Headlines News :
Home » , » သမ္မတအမိန့်ဖြင့်ရပ်ဆိုင်းသောမြစ်ဆုံစီမံကိန်းပြန်လည်စတင်ရန် CPI တရုပ်ကုမ္မဏီကြိုးပမ်းမှုသတင်း ပြည်တွင်းထုတ်ဂျာနယ်များတွင်မဖေါ်ပြရန် စာပေစီစစ်ရေးမှသတိပေး။

သမ္မတအမိန့်ဖြင့်ရပ်ဆိုင်းသောမြစ်ဆုံစီမံကိန်းပြန်လည်စတင်ရန် CPI တရုပ်ကုမ္မဏီကြိုးပမ်းမှုသတင်း ပြည်တွင်းထုတ်ဂျာနယ်များတွင်မဖေါ်ပြရန် စာပေစီစစ်ရေးမှသတိပေး။

Written By လွင့်မောင်မောင် on Tuesday, July 10, 2012 | 7:30 AM



မြစ်ဆုံစီမံကိန်း ပြန်လည်လုပ်ဆောင်နိုင်ရန်အတွက် CPI ကုမ္မဏီမှ ကောကိမ်းလျောင်
( ဒါရိုက်တာ နှင့် ဒုအထွေထွေမန်နေဂျာ)နှင့်တာဝန်ရှိသူများစုစုပေါင်း၁၀ ယောက်ကျော် မြစ်ဆုံရွာနှင့်
 အောင်မြင်သာရွာဒေသခံများ အိမ်သို့ တစ်အိမ်တက် တစ်အိမ်ဆင်းကာ ဇွန်လိုင် (၁) ရက်နေ့မှစတင်ကာ စည်းရုံးရေးဆင်းကြောင်း CPIကုမ္မဏီ နှင့် ကိုယ်တိုင်ကြုံတွေ့ခဲ့သော ဒေသခံတစ်ဦးကပြောဆိုခဲ့သည်။
နိုင်ငံတော်သမ္မတအမိန့်ဖြင့်ရပ်ဆိုင်းထားခဲ့သော အဆိုပါမြစ်ဆုံစီမံကိန်းကို CPI တာဝန်ရှိသူက မြန်မာနိုင်ငံအတွင်းသို့ဝင်ရောက်ပြီး သမ္မတအမိန့်ကိုပြောင်ပြောင်တင်းတင်းချိုးဖောက်မှုသတင်းများထွက်ပေါ်လာပြီးနောက်စာပေစီစစ်ရေးမှ ပြည်တွင်းထုတ်မီဒီယာဂျာနယ်များအား မြစ်ဆုံစီမံကိန်းသတင်းများမဖေါ်ပြရန်တားမြစ်ကြောင်းသတင်းများထွက်ပေါ်လာခဲ့သည်။
CPI တရုပ်ကုမ္မဏီသည်သမ္မတအမိန့်ကိုချိုးဖောက်သည့်အပြင် ပြည်တွင်းမီဒီယာများတွင်ပါ ၄င်းတို့မြစ်ဆုံစီမံကိန်းပြန်စနိုင်ရန်ကြိုးပမ်းနေမှုများကိုမီဒီယာတွင်မဖေါ်ပြရန်အတွက် တားမြစ်နိုင်သည်မှာ မည်ကဲ့သို့သောအာဏာပိုင်မျိုးတရုပ်ကုမ္မဏီရဲ့နောက်ကွယ်မှာရှိနေပြီလည်းဆိုတာ မြန်မာပြည်သူတို့သတိရှိကြရတော့မည်။
Aung Pan (facebook)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template