Headlines News :
Home » » ပုသိမ်ရေဘေး ဆန်ဝေပြဿနာမှ လူ(၅)ဦး ဖမ်းဆီးခံရ

ပုသိမ်ရေဘေး ဆန်ဝေပြဿနာမှ လူ(၅)ဦး ဖမ်းဆီးခံရ

Written By လွင့်မောင်မောင် on Monday, August 27, 2012 | 12:32 PM




ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့မှ ရေဘေးသင့်သူများအား အလှုရှင်များက လှုဒါန်းသော ဆန်များဝေရာ၌ ရက်ကွက်များတွင်   ပြနာများ  ဖြစ်ပွားခဲ့ကြောင်း မြို့ခံများထံက သတင်းရရှိသည်။
 
ဧရာဝတီတိုင်းလွှတ်တော်ဥက္ကဌမှ ရေဘေးသင့် ပြည်သူများကို လှုဒါန်းသမျှပစ္စည်းများ အာလုံးကို မချွင်းမချန်ပေးကြရန် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများကို တိုက်တွန်းခဲ့ပြီး ရက်ပိုင်းအကြာတွင် ယခုကဲ့သို ပြဿနာများဖြစ်ပွားခဲ့ရခြင်း ဖြစ်သည်။
 
ကျွန်တော်တို့ရပ်ကွက်မှာ ဆန်ဝေတာကို ရပ်ကွက်အုပ်ချုပ်ရေးမူးက ဦးစီးတယ်၊ နောက်ပြီးတော့ ဆန်လာယူတဲ့သူတွေကို ကြံ့ခိုင်ရေး ကဒ်ပါမှ ဆန်ပေးတယ်၊ တခြားသူတွေ အထူးသဖြင့်NLD ပါတီအတွက် လုပ်ဆောင် ပေးနေတဲ့ ရပ်ကွက်သားတွေက ဆန်မရဘူး ’’ ဟု (၁၄) ရပ်ကွက်တွင်ဖြစ်ပွားသော အကြောင်းအရာများနှင့် ပတ်သက် ဥမ္မာန္တီ ၁၁ လမ်းတွင်နေထိုင်သူကို နေလင်းကပြောသည်။
 
အဆိုပါပေးဝေမှုတွင် ဆန်မရရှိသောသူများမှ စုစည်းကာ ရပ်ကွက်ရုံးသို့ သွားရောက်ကာ မကျနပ်မှုများအား ဖော်ထုတ်ရာမှ တဆင့် လူ (၅) ဦးအဖမ်းခံခဲ့ရကြောင်း ရပ်ကွက်တွင်းနေထိုင်သူများက ဆိုသည်။
 
အဓိကက ဆန်မရတဲ့သူတွေက ရပ်ကွက်ရုံးကို ဆဲတယ် ဆဲတဲ့ချိန်မှာလည်း အရက်တွေသောက်ထားကြလို့ စိုးကျော်ရယ်၊   မောင်စိုးအပါအ၀င် (၅)ယောက်ကို ဖမ်းထားတာပါ’’ ဟု အသည်ကြီး ရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိ ရဲအရာရှိတစ်ဦးက ပြောသည်။
 
ပုသိမ်မြို့တွင် ယခုကဲ့သို့ ဖြစ်ပျက်နေမှုများမှာ (၁၄)ရပ်ကွက်တစ်ခုတည်းတွင်သာ  မဟုတ်ကြောင်းကိုလည်း သိရှိရသည်။
 
 ကယ်ဆယ်ရေးပစ္စည်းများ အဝေမတည့်ရာမှ တဆင့် သံဃာတော် တစ်ပါးအားဓားဖြင့်ခုတ်ခဲ့မှု (၁၂)ရပ်ကွက် တွင် ဖြစ်ပွားခဲ့ပြီး (၁)ရပ်ကွက်တွင်လည်း ဆန်ဝေရာမှတဆင့် ရပ်ကွက်အတွင်း ဆူပူမှုများ ဖြစ်ပွားခဲ့ကြောင်း ပုသိမ်မြို့ခံတို့၏ ပြောပြချက်အရ သိရှိရသည်။
 
 “ ကျွန်တော်တို့ဆီမှာက ဆန်ဝေတာကို အိမ်နံပါတ်ရှိတဲ့သူတွေပဲ တစ်အိမ် တပြည်နှုန်းရတယ် ။ ရပ်ကွက် အတွင်း တကယ့်ဆင်းရဲသားဒုက္ခရောက်နေတဲ့ အိမ်ငှားတွေနဲ့ အခြားမြေကွက်တွေမှာနေတဲ့ သူတွေက မရဘူး၊  ဒါတွေအားလုံးကို ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက သူတို့မလှူရတဲ့ ပစ္စည်းတွေကို ခွဲတမ်းချပေးနေလို့ ဖြစ်ပွား နေတာပါ’’  ဟု (၁)ရပ်ကွက်တွင် နေထိုင်သူတစ်ဦးကပြောပြသည်။
 

မျိုးမင်းထွန်း-ဧရာဝတီတိုင်း(မြစ်မခ)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template