို့သည်။
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြင့်ဆွေအား ဒုသမ္မတအဖြစ်ခန့်အပ်ပါက လစ်လပ်သွားသော ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နေရာအတွက် လက်ရှိ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များမှ ရွေးချယ်ပေးရမည်ဖြစ်သည်။
လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီး ဦးဥာဏ်ထွန်းဦးနှင့် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးစိန်တင်ဝင်းတို့မှာ ၀န်ကြီးချုပ်နေရာအတွက် အလားအလာရှိနေကြသူများဖြစ်ကြောင်း ခန့်မှန်းပြောဆိုနေမှုများရှိနေသည်။
ဟု Yangon-Media-Group ၏ Facebook စာမျက်နှာတွင်
ဖော်ပြထားသကဲ့သို့
တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များက အမည်စာရင်း တင်သွင်းရမည့်ဒုသမ္မတနေရာအတွက် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေကိုပြည်ထောင်စုလွှတ်တော်ထံသို့ အမည်စာရင်း တင်သွင်း လိုက်ပြီဖြစ်ကြောင်းပြည်သူ့လွှတ်တော်နှင့် နေပြည်တော်ရှိ အစိုးရအဖွဲ့ဝင်များ၏ အဆိုအရသိရသည်ဟု The Voice Weekly ၏ Facebook စာမျက်နှာတွင်လည်းဖော်ပြထားသည်။